AA မှ ဖမ်းဆီးထားသည့် ALP အရန်ဗဟိုကော်မတီဝင်ကို အမြန်ပြန်လွှတ်ပေးရန် တောင်းဆို

AA မှ ဖမ်းဆီးထားသည့် ALP အရန်ဗဟိုကော်မတီဝင်ကို အမြန်ပြန်လွှတ်ပေးရန် တောင်းဆို

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ အရန်ဗဟိုကော်မတီဝင် ခိုင်အောင်သိန်းကို ရက္ခိုင့်တပ်တော်(ULA/AA)မှ ဖမ်းဆီးထားသည်မှာ ကြာမြင့်နေပြီဖြစ်သဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် ALP က တောင်းဆိုလိုက်သည်။

ဖမ်းဆီးခံထားရသည့် ALP အရန်ကော်မတီဝင် ခိုင်အောင်သိန်းဌေးမှာ မြန်မာပြည် ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ်၏ မြေယာနှင့်သဘာဝသယံဇာကဏ္ဍ တာဝန်ခံ ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံရေးဆွဲရေးကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။

၎င်းကို ၂၀၂၁ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ ဝါးကျိန်ပြင်စည်ပင်သာယာဘုရားကြီး၌ စာပေယဉ်ကျေးမှုပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် Workshop တစ်ခုလုပ်ဆောင်နေစဉ် AA တပ်ဖွဲ့ဝင်များမှဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ALP ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ပြောသည်။

“ခိုင်အောင်သိန်းဌေးအနေနဲ့ ရက္ခိုင့်တပ်တော်အပေါ်မှာ ကျူးလွန်းတာတွေရှိရင် အထောက်အထားနဲ့ချပြပါ။ ကျွန်တော်တို့ပါတီကအရေးယူပေးမယ်။ ဒါပေမဲ့ AA ကို ကျွန်တော်တို့ ဆက်သွယ်ပေမယ့် ဒီနေ့အထိ အကြောင်းပြန်လာတာမရှိဘူး။ အထောက်အထား ခိုင်လုံမှုမရှိရင်လည်း ပြန်လွှတ်ပေးသင့်ပြီလို့ ပြောချင်တယ်”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ပြောသည်။

ခိုင်အောင်သိန်းဌေး ဖမ်းဆီးခံနေရသည်မှာ လက်ရှိတွင် အချိန် ၈ လနီးပါးကြာမြင့်နေပြီဖြစ်ကြောင်းနှင့် မည်သည့်ကိစ္စကြောင့်ဖမ်းဆီးခံရသည်ကို ယနေ့အချိန်ထိမသိရသေးကြောင်း ၄င်းကဆိုသည်။

ULA/AA အနေဖြင့် ALP ခေါင်းဆောင်များ၊ အဖွဲ့ဝင်များကိုဖမ်းဆီးခြင်းသည် အမျိုးသားရင်ကြားစေ့ရေးကို များစွာအဟန့်အတားဖြစ်စေပြီး တော်လှန်ရေးပါတီအချင်းချင်း စိတ်အနာတရဖြစ်စေခြင်းတို့ကို မပြုလုပ်သင့်ကြောင်း ALP ပါတီက ဆိုသည်။

“ခိုင်အောင်သိန်းဌေးက အရန်ဗဟိုကော်မတီဝင်တစ်ယောက်ဖြစ်တယ်။ ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးမှာပါတယ်လေ။ ကျွန်တော်တို့က သူ့အတွက်စိုးရိမ်တယ်။ အမျိုးသားတော်လှန်ရေးမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဝေဖန်ထောက်ပြမှုတို့ရှိကြမယ်လေ။ ဒါပေမဲ့ အဲဒီအကြောင်းအရာတစ်ခုနဲ့ ဖမ်းဆီးထားတယ်ဆိုတာတော့ မသင့်တော်ဘူး။ ကြီးမားတဲ့ပြစ်မှုမဟုတ်ဘူးဆိုရင် ပြန်လွှတ်ပေးစေချင်တယ်။ ခိုင်အောင်သိန်းဌေးရဲ့ မိသားစုတွေကလည်း စိတ်ပူနေကြတယ်”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ပြောသည်။

အဆိုပါ ALP ပါတီ၏ အရန်ကော်မတီဝင်တစ်ဦး ဖမ်းဆီးခံထားရသည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် (AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကို DMG မှ ဆက်သွယ်၍ မရခဲ့ပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP/ALA)မှာ ၂၀၁၅ ခုနှစ်က အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။

ယင်းအပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့်ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)တွင်လည်း အဖွဲ့ဝင်အဖြစ်ပါဝင်၍ မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်လုပ်ဆောင်လျက်ရှိသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...