လူနေရပ်ကွက်အတွင်း စက်သုံးလောင်စာဆီဆိုင် ဆောက်လုပ်မှုကို တားမြစ်ပေးရန် ဒေသခံများလိုလား

လူနေရပ်ကွက်အတွင်း စက်သုံးလောင်စာဆီဆိုင် ဆောက်လုပ်မှုကို တားမြစ်ပေးရန် ဒေသခံများလိုလား

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ လူနေရပ်ကွက်ဖြစ်သော ကိုင်ရှည်ရပ်ကွက်အတွင်း စက်သုံးဆီဆိုင်နှင့် ဆီသိုလှောင်ကန် တည်ဆောက်နေမှုကို ဒေသအာဏာပိုင်များအနေဖြင့် တားမြစ်ပေးရန်လိုအပ်နေကြောင်း ဒေသခံများကပြောဆိုသည်။

အဆိုပါဆီဆိုင်မှာ လူနေအိမ်များဖြင့် အလွန်နီးကပ်သဖြင့် ယင်းနေရာအတွင်း ဆီဆိုင်ဆောက်လုပ်ခြင်းအား ဒေသခံများအနေဖြင့် လိုလားမှုမရှိ၍ သက်ဆိုင်ရာဒေသအာဏာပိုင်များထံ ရပ်ကွက်နေပြည်သူများမှ လက်မှတ်ရေးထိုးတင်ပြတောင်းဆိုထားကြောင်း ကိုင်ရှည်ရပ်ကွက်တွင်နေထိုင်သည့် ဒေသခံ ဦးငြိမ်းဌေးကပြောဆိုသည်။

"ဒီနေရာက လူနေရပ်ကွက်ဖြစ်နေတယ်။ အဲဒီမှာ ဆီလှောင်ကန်နဲ့ ဆီဆိုင်လာဆောက်တယ်ဆိုတော့ ကျနော်တို့အတွက် မီးဘေးအန္တရာယ်ဖြစ်လာနိုင်တယ်။ အဲဒါကြောင့် အခုဆောက်လုပ်နေတဲ့ဆီဆိုင်ကို အလိုမရှိဆိုပြီး ကန့်ကွက်စာတင်ပြထားတယ်" ဟု ၎င်းကပြောသည်။

ယခု ဆောက်လုပ်နေသည့်ဆီဆိုင်မှာ ဦးထွန်းကြွယ်ဆိုသူ ပိုင်ဆိုင်သော ဆီဆိုင်ဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။

တောင်ကုတ်မြို့နယ်အတွင်း ၂၀၁၂ ခုနှစ်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး စျေးဆိုင်ခန်းအချို့နှင့် လူနေအိမ်အချို့ပါဝင်သွားမှုဖြစ်ပြီးနောက်ပိုင်း လူနေရပ်ကွက်နှင့် စည်ပင်ပိုင် ဧရိယာအတွင်း ဆီဆိုင်ဆောက်လုပ်ခြင်းများကို ဖယ်ရှားပေးရန် ဒေသအာဏာပိုင်နှင့် မြို့မိမြို့ဖများမှ အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် မြို့တွင်းဆောက်လုပ်ထားသော ဆီဆိုင်များအားပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

လက်ရှိ လူနေရပ်ကွက်အတွင်းဆောက်လုပ်နေသည့် ဆီဆိုင်အား အလိုမရှိကြောင်းကို ဒေသအာဏာပိုင်များထံ ရပ်ကွက်နေပြည်သူများမှ တင်ပြထားသော်လည်း တစ်စုံတစ်ရာ ထူးခြားမှုမရှိလာသေးကြောင်း ယင်းဆီဆိုင်အနီးရှိ သမာတိလမ်းအတွင်းနေထိုင်သူ ဦးရဲမင်းအောင်က ပြောသည်။

"တင်ပြထားပေမဲ့ သက်ဆိုင်ရာတွေက လာဖြေရှင်းပေးတာတော့ မရှိသေးဘူး။ ဒါကသက်ဆိုင်ရာအစိုးရကလဲ ထုတ်ပြန်သတ်မှတ်ပြီးသားဖြစ်နေတဲ့နေရာမှာ ဆောက်နေခြင်းဖြစ်တယ်။ အဲဒါကြောင့် လက်ရှိဆောက်လုပ်နေမှုကိုမပြီးစီးခင် ဖြေရှင်းပေးဖို့လိုအပ်တယ်" ဟု ၎င်းကပြောသည်။

ယခုကဲ့သို့ မြို့အတွင်း ဆီဆိုင်ဆောက်လုပ်နေခြင်းမှာ မြို့နယ်မီးဘေးကြိုတင်ကာကွယ်ရေးကော်မတီမှ ထုတ်ပြန်ထားသော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဥပဒေပုဒ်မ - ၁၇ ကို ချိုးဖောက်ရာရောက်ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိ ဆီဆိုင်တည်ဆောက်နေခြင်းအား ဒေသခံများအနေဖြင့် ကန့်ကွက်စာတင်ပြထားခြင်းအပေါ် မည်သို့ဖြေရှင်းဆောင်ရွက်နေသည်ကို တောင်ကုတ် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

(ဓာတ်ပုံ - တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်တွင် စက်သုံးဆီဆိုင်နှင့် ဆီသိုလှောင်ကန် တည်ဆောက်နေမှုမြင်ကွင်း)

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...