သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား

သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီး ၃ ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

 

ယင်းသို့ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦးမှာ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့ပေါ်မှ မတင်စန္ဒာဝင်း(၂၅)နှစ်နှင့် သံတွဲမြို့ပေါ်မှ မသိမ့်အေးချမ်း(၁၇)နှစ်တို့ဖြစ်ကြသည်။

 

၎င်းတို့ ၃ ဦးကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ကာ စစ်တပ်အရာရှိတစ်ဦးက တရားလိုပြုလုပ်ပြီး သံတွဲရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည) ဖြင့်ဒအမှုဖွင့်ထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

 

"သူတို့ကို ၅၀(ည)နဲ့အမှုဖွင့်ထားတယ်။ သူတို့က PDF အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီးသတင်းပေးလို့ အခုလိုဖမ်းဆီးပြီး အမှုဖွင့်ထားတာဖြစ်တယ်"ဟု ၎င်းရဲအရာရှိကပြောသည်။

 

ထိုသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မငြိမ်းအိဖြူကျော်၏ မိသားစုဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။

 

လက်ရှိဖမ်းဆီးခံထားရသည့် အမျိုးသမီး ၃ ဦးထဲမှ မသိမ့်အေးချမ်း(၁၇)နှစ်မှာ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူလည်း ဖြစ်သည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...