အခြေခံပညာစာသင်ကျောင်းများကို Social Distancing နှင့်အညီ ပြန်လည်ဖွင့်လှစ်

အခြေခံပညာစာသင်ကျောင်းများကို Social Distancing နှင့်အညီ ပြန်လည်ဖွင့်လှစ်

ကိုဗစ်တတိယလှိုင်းကြောင့် သုံးလကျော်ကြာယာယီပိတ်ခဲ့သော ရခိုင်ပြည်နယ်မှ အခြေခံပညာစာသင်ကျောင်းများကို နိုဝင်ဘာလ ၁ ရက်နေ့တွင် Social Distancing နှင့်အညီ ပြန်လည်ဖွင့်လှစ်ခဲ့သည်။

 

“စစ်တွေမြို့မှာရှိတဲ့ စာသင်ကျောင်းတွေအားလုံးကို ဒီနေ့မှာ ပြန်ဖွင့်တယ်။ ကိုဗစ်စည်းကမ်းနဲ့အညီ ကျောင်းဖွင့်ဖို့အတွက်လည်း ညွှန်ကြားထားတယ်။ စစ်တွေမြို့က ကျောင်းသူကျောင်းသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးတာလည်း ၇၀ နှုန်းကျော်ပြီးစီးပြီဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ်ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး၊ စစ်တွေမြို့နယ်တွဲဘက်(ယာယီ)ပညာရေးမှူး ဦးကျော်လှိုင်က ပြောသည်။

 

စစ်တွေမြို့နယ်အတွင်းရှိ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နဲ့အညီ ကျောင်းပြန်ဖွင့်လှစ်ရန် ညွှန်ကြားထားသည်။

 

ယင်းသို့ဖွင့်လှစ်ရာတွင် အချို့ကျောင်းများ၌ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ အခန်းနှင့်လူဦးရေအလိုက်ချိန်ဆကာ တစ်ခန်းလျှင် လူနှစ်ဆယ်ခန့်သာထားရှိသွားရန် ညွှန်ကြားထားကြောင်းကိုလည်း ဦးကျော်လှိုင်ကပြောသည်။

 

“ကျောင်းသူကျောင်းသားတွေ တစ်ယောက်နဲ့တစ်ယောက် ၄ ပေ ဒါမှမဟုတ် ၆ ပေအကွာ ထိုင်ရမယ်ဆိုတာတွေ၊ ကျောင်းထဲမဝင်ခင် လက်ဆေးဖို့နဲ့ လက်သန့်ဆေးရည်ထားပေးဖို့ ကိစ္စတွေပါ ညွှန်ကြားထားပါတယ်။ ကျောင်းသားဦးရေများတဲ့ စာသင်ကျောင်းတွေဆို အသုတ်ခွဲပြီး ကျောင်းတက်ဖို့အစီအစဉ်တွေရှိပါတယ်”ဟု ဦးကျော်လှိုင်က ရှင်းပြသည်။

 

ပညာသင်ကာလမှာ လေးလသာကျန်ရှိတော့သဖြင့် ယင်းကာလအတွင်း အတန်းလိုက်သင်ကြားရမည့် သင်ခန်းစာများကို အခြေခံပညာဦးစီးဌာနမှခွဲခြားပေးပြီး စာသင်ကျောင်းအသီးသီးသို့ မကြာမီ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသူကျောင်းသားများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးခဲ့သော်လည်း အချို့မိဘများက မိမိ၏သားသမီး ကာကွယ်ဆေးထိုးခံရမည့်အခြေအနေအပေါ် စိုးရိမ်ကြောင့်ကြမှုများရှိနေကြောင်း ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်ရီအေးက ပြောသည်။

 

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ကျောင်းပြန်တက်သူ ၁၀၀ ရာခိုင်နှုန်းအထိရှိကြောင်း ကျောင်းဆရာ၊ ဆရာမများထံမှ သိရသည်။

 

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်မှစတင်ကာ ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်နှင့် ရခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့မှ ကျောင်းသားကျောင်းသူအချို့မှာစစ်ဘေးရှောင်နေခဲ့ကြပြီး ပညာမသင်ကြားခဲ့ရပေ။

 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုများကြောင့် စာသင်ကျောင်းများကို တစ်နှစ်ပတ်လုံး ပိတ်ထားခဲ့ရသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...