ရခိုင်က ဆန္ဒမဲတစ်ကြိမ်ထက်ပိုပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်ထား

ရခိုင်က ဆန္ဒမဲတစ်ကြိမ်ထက်ပိုပေးခဲ့သူ ခြောက်ဦးကို အမှုဖွင့်ထား

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့က ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းက ဆန္ဒမဲတစ်ကြိမ်ထက်ပို၍ပေးခဲ့သူ ၆ ဦးကို အမှုဖွင့်အရေးယူထားကြောင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

ထိုသို့အရေးယူခံရသူများမှာ မာန်အောင်မြို့မှ နှစ်ဦး၊ ရမ်းဗြဲမြို့မှ သုံးဦး၊ အမ်းမြို့မှတစ်ဦးတို့ဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ-၁၇၁(ဃ) (စ)တို့ဖြင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်းများ၌ အမှုဖွင့်အရေးယူထားသည်။

“ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာနဲ့ဆိုရင် ဆန္ဒမဲတစ်ကြိမ်ထက်ပိုပေးခဲ့သူ ခြောက်ယောက်ပဲရှိတယ်။ တရားရုံးကို အမှုစွဲတင်နိုင်ဖို့ လတ်တလောဆောင်ရွက်နေတယ်”ဟု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။

၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ဆန္ဒမဲပေးခွင့်ရှိသူ ၁၆၄၀၀၀၀ ကျော်ရှိသည့်အနက် ရွေးကောက်ပွဲမကျင်းပနိုင်သည့် မြို့နယ် ၉ ခုရှိသောကြောင့် မဲပေးသူ ၄ သိန်းကျော်သာ ရှိခဲ့သည်။

တစ်ကြိမ်ထက်ပိုပြီးဆန္ဒမဲပေးခြင်းသည် ရာဇသတ်ကြီးပုဒ်မ ၁၇၁-(ဃ)နှင့်(စ)အရ တစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

ရွေးကောက်ပွဲကာလတွင် တစ်ကြိမ်ထက်ပိုပြီး မဲပေးသည့်ဖြစ်စဉ်များမှာ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီးတွင်တာဝန်ရှိသလို အစိုးရတွင်လည်းတာဝန်ရှိကြောင်း ရခိုင်ပြည်နယ်ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့မှ ဦးဆောင်ကော်မတီဝင် ဦးခိုင်ကောင်းစံက ဆိုသည်။

နိုင်ငံသားစိစစ်ရေးကတ်တစ်ခုတည်းဖြင့် မဲစာရင်းတွင် နှစ်ကြိမ်၊ သုံးကြိမ်နှင့်အထက် ဆန္ဒမဲပေးခဲ့သူကို သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ- ၅၉ နှင့်အညီ အမှုဖွင့်အရေးယူနိုင်ရေးအတွက် စစ်ကောင်စီမှခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ တိုင်းဒေသကြီး/ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများကို ၂၀၂၁ ခုနှစ် မေလ ၅ ရက်နေ့တွင် ညွှန်ကြားခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်မှ မဲဆန္ဒရှင်စာရင်းများကို စိစစ်ခြင်းသည် သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ- ၅၃ အရ စိစစ်ခြင်းဖြစ်ပြီး စိစစ်တွေ့ရှိချက်များအရ တစ်ကြိမ်ထက်ပို၍ ဆန္ဒမဲပေးပါက ရွေးကောက်ပွဲပျက်ပြားစေရန်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် နောင်တွင်ယင်းသို့ပြစ်မှုမျိုး ထပ်မံကျူးလွန်မှုမရှိစေရေးအတွက် အရေးယူဆောင်ရွက်ရခြင်းဖြစ်ကြောင်းလည်း UEC ၏ ညွှန်ကြားစာတွင်ပါရှိသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...