ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ပုံမှန်ထက်များပြား

ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ပုံမှန်ထက်များပြား

ရာသီအပြာင်းအလဲကြောင့် လက်ရှိအချိန်တွင် ရာသီတုပ်ကွေးကူးစက်မှုများရှိလာပြီး စစ်တွေမြို့မှဆေးခန်းများတွင် လာရောက်ပြသသည့်လူနာ ပိုမိုများပြားလာကြောင်း သိရသည်။

ရာသီတုပ်ကွေးမှာ ဆောင်းရာသီသို့ကူးပြောင်းချိန်တွင် အဖြစ်များပြီး ဗိုင်းရစ်ပေါင်း (၁၅၀၀) ထဲမှ ရိုးရိုးရာသီတုပ်ကွေးအမျိုးအစားတစ်ခုဖြစ်ကာ အားနည်းသည့်သူများတွင် ပိုမိုကူးစက်မြန်သည်ဟု စစ်တွေမြို့ ဝေဘူလဆေးခန်းမှ ဒေါက်တာမျိုးညွှန့်က DMG သို့ ပြောသည်။

“အခုဖြစ်နေတဲ့ရာသီတုပ်ကွေးက ဒီလောက်ဒုက္ခမပေးဘူး။ တုပ်ကွေးဖြစ်ပြီး ခန္ဓာကိုယ်အားပြတ်တဲ့အချိန်မှာ အခြားဘတ်တီရီးယား (နမိုးနီးယား) တွေဝင်လာပြီဆိုရင်တော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေရှိတယ်” ဟု ဒေါက်တာမျိုးညွှန့်က ရှင်းပြသည်။

အဆိုပါ ရာသီတုတ်ကွေးမှာ ကိုယ်ခံအားကောင်းသူများဆိုလျှင် သုံးရက်ခန့်အချိန်ယူကုသရပြီး ကိုယ်ခံအားကျဆင်းသူဆိုလျှင် ၁၀ ရက် ဆေးကုသမှုခံယူရန်လိုအပ်ကြောင်း ဆရာဝန်များထံမှ သိရသည်။

ဒေါက်တာမျိုးညွှန့်မှာ ဝေဘူလဆေးခန်းတွင် နေ့တစ်ဝက် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး ၎င်းတာဝန်ယူထားချိန်အတွင်း ရာသီတုပ်ကွေးကြောင့် ဆေးခန်းလာပြသူ ငါးဦးခန့်ရှိကြောင်း သိရသည်။

ရာသီတုပ်ကွေးဖြစ်ရခြင်းမှာ အိပ်ရေးပျက်ခြင်း၊ အရက်အလွန်အကျွံ သောက်စားခြင်း၊ ပင်ပန်းညောင်းညာခြင်း၊ အချိန်လွန်မှ ရေချိုးခြင်းတို့ကြောင့် အဖြစ်များတတ်ကြောင်း၊ ယင်းတုပ်ကွေးဖြစ်ပါက နှာစေးခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း၊ အိပ်စက်မရခြင်းနှင့် လည်ချောင်းနာခြင်း အစရှိသည့် ရောဂါလက္ခဏာများ ခံစားရသည်။

အလားတူ စစ်တွေမြို့က ဒေါက်တာဦးကျော်ခိုင်ကလည်း ဆေးခန်းတွင် နေ့စဉ်ရာသီတုပ်ကွေးလူနာ ၁၀ ဦးနှင့်အထက် လာရောက်ကုသမှုခံယူနေကြောင်း ပြောသည်။

“ရာသီတုပ်ကွေးက နှစ်တိုင်းမဖြစ်တတ်ဘူး။ တစ်နှစ်ခြားမှ တစ်ခါလောက်ဖြစ်တတ်တာ။ သုံးနှစ်မှ တစ်ခါလောက်ဖြစ်တာမျိုးလည်းရှိတယ်။ မနှစ်ကထက် ဒီနှစ်မှာ ရာသီတုပ်ကွေးဖြစ်သူ အရေအတွက်ပိုများလာတယ်” ဟု ဒေါက်တာဦးကျော်ခိုင်က ပြောသည်။

ရာသီတုပ်ကွေးမဖြစ်စေရန် အပြင်ထွက်လျှင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း၊ အိပ်ရေးဝအောင်အိပ်စက်ခြင်း၊ ကိုယ်ခံအားကောင်းရန် အစားအစာစားခြင်း၊ ရေခဲအများအပြား စားသုံးရန်မသင့်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်သင့်ကြောင်း ဆရာဝန်များကဆိုသည်။

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...