စစ်တွေမြို့နယ်မှ နန္ဒဝန်ဥယျာဉ်ကို ပြန်လည်ဖွင့်လှစ်ရန် စိစစ်နေ

စစ်တွေမြို့နယ်မှ နန္ဒဝန်ဥယျာဉ်ကို ပြန်လည်ဖွင့်လှစ်ရန် စိစစ်နေ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ လူအများသွားရောက်အပန်းဖြေနေသည့် နန္ဒဝန်ဥယျာဉ်အား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး စိစစ်မှုများပြုလုပ်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက DMG သို့ ပြောကြားသည်။

အဆိုပါဗကာ်မတီကို နန္ဒဝန်ဥယျာဉ်နှင့်ပတ်သက်၍ လေ့လာစီစစ်ရေးကော်မတီဟုအမည်ပေးထားပြီး ယင်းကော်မတီတွင် ပြည်နယ်အဆင့် သစ်တောဦးစီးဌာနမှတာဝန်ရှိသူများနှင့် အခြား ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ပါဝင်မည်ဖြစ်သည်။

“အရင်တုန်းကဆိုရင် ရုံးပိတ်ရက်တွေမှာ ဥယျာဉ်ဆီ ပျော်ပွဲစားလာတဲ့သူတွေရှိတယ်။ ကိုဗစ်ကာလအချိန်မှာ ဥယျာဉ်ကိုယာယီပိတ်လိုက်တာမို့ ပြန်ဖွင့်မယ်ဆို အဆောက်အုံအချို့ကိုပြင်ဆင်မှုအချို့တော့လုပ်ရမယ်။ ဒါကြောင့် ဥယျာဉ်ထိန်းသိမ်းရေးကော်မတီဖွဲ့လိုက်တာ။ သူတို့ဆီက သုံးသပ်ချက်ကိုစောင့်ကြည့်ပြီး ဥယျာဉ် ပြန််လည်ဖွင့်လှစ်မယ့်ကိစ္စကို လုပ်ဆောင်သွားမယ်” ဟု ဦးလှသိန်းကဆိုသည်။

လက်ရှိတွင် အဆိုုပါဥယျာဉ်အတွင်း သစ်ခိုးထုတ်မှုများရှိနေသဖြင့် ယခင်ကဲ့သို့ လူအများဖြင့်ပြန်လည်စည်ကားလာပါက သစ်ခိုးထုတ်ယူမှုများ လျော့နည်းကျဆင်းလာနိုင်ကြောင်း ဥယျာဉ်ထိန်းသိမ်းရေးကော်မတီအဖွဲ့က သုံးသပ်ထားသည်။

နန္ဒဝန်ဥယျာဉ်မှာ စစ်တွေမြို့၏ အပန်းဖြေနေရာတစ်ခုဖြစ်သော်လည်း လက်ရှိအချိန်တွင် ယာယီပိတ်ထားသဖြင့် စစ်တွေမြို့မှ ဒေသခံများမှာ စစ်တွေကမ်းနားကိုသာ အပန်းဖြေရန် သွားရောက်ကြသည်။

နန္ဒဝန်ဥယျာဉ်ကို ယခင်က အစဉ်အမြဲဖွင့်လှစ်ထားခဲ့သော်လည်း ကိုဗစ်ကာလတွင်ယာယီပိတ်ခဲ့ရသဖြင့် ပြည်နယ်အစိုးရအဖွဲ့မှ ဥယျာဉ် ပြန်လည်ဖွင့်ခွင့်ရချိန် မည်သို့စီမံဆောင်ရွက်သွားမည့် အစီအစဉ်ကို ရေးဆွဲထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“စီမံချက်တွေထဲမှာတော့ အဆောက်အဦးတွေကို အပန်းဖြေလာသူတွေ စိတ်ကြည်နူးအောင် ပြန်ပြင်မယ်။ မှိန်နေတဲ့ဆေးတွေကိုပြန်သုတ်မယ်ဆိုတာမျိုးတွေပေါ့ ထောင့်ပေါင်းစုံကနေ အကောင်းဆုံးဖြစ်အောင်လုပ်နိုင်ဖို့ Plan ဆွဲထားပါတယ်။ အဓိကရည်ရွယ်ချက်ချက်က ဥယျာဉ်ကို လူတွေများများလာအောင်လို့ပေ့ါ” ဟု သူကပြောသည်။

နန္ဒဝင်ဥယျာဉ်သည် စစ်တွေမြို့နယ် ကျားမသောက်ကျေးရွာအနီးမှာတည်ရှိပြီး ဧက ၁၀၀ ဒသမ ၉၇ ဧက အကျယ်အဝန်းရှိကာ အမျိုးအစားစုံလင်လှသော သစ်ပင်ကြီးများတည်ရှိသည့် ဥယျာဉ်ဖြစ်သည်။

 
 

 

 

Most read this week

DMG (မိုခါမုန်တိုင်းအပြီး ဆက်သွယ်ရေး ပြတ်တောက်သွားသဖြင့် တောင်ပေါ်တက်၍ ဖုန်းလိုင်း ရှာဖွေနေစဉ် - ပုံဟောင်း)
August 15, 2026
မြန်မာနိုင်ငံတစ်ဝန်းရှိ စစ်အုပ်စုတပ် ထိန်းချုပ်ရာဒေသများ၊ တော်လှန်ရေးအင်အားစု...
ဓါတ်ပုံ - ကျောက်တော်မြို့တွင်းတစ်နေရာ (ပုံဟောင်း)
August 14, 2026
ရခိုင်ပြည်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် မြို့နယ်အချို့တွင် ယခု နောက်ပိုင်း...
ဓာတ်ပုံ - ဩဂုတ်လ ၁၀ ရက်နေ့က သံတွဲမြို့နယ်၊ ကျောက်ကြီးရွာ ဗုံးကြဲခံရသည့် မြင်ကွင်း/Photo Credit - CJ
August 13, 2026
စစ်အုပ်စုတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်နှင့် ချင်းပြည်၊...
August 13, 2026
စစ်တပ်က ဆက်တိုက် လေကြောင်းဗုံးကြဲတိုက်ခိုက်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်တွင် ဒေသခံများ...