သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား

သံတွဲဒေသခံအမျိုးသမီး ၃ ဦးကို PDF နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးအမှုဖွင့်ထား

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ ဒေသခံအမျိုးသမီး ၃ ဦးကို PDF အဖွဲ့နှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် နိုဝင်ဘာလ ၃ ရက်နေ့ကဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

 

ယင်းသို့ဖမ်းဆီးခံရသည့် အမျိုးသမီး ၃ ဦးမှာ ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်မှ မငြိမ်းအိဖြူကျော်(၃၅)နှစ်၊ သံတွဲမြို့ပေါ်မှ မတင်စန္ဒာဝင်း(၂၅)နှစ်နှင့် သံတွဲမြို့ပေါ်မှ မသိမ့်အေးချမ်း(၁၇)နှစ်တို့ဖြစ်ကြသည်။

 

၎င်းတို့ ၃ ဦးကို နေအိမ်မှဝင်ရောက်ဖမ်းဆီးခဲ့ကာ စစ်တပ်အရာရှိတစ်ဦးက တရားလိုပြုလုပ်ပြီး သံတွဲရဲစခန်း၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည) ဖြင့်ဒအမှုဖွင့်ထားကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပြောသည်။

 

"သူတို့ကို ၅၀(ည)နဲ့အမှုဖွင့်ထားတယ်။ သူတို့က PDF အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီးသတင်းပေးလို့ အခုလိုဖမ်းဆီးပြီး အမှုဖွင့်ထားတာဖြစ်တယ်"ဟု ၎င်းရဲအရာရှိကပြောသည်။

 

ထိုသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး မငြိမ်းအိဖြူကျော်၏ မိသားစုဝင်တစ်ဦးကို ဆက်သွယ်မေးမြန်းရာတွင် ဖမ်းဆီးခံရသည်မှာ မှန်ကန်ကြောင်း ပြောသည်။

 

လက်ရှိဖမ်းဆီးခံထားရသည့် အမျိုးသမီး ၃ ဦးထဲမှ မသိမ့်အေးချမ်း(၁၇)နှစ်မှာ တက္ကသိုလ်ဝင်တန်းတက်ရောက်နေသူလည်း ဖြစ်သည်။

December 23, 2025
အာရက္ခတပ်တော် ထိန်းချုပ်ထားသော ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသများတွင် ယခု ရက်ပိုင်းအတွင်...
December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...