ရခိုင်ပြည်မှ တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသူ၊ကျောင်းသား သုံးထောင်ကျော် ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်းပေးထား

ရခိုင်ပြည်မှ တက္ကသိုလ်နှင့်ကောလိပ် ကျောင်းသူ၊ကျောင်းသား သုံးထောင်ကျော် ကိုဗစ်ကာကွယ်ဆေးထိုးရန် စာရင်းပေးထား

စစ်ကောင်စီမှ တက္ကသိုလ်နှင့်ကောလိပ်များ မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်ကို ဆောင်ရွက်လျက်ရှိရာ လက်ရှိရခိုင်ပြည်နယ်တွင် ကျောင်းသူ၊ ကျောင်းသားသုံးထောင်ကျော်မှာ ကာကွယ်ဆေးထိုးရန် စာရင်းပေးထားသည်။

“ကိုဗစ်ကာကွယ်ဆေးထိုးမယ့်စာရင်းကိုတော့ ကောက်ပြီးပြီ။ အထက်ကိုလည်းတင်ပြထားတယ်။ ဆေးထိုးမယ့်ရက်ကတော့ ဒီလကုန်ပိုင်းမှာဖြစ်မယ်ထင်တယ်”ဟု စစ်တွေတက္ကသိုလ်ကျောင်းမှ သင်တန်းရေးရာဌာနမှူး ဦးကျော်နိုင်ဦးက DMG ကိုပြောသည်။

ရခိုင်ပြည်နယ်မှာ တက္ကသိုလ်နှစ်ခုနှင့် ကောလိပ်သုံးခုရှိပြီး ယင်းကျောင်းမှ ကျောင်းသူ၊ကျောင်းသားများစာရင်းကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန် ကျောင်းမှတာဝန်ရှိသူများက စာရင်းကောက် ယူလျက်ရှိကြောင်း သိရသည်။

“လက်ရှိမှာတော့ စာရင်းကောက်ယူနေတယ်။ ဆေးကလည်း ရခိုင်ပြည်နယ်ကို လစဉ်လတိုင်းရောက်တယ်။ တက္ကသိုလ်နဲ့ ကောလိပ် ကျောင်းသူ၊ကျောင်းသားတွေကို အခမဲ့ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့စီစဉ်နေတယ်”ဟု ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက်ရှိသူ ၁၉ သိန်းခန့်ရှိသည့်အထဲမှ လူဦးရေငါးသိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...