PDF နှင့်ဆက်စပ်ဖမ်းဆီးခံထားရသည့် သံတွဲမှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွဲကို မြို့နယ်တရားရုံးသို့တင်သွင်း

PDF နှင့်ဆက်စပ်ဖမ်းဆီးခံထားရသည့် သံတွဲမှ ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့အမှုတွဲကို မြို့နယ်တရားရုံးသို့တင်သွင်း

PDF အဖွဲ့နှင့်ဆက်စပ်သည်ဟု သံသယဖြင့်ဖမ်းဆီးခံထားရသည့် ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့၏အမှုတွဲကို သံတွဲမြို့နယ်တရားရုံးသို့ နိုဝင်ဘာ ၈ ရက်နေ့က တင်သွင်းလိုက်ကြောင်းသိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် မှုခင်းစီမံခန့်ခွဲမှုအစည်းအဝေးပြုလုပ်ရန် ချိန်းဆိုထားကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သင်္ဂီမောင်က ပြောသည်။

ကိုစိန်ချစ်နှင့် ကိုရဲနိုင်ဦးတို့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၂(က)ဖြင့် ငပလီ ခလရ (၅၅)တပ်ရင်းမှ ဗိုလ်ကြီးနေဇော်ထက်က တရားလိုပြုလုပ်ကာ အမှုတွဲတင်ထားခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ကိုရဲနိုင်ဦး၏ညီဖြစ်သူ ကိုရဲနိုင်ထွေးက"ကျနော်တို့လို လက်လုပ်လက်စားတွေက ကယ်ရီအငှားဆွဲတယ်။ ဒါကြောင့် အခုလိုဖမ်းဆီးတာမဖြစ်သင့်ဘူး"ဟု ပြောသည်။

မအူပင်တွင်ဖမ်းမိသော PDF အဖွဲ့ဝင်တစ်ဦးအား စစ်ဆေးထွက်ဆိုချက်အရဟုဆိုကာ အောက်တိုဘာ ၉ ရက်နေ့တွင် ကိုစိန်ချစ်ကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ပြီး ကိုရဲနိုင်ဦးကိုမူ ကိုစိန်ချစ်နှင့်အတူ လုပ်ဆောင်နေသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုစိန်ချစ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ကိုရဲနိုင်ဦးမှာ သုံးဘီးဆိုင်ကယ်မောင်းနှင်ကာ ကိုဗစ်ကာလအတွင်း ကိုစိန်ချစ်နှင့်အတူ ကိုဗစ်တားဆီးကာကွယ်ရေး ပရဟိတလုပ်ငန်းများ ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

အလားတူ နိုဝင်ဘာ ၃ ရက်နေ့ကလည်း သံတွဲမြို့နယ်အတွင်းမှ ဆယ်တန်းကျောင်းသူ မသိမ့်အေးချမ်းအပါအဝင် မငြိမ်းအိဖြူကျော်၊ မတင်စန္ဒာဝင်းတို့ကိုလည်း PDF အဖွဲ့နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့သည်။

ရခိုင်ပြည်နယ်အတွင်း PDF နှင့်ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသူမှာ ၆ ဦးအထိရှိလာပြီး မြောက်ဦးမြို့နယ်မှ ၁ ဦးနှင့် သံတွဲ့မြို့နယ်မှ ၅ ဦးတို့ဖြစ်သည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...