ရခိုင်ပြည်နယ်မှာ ၉ လအတွင်း အမှုကြီး ၉၈ မှုဖြစ်

ရခိုင်ပြည်နယ်မှာ ၉ လအတွင်း အမှုကြီး ၉၈ မှုဖြစ်

ရခိုင်ပြည်နယ်မှာ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လအတွင်း အမှုကြီး ၉၈ မှုဖြစ်ပွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းမှတ်တမ်းများအရ သိရသည်။

အဆိုပါဖြစ်ပွားခဲ့သည့် အမှုကြီးများမှာ လူသတ်မှု ၇၅ မှု၊ ဓါးပြမှု ၁ မှု၊ မုဒိန်းမှု ၁၂ မှု၊ ဖောက်ထွင်းမှု ၁ မှု၊ တိရစ္ဆာန်ခိုးမှု ၃ မှု၊ လက်နက်ကိုင် ၁ မှုနှင့် မတရားအသင်း ၅ မှုတို့ဖြစ်သည်။

ယင်းဖြစ်ပွားခဲ့သည့် အမှုများထဲမှ တရားခံဖော်ထုတ်ဖမ်းဆီးပြီး တရားစွဲဆိုတင်ပို့နိုင်သည့်အမှု ၅၅ မှုရှိကာ မဖော်ထုတ်နိုင်သေးသည့်အမှု ၄၃ မှု ကျန်ရှိနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းဆီးတရားစွဲဆိုတင့်ပို့နိုင်သည့်အမှုများမှာ လူသတ်မှု ၃၉ မှု၊ ဓါးပြမှု ၁ မှု၊ မုဒိမ်းမှု ၁၀ မှု၊ ဖောက်ထွင်းမှု ၁ မှု၊ တိရစ္ဆာန်ခိုးမှု ၃ မှု၊ မတရားအသင်းအမှု ၁ မှုဖြစ်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ရဲမှူး (မှုခင်းမှတ်တမ်း) မျိုးဝင်းက DMG ကိုပြောသည်။

“အမှုကြီး ၁၀ မှုထဲမှာ လူသတ်မှုတွေကပိုများတယ်။ ဘာဖြစ်လို့ လူသတ်မှုပိုများလည်းဆိုတော့ အရက်သေစာသောက်စားမှုရယ်၊ နောက်ပြီးတော့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကြောင့် ဒေါသကိုမထိန်းနိုင်တဲ့အတွက် ပြစ်မှုကျူးလွန်ကြတာများတယ်။ လက်ကျန်အမှုတွေကိုလည်း ကျွန်တော်တို့ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းဖော်ထုတ်နေပါတယ်” ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားသည့် လူသတ်မှုအပါအဝင် အခြားမှုခင်းဖြစ်စဉ်များကိုလည်း လျော့နည်းကျဆင်းစေရန် ပြည်နယ်ရဲတပ်ဖွဲ့အနေဖြင့် ကြိုတင်ကာကွယ်မှုများ တိုးမြှင့်ဆောင်ရွက်လျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်က အမှုကြီးစုစုပေါင်း ၁၈၀ မှုဖြစ်ပွားခဲ့ပြီး တရားခံဖော်ထုတ်ဖမ်းဆီးကာ တရားစွဲဆိုတင်ပို့မှု ၁၄၆ မှု၊ အမှုပိတ်သိမ်းမှု ၁၀ မှုနှင့် စုံစမ်းစစ်ဆေးနေဆဲအမှု ၂၄ မှုရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...