သံတွဲမြို့ ဘကကျောင်းသားတစ်ထောင်ကျော်အနက် အများစုမှာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေး

သံတွဲမြို့ ဘကကျောင်းသားတစ်ထောင်ကျော်အနက် အများစုမှာ ကိုဗစ်ကာကွယ်ဆေးမထိုးရသေး
ပုလဲရတနာဘကကျောင်းတွင် ကျောင်းတက်ရန်ရောက်ရှိလာသည့် ကျောင်းသားများကိုတွေ့ရစဉ်
ပုလဲရတနာဘကကျောင်းတွင် ကျောင်းတက်ရန်ရောက်ရှိလာသည့် ကျောင်းသားများကိုတွေ့ရစဉ်

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ ပုလဲရတနာဘုန်းတော်ကြီးပညာသင်ကျောင်း (ဘက) မှ ကျောင်းသားတစ်ထောင်ကျော်ရှိသည့်အနက် ကိုဗစ်ကာကွယ်ဆေးမထိုးနှံရသေးကြောင်း ကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

 

မူလတန်းမှ အထက်တန်းအထိ ကျောင်းသူကျောင်းသားတစ်ထောင်ကျော်ရှိသည့် အဆိုပါဘကကျောင်းတွင် လက်ရှိကျောင်းသား ၂၀၀ ခန့်သာ ကာကွယ်ဆေးထိုးရသေးသဖြင့် ကျန်ကျောင်းသားများကို ကာကွယ်ဆေးအမြန်ထိုးနှံပေးနိုင်ရန် လိုလားနေကြသည်။

 

"ကျောင်းမှာ ကလေးတွေကတော့ ၁၀၀ ကျော်လောက်ရောက်နေကြပြီ။ စာသင်တာကလဲ ကိုဗစ်စည်းကမ်းနှင့်အညီ သင်ကြားပေးနေတယ်။ ဒါပေမဲ့ ကျောင်းသား ၁၀၀၀ ကျော်မှာ ဆေးထိုးနှံပြီးသား ၂၀၀ လောက်ဘဲရှိသေးတယ်"ဟု ပုလဲရတနာဘကကျောင်းမှ ကျောင်းအုပ်ဆရာ ဦးအေးဝင်းက ပြောသည်။

 

ရခိုင်ပြည်နယ်အတွင်းက ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် စစ်ကောင်စီကပြန်လည်ဖွင့်လှစ်ခွင့်ပြုခဲ့ကာ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသူကျောင်းသားများကို ကျန်းမာရေးဌာနက ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။

 

လက်ရှိကာကွယ်ဆေးမထိုးရသေးသည့် ပုလဲရတနာဘကကျောင်းမှ ကျောင်းသားများအတွက် ရပ်ကွက်ကျန်းမာရေးဌာနထံတင်ပြထားကြောင်း ပုလဲရတနာဘကကျောင်းမှ ကျောင်းထိုင်ဆရာတော်က မိန့်ကြားသည်။

 

"နယ်အဝေးက ကျောင်းသားတွေတော့မထိုးရသေးဘူး။ တချို့ ထိုးထားပြီးဖြစ်တယ်။ ဆေးထိုးပေးမဲ့ကိစ္စကိုလဲ ရပ်ကွက်ကျန်းမာရေးဌာနမှာ တင်ပြထားပြီးဖြစ်တယ်။ ထိုးပေးမယ်လို့တော့ ပြောထားတယ်"ဟု ဆရာတော်ကမိန့်သည်။

 

ရခိုင်ပြည်နယ်အတွင်းက ဆင်းရဲနွမ်းပါးသည့် ကျောင်းသူကျောင်းသားများအပြင် တိုင်းရင်းသားဒေသအချို့မှ ကျောင်းသူကျောင်းသားများလည်း ပုလဲရတနာဘကကျောင်းတွင် ပညာသင်ကြားလျက်ရှိကြသည်။

 

ကိုဗစ်တတိယလှိုင်းကူးစက်မှုကြောင့် မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာစာသင်ကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် ယာယီပိတ်ထားခဲ့ရသည်။ ယခုအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိမှုလျော့နည်းလာသောကြောင့် စာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

ရခိုင်ပြည်နယ်တွင် ကျောင်းသားကျောင်းသူဦးရေ ၅၀၁၉၀၅ ရှိသည့်အနက် နိုဝင်ဘာလ ၂ ရက်နေ့အထိ ကျောင်းပြန်တက်သည့် ကျောင်းသားကျောင်းသူ ၃၃၁၉၅၀ ဦးရှိကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

Most read this week

ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...
AA Info Desk (အမ်းမြို့နယ်၊ တလိုင်းတောင်ကျေးရွာ လေကြောင်းမှ ဗုံးကြဲခံရသည့် မြင်ကွင်း)
August 11, 2026
ရခိုင်ရိုးမပေါ်တွင် တစ်ခုတည်း ကျန်ရှိတော့သည့် နတ်ရေကန် ဗျူဟာကုန်းစခန်းအနီး တိုက်ပွဲများတွင်...