ရခိုင်တွင် ဆယ်လအတွင်း ကြိုးဆွဲချမှုနှင့် အဆိပ်သောက်သေဆုံးမှု ၅၇ မှုရှိ

ရခိုင်တွင် ဆယ်လအတွင်း ကြိုးဆွဲချမှုနှင့် အဆိပ်သောက်သေဆုံးမှု ၅၇ မှုရှိ

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ၁၀ လတာအတွင်း ကြိုးဆွဲချသေဆုံးမှုနှင့် အဆိပ်သောက်သေဆုံးမှု စုစုပေါင်း ၅၇ မှုရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းသို့သေဆုံးမှုများတွင် ကြိုးဆွဲချသေဆုံးမှု (၄၉)မှုနှင့် အဆိပ်သောက်သေဆုံးမှု (၈)မှုဖြစ်ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး(မှုခင်းမှတ်တမ်း) မျိုးဝင်းက DMG သို့ ပြောသည်။

“ကြိုးဆွဲချသေဆုံးသူတွေက သူရဲ့စိတ်ကျန်းမာရေးအခြေနေကြောင့် သေဆုံးတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တစ်ချက်က သူရဲ့စီးပွားရေးအခြေနေကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ရောဂါဝေဒနာတွေကို မခံစားနိုင်တဲ့အတွက် ကိုယ့်ဟာကိုယ့် အဆုံးစီရင်သူတွေလည်းရှိတယ်”ဟု ၎င်းကဆိုသည်။

ကြိုးဆွဲချသေဆုံးသူများထဲတွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသူ၊ အရက်သေစာအလွန်အကျွံသောက်စားသူနှင့် စိတ်ကစဥ့်ကလျားဖြစ်နေသူများ ပါဝင်ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

“မူးယစ်ဆေးဝါးနဲ့ အရက်သေစာသောက်စားပြီးတော့ မိမိကိုယ်ကိုယ်အဆုံးစီရင်တာ၊ စိတ်ကစဉ်ကလျားဖြစ်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်တာတွေက ၂၅ ရာခိုင်နူန်းလောက်ရှိတယ်။ စားဝတ်နေရေးအဆင်မပြေလို့ အဆုံးစီရင်တဲ့အမှုကျ အတိအကျပြောလို့မရဘူး”ဟု ရဲမှူးမျိုးဝင်းကပြောသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ ကြိုးဆွဲချသေဆုံးသူစုစုပေါင်း ၇၂ ဦးရှိခဲ့ပြီး အဆိပ်သောက်သေဆုံးသူ ၃ ဦးရှိခဲ့သည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...