ရခိုင်ထွင် အကျဉ်းသားနှင့်အချုပ်သား ၆၀၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး

ရခိုင်ထွင် အကျဉ်းသားနှင့်အချုပ်သား ၆၀၀ ကျော် ကိုဗစ်ကာကွယ်ဆေးထိုးပြီး

ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင်များ၌ အကျဉ်းကျနေသူများနှင့် အချုပ်သား ၆၀၀ ကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။

“အကျဉ်းသား၊ အချုပ်သား ၆၈၆ ယောက်ကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးပြီးပါပြီ။ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးပါ” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

လက်ရှိကာကွယ်ဆေးထိုးနှံပြီးသူများမှာ စစ်တွေအကျဉ်းထောင်မှ ၁၄၉ ဦး၊ မြောက်ဦးအချုပ်ထောင်မှ ၇၂ ဦး၊ ကျောက်ဖြူအကျဉ်းထောင်မှ ၂၅၅ ဦး၊ သံတွဲနှင့် တောင်ကုတ်အကျဉ်းထောင်များမှ အကျဉ်းသားအချို့ပါဝင်ကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ရဲစခန်းမှာရှိတဲ့ အချုပ်သားတွေ ကိုဗစ်ကာကွယ်ဆေးထိုးမယ်လို့ ဆက်သွယ်အကြောင်းကြားလာရင် ဆေးသွားထိုးပေးမှာပါ”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

သို့သော် အကျဉ်းသားနှင့် အချုပ်သားအချို့ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသေးကြောင်းလည်း သိရသည်။

ရခိုင်တွင် အသက် ၁၈ နှစ်နှင့်အထက် ၁၉ သိန်းခန့်ရှိသည့်အထဲမှ လူဦးရေငါးသိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးပြီး ဖြစ်သည်။

ပြည်နယ်အတွင်း ကိုဗစ်ကူးစက်မှု ငါးရာခိုင်နှုန်းအောက်ကျဆင်းလာသောကြောင့် ဂွမြို့နယ်မှအပ ကျန်မြို့နယ်များတွင် အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့သည်။

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၄၅၇၅ ဦးရှိခဲ့ပြီး ၄၉၃ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီ၏ နိုဝင်ဘာ ၄ ရက်နေ့အထိစာရင်းအရ သိရသည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...