ပြန်လည်ညှိနှိုင်းခြင်းဖြင့်အဖြေရှာရန် တိုင်းရင်းသားပါတီ ၅ ခု သဘောထားထုတ်ပြန်

ပြန်လည်ညှိနှိုင်းခြင်းဖြင့်အဖြေရှာရန် တိုင်းရင်းသားပါတီ ၅ ခု သဘောထားထုတ်ပြန်

မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းအား နိုင်ငံရေးနည်းလမ်းဖြင့်ညှိနှိုင်းဖြေရှင်းရန် တိုင်းရင်းသားပါတီ (၅)ပါတီမှ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ယနေ့ ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်ပြည်သူ့ပါတီ၊ ကယားပြည်နယ်ဒီမိုကရေစီတစ်ပါတီ၊ ကရင်အမျိုးသား ဒီမိုကရေစီတစ်ပါတီ၊ ချင်းအမျိုးသားဒီမိုရေစီအဖွဲ့ချုပ်၊ မွန်ညီညွှတ်ရေးပါတီတို့ပါဝင်ပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

“ကျနော်တို့ တိုင်းရင်းသားတွေဟာ အသွင်မတူ နေရာဒေသမတူတဲ့ သူတွေဖြစ်ပေမယ့် အကောင်းဆုံး ညှိနှိုင်းဆောင်ရွက်ပြီး သွားနေပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ညှိနှိုင်းဆောင်ရွက်ပြီးသွားသလို ပြည်ထောင်စုတစ်ခုလုံးနဲ့လဲ ညှိနှိုင်းဆောင်ရွက်ပြီးတော့ သွားချင်ပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးအရပဲ သွားချင်တယ်။ သွားဖို့လိုတယ် အဲလိုမှသာ အနာဂတ်အတွက် ကောင်းတဲ့ပုံစံဖော်နိုင်လိမ့်မယ်။” ဟု ကချင်ပြည်နယ်ပြည်သူ့ပါတီမှ ဒုဥက္ကဋ္ဌ-၂ ဦးအောင်ခမ်း ကပြောသည်။

ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်တပ်မှနိုင်ငံတော်အာဏာရယူပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ထိပ်ပိုင်းခေါင်းဆောင်များနှင့် လွှတ်တော်ကိုယ်စားလှယ်များအား တပ်မတော်က ထိန်းသိမ်းမူများပြုလုပ်ခဲ့သည်။

ထို့နောက် ဖေဖော်ဝါရီ(၂)ရက်နေ့တွင် ထိန်းသိမ်းထားသည့် လွှတ်တော်ကိုယ်စားလှယ်အချို့ နှင့် NLD အစိုးရအဖွဲ့ဝင် အချို့အားပြန်လွှတ်ခဲ့သည်။

ယင်းကဲ့သို့ အာဏာသိမ်းမူများ ဖြစ်ပေါ်နေခြင်းအပေါ် တိုင်းရင်းသားပါတီများမှ စိတ်မကောင်းဖြစ်ရသည့်အပြင် တပ်မတော်နှင့် အခြားသက်ဆိုင်သည့် အင်အားစုအားလုံး စိတ်ရှည်သည်းခံမူအပြည့်‌ဖြင့် ထိန်းသိမ်းဆောင်ရွက်ကြပါရန်မေတ္တာ ရပ်ခံထားသည့်အပြင် နိုင်ငံရေးအား နိုင်ငံရေးစေ့စပ်ညှိနိူင်း အဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမူနှလုံးသွင်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ထောင်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအား အလေးထားပြီး ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းထားသည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...