အစုလိုက်အပြုံလိုက် ဝင်ရောက်လာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် စိုင်ယွတ်ခရိုင်တွင် ထပ်မံဖမ်းဆီးမိ

အစုလိုက်အပြုံလိုက် ဝင်ရောက်လာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော် စိုင်ယွတ်ခရိုင်တွင် ထပ်မံဖမ်းဆီးမိ

နယ်စပ်မှတဆင့် အစုလိုက်အပြုံလိုက် ဝင်ရောက်လာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၁၀၀ ကျော်အား ထိုင်းနိုင်ငံ ကန်ချနပူရီပြည်နယ် စိုင်ယွတ် Sai Yok ခရိုင်၌ ယနေ့ နံနက် ၁၁ နာရီတွင် ထိုင်းလုံခြုံရေးတို့ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ လူပွဲစားနှင့်အတူ နာနတ်ခြံတစ်ခုအတွင်း မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ၁၀၁ ဦးတို့ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးဥပဒေ (B.E. 2522) နှင့် ကန်ချနပူရီကူးစက်ရောဂါကော်မတီ၏အမိန့် ဖောက်ဖျက်မှုတို့ဖြင့် စိုင်းထောင်ရဲစခန်း၌ အမှုဖွင့် အရေးယူထားကြောင်း ကန်ချနပူရီ-ထိုင်းသတင်းက ဖော်ပြသည်။

သို့ရာတွင် အဆိုပါ တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ တစ်ဦးချင်းစီတွင် ခန္ဓာကိုယ် အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ထက် ပိုမိုမြင့်မားသည်ကိုမတွေ့ရှိခဲ့ရပေ။

ဖမ်းမိသူများကို စစ်ဆေးမေးမြန်းချက်အရ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ် မော်လမြိုင်၊ ရေးတို့မှ လာရောက်သူများဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ သဘာဝတောလမ်းများအတိုင်း ဝင်ရောက်လာကာ ထိုင်းနိုင်ငံ စမုဆာခွန်၊ ပထုံဌာနီ၊ မုပရာကန်နှင့် မဟာချိုင်သို့ အလုပ်လုပ်ရန်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်တို့အား ထွက်ဆိုပြောကြားခဲ့သည်။

၄င်တို့အား သတ်မှတ်သည့်ခရီးဆုံးသို့ရောက်ရှိပါက လူတစ်ဦးလျင် ဘတ်ငွေ ၂ သောင်းခွဲ တစ်ဦးလျှင် ပွဲစားထံ အကြေပေးချေရမည်ဟု ဆိုသည်။

အလားတူ နိုဝင်ဘာ ၉ ရက်နေ့တွင်လည်း ဘုရားသုံးဆူမှထွက်ခွာလာသော တရားမဝင်မြန်မာရွှေ့ပြောင်းလုပ်သား ၂၁၈ ဦးကို စံခလပူရီခရိုင်နယ်စပ် ဖားချောင်းရွာအနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းစစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ထိုင်းနိုင်ငံထဲသို့ တရားမဝင်နည်းဖြင့်ဝင်ရောက်လာခဲ့သည့် လူပေါင်း တစ်သာင်းတစ်ထောင်ခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

လတ်တလော ထိုင်းနိုင်ငံတွင် တရားဝင်ရွှေ့ပြောင်းလုပ်သား လေးသိန်းနှစ်သောင်းခန့် အရေးတကြီး လိုအပ်နေပြီး အဆိုပါအလုပ်သမားများအတွက် ကာကွယ်ဆေးထိုးဖို့ ပြင်ဆင်ထားကြောင်း သိရသည်။

Most read this week

August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...
August 10, 2026
မွန်ပြည်၊ ရေးမြို့နယ်အခြေစိုက် တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့၏ ဖေ့ဘွတ်လူမှုကွန်ရက်...
August 7, 2026
မွန်နှင့် ကရင်ပြည် ထိစပ်နေသည့် ကျေးရွာအချို့တွင် ဒေသတွင်းလက်နက်ကိုင်အဖွဲ့များ၏ မူးယစ်ဆေးဝါး...