မွန်အမျိုးသားကျောင်းများ Home learning နေအိမ်တွင်စာသင်ကြားမည့် စနစ်စီစဉ်

မွန်အမျိုးသားကျောင်းများ Home learning နေအိမ်တွင်စာသင်ကြားမည့် စနစ်စီစဉ်

မွန်အမျိုးသားစာသင်ကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသူ၊ ကျောင်းသားများအတွက် Home learning နေအိမ်အတွင်း စာသင်ကြားသည့်စနစ်ကိုပါ လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း မွန်အမျိုးသားပညာရေးကော်မတီ ဒုတိယ တာဝန်ခံ မိခက်နွန်က ပြောသည်။

ကိုဗစ်ရောဂါ ကူးစက်မှု မလျော့သေးသည့် မြို့နယ်၊ ကျေးရွာများတွင် နေထိုင်သော ကျောင်းသား၊ ကျောင်းသူများအတွက် နေအိမ်တွင် စာသင်ကြားခြင်း စနစ်ကို လုပ်ဆောင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

"ကျောင်းတွေကို ပုံမှန်အတိုင်း ပြန်ဖွင့်ဖို့ လုပ်ထားတယ်။ ပုံမှန်အတိုင်း မဖွင့်နိုင်ရင်လည်း Home learning ကိုလည်း စီစဉ်ထားတယ်။ အဲဒါကို လုပ်ဖို့လည်း ရှိတယ်။ အဲ နှစ်ခုပေါ့။ တစ်ခုက ကျောင်းပုံမှန်တက်လို့ရရင် ပုံမှန်ပြန်တက်မယ်။ မရရင် Home learning အနေနဲ့ ကျွန်မတို့က သွားမယ်။ ဒီနှစ်မှာပေါ့"ဟု မိခက်နွန်က ပြောသည်။

ကို‌ဗစ်ကူးစက်မှုလျော့ကျလာသော မြို့နယ်များတွင် နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ကာ ကျောင်းများ ပုံမှန်အတိုင်း ဖွင့်ထားပြီ ဖြစ်ကြောင်း၊ နေအိမ်တွင် သင်ကြားမည့် ကျောင်းသူ၊ ကျောင်းသားများ၏ စာသင်ချိန်ကို တစ်ရက် ငါးနာရီ သတ်မှတ်ထားကြောင်း၊ နေအိမ်တစ်အိမ်တွင် ကျောင်းသူ ၊ကျောင်းသား ၃ ဦးထိ စုဝေးကာ စာအတူတူသင်ကြားနိုင်မည် ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

သို့ရာတွင် ကိုဗစ် ရောဂါ ဖြစ်ပွားမှုနှုန်း မကျဆင်းသေးသည့်အတွက် ခလေးကိုစာသင်ကျောင်း ပို့ရမည်ကို စိုးရိမ်နေကြောင်း ကျိုက်မရောမြို့နယ်မှ ကျောင်းသားမိဘ တစ်ဦးက ပြောသည်။

"ကိုဗစ်တွေကလည်း ပြန်တွေ့နေတာ ပြန်ဖြစ်နေတာတွေ ရှိလာတော့ ကျောင်းပေးတက်ဖို့ တော်တော်စဉ်းစားရတယ်။ ဒီကြားထဲ နိုင်ငံရေးကပါ မတည်ငြိမ်နေတော့ ကျောင်းလွှတ်ဖို့ မရဲဘူး။ ကျောင်းကလည်း မဖွင့်သေးဘူး အိမ်မှာသင်ခွင့်ပေးမယ်ဆိုရင် တကယ်ကောင်းပါတယ်။ ကိုယ့်မျက်စိရှေ့မှာပဲဆိုတော့လေ"ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်အတွင်းရှိ မွန်အမျိုးသားကျောင်းများတွင် တက်ရောက်နေသော ကျောင်းသူ၊ ကျောင်းသားများ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေနှင့် မွန်၊ ကရင်၊ တနင်္သာတိုင်းရှိ မွန်ကျေးရွာတို့တွင် မွန်အမျိုးသားကျောင်းများ ဖွင့်လှစ်ထားရှိပြီး Post-10 အထက်တန်းလွန် ၁ ကျောင်း၊ အထက်တန်း ၃ ကျောင်း၊ အလယ်တန်း ၁၈ ကျောင်းနှင့် မူလတန်းကျောင်းအပါအဝင် စုစုပေါင်း သီးသန့်စာသင်ကျောင်း ၁၃၄ ကျောင်း ရှိသည်။

May 14, 2026
မွန်ပြည်နယ်တွင်၊ မေလ ၁၂ ရက်နေ့၌ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက ၃ သိန်းကျပ်နှုန်းဖြင့်...
May 13, 2026
တနင်္သာရီမြို့နယ် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်စခန်းရှိရာ မောတောင်မြို့ကို ပြန်ရရေး...
May 12, 2026
စစ်ကော်မရှင်မှ ယခုမေလအတွင်း ပြုလုပ်မည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးသစ်...
တပင်ရွှေထီးကိုကျိုက်ပြည်သူ့ကာကွယ်ရေးတပ်
May 11, 2026
စစ်ကြောင်းထိုးလာသည့် စစ်ကော်မရှင်စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ မေလ ၈ ရက်နေ့တွင်...