မူဆယ်ကျန်းမာရေးဝန်ထမ်းများ ဆေးရုံပိတ်ကာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု စတင်

မူဆယ်ကျန်းမာရေးဝန်ထမ်းများ ဆေးရုံပိတ်ကာ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှု စတင်

သျှမ်းပြည်မြောက်ပိုင်းမူဆယ်မြို့ ရှိ ဆေးရုံ ကျန်းမာရေးဝန်ထမ်းများသည် စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှု (Civil Disobedienc) အနေဖြင့် ကျန်းမာရေးတာဝန်ကို လာရောက်ထမ်း ဆောင်တော့မည် မဟုတ်တော့ကြောင်း ကြေညာချက်ထုတ်လိုက်သည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၆)ရက်မှ စတင်ကာ တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို အတင်းအဓမ္မ သိမ်းယူသည့်အပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း မူဆယ် ကျန်းမာရေး ဝန်ထမ်းများက ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လက်ရှိမှာတော့ မူဆယ်မြို့ ဆေးရုံ ကို ပိတ်ဆိုင်းလိုက်ပြီး ဆေးရုံ လူနာများကို အပြင် ဆေးခန်း တွင်သာ ကူကြည့်ပေးသွားမည် ဖြစ်ပြီး စမ်းသပ်ခကို တက်နိုင်သည့် ဆေးဝါးများကို အခမဲ့ ပေးသွားမည် ဖြစ်ကြောင်း လည်း ဆရာဝန်များက ပြောသည်။

“ ကျမတို့ကတော့ ဆေးရုံကို မသွားတော့ဘူး။ ဒါပေမယ့် ကျမတို့ အနေနဲ့အပြင်ဆေးခန်းတွေမှာ အခမဲ့ ကူကြည့်ပေးသွားမယ်။ အာဏာရှင် စနစ် လက်အောက်မှာ မလုပ်ချင်လို့ပါ” ဟု မူဆယ်မြို့ တွင် CDM ပါဝင်သည့် ဆရာဝန် က သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိ အချိန်ကာလသည် ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါဖြစ်သည့် ကာလ

ဖြစ်သည့်အတွက် အခြေခံလူတန်းစားနှင့် ရဟန်းပြည်သူများ၏ ဘဝကို နားလည်သဘောပေါက်ကြောင်း၊ သို့သော် စစ်အာဏာရှင် လက်အောက် တိုင်းပြည်ရောက်ရှိသွားပါက ကျန်းမာရေး စောင့်ရှောက်မှုစနစ် ယခုထက် ဆိုးရွားဖို့သာရှိကြောင်း လည်း မူဆယ်ဆရာဝန်များက ပြောသည်။

ရေရှည်အကျိုးကို မျှော်ကိုးပြီး ယခု လှုပ်ရှားမှုတွင် ပါဝင်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် လက်ရှိ စစ်အာဏာရှင် မှ ဖမ်းဆီးထားသည် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့် အပါအဝင် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အမြန်လွှတ်ပေးရန် မူဆယ်ဆရာဝန်များက တောင်းဆိုလိုက်သည်။

May 16, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ်...
May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...