စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် KBC ပါဝင်လာ

စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမှုတွင် KBC ပါဝင်လာ

လက်ရှိ စစ်အာဏာသိမ်းကောင်စီကို နည်းအမျိုးမျိုးဖြင့် ဆန့်ကျင်ရာတွင် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC အသင်းသားများအနေဖြင့် ပါဝင်ကြဖို့ ထုတ်ပြန်ထားသည့်အတိုင်း ယနေ့ ပါဝင်လာသည်ကို တွေ့ရသည်။

သိက္ခာတော်ရ ဘာသာရေးဆရာများဦးဆောင်ပြီး နံနက် ၈ နာရီခွဲအချိန် KBC မြစ်ကြီးနားဇုံနယ် ရုံးမှ ထွက်ခွာလာပြီး မြို့မ စျေး (၁) မှတဆင့် ဘူတာရုံလမ်းကို ပြန်ခေါက်ကာ နဂိုစုရပ်သို့ ပြန်လာပြီး အဆုံးသတ်ထားသည်ကို တွေ့ရသည်။

ထို့အပြင် အစိုးရဝန်ထမ်းများရုံးမသွားရေး CDM လှုပ်ရှားမှုကိုလည်း ထောက်ခံရန်နှင့် လမ်းလျှောက်ဆန္ဒပြမှုကိုလည်း အသင်းတော်များဦးဆောင်ပြီး သင့်လျော်သလို ပါဝင်ရန် ဖေဖော်ဝါရီလ ၁၀ ရက်ညတွင် KBC က ထုတ်ပြန်ထားသည်။

နိုင်ငံတော်အတွက်ဆုတောင်းခြင်းအစီစဉ်ကိုလည်း တစ်ရက် ၃ ကြိမ် ပြုလုပ်ရန်ထည့်သွင်းရေးသားထားသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော လူထုဆန္ဒဖော်ထုတ်မှုမှာ မြစ်ကြီးနားမြို့တွင် ယနေ့ဆိုလျှင် စတုတ္တနေ့မြောက်ပြီဖြစ်သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...