ဖားကန့်မြေစာပုံပြိုကျမူထဲ သေဆုံးသူများအတွက် လျော်ကြေးငွေ ခွဲခြားပေးအပ်

ဖားကန့်မြေစာပုံပြိုကျမူထဲ သေဆုံးသူများအတွက် လျော်ကြေးငွေ ခွဲခြားပေးအပ်

ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာရှိ စိန်လုံလုပ်ကွက်တွင် မကြာသေးမီက မြေစာပုံပြိုကျမှုကြောင့် သေဆုံးခဲ့ရသူများအတွက် ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီဘက်က လျော်ကြေးငွေများ ပေးအပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

သို့ရာတွင် လူမျိုးအလိုက် ပမာဏမတူညီဘဲ ခွဲခြားသတ်မှတ်ထားကြောင်း နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

“ရခိုင်လူမျိုးဆို သိန်း ၇၀၀ ပေးတယ်၊ ကချင်လူမျိုးအလောင်းကို သူ့ရဲ့မိသားစုကို ကျပ်သိန်း ၅၀၀ လျော်တယ် တဲ့၊ မတူဘူးနော်။ ဗမာလူမျိုးကျတော့ သိန်း ၃၀၀ ပေးတယ်တဲ့၊ ဗမာလူမျိုးရဲ့ အသက်တစ်ချောင်းက ရခိုင် လူမျိုးရဲ့ တစ်ဝက်တောင်မရှိဘူး” ဟု သေဆုံးသူများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

အဆိုပါ လျော်ကြေးငွေ ပမာဏကွာဟမှုနှင့် ပတ်သက်၍ အကြောင်းရင်းကို တိကျစွာ မသိရှိရသော်လည်း မိသားစုဝင်များအနေဖြင့် စိုးရိမ်စိတ်ကြောင့် တောင်းဆိုမှုများ မပြုလုပ်ရဲဘဲ ရရှိသည့် ပမာဏကိုသာ လက်ခံထား ကြရသည်။

“ဟိုအရင်ခေတ်ကလည်း ဒီလိုမျိုး မြေစာပြိုတယ်၊ သေသွားတဲ့ဟာတွေ ကြုံဖူးပါတယ်။ အဲဒီတုန်းကလည်း တစ်ယောက်ကို ဥပမာ သိန်း ၈၀၊ သိန်း ၁၀၀ ပေါ့၊ သူ့ခေတ်နဲ့သူပေါ့လေ။ အဲဒီတုန်းက ဘာလူမျိုးပဲဖြစ်ဖြစ် ပေးတာအတူတူပဲ၊ ပျမ်းမျှနှုန်းနဲ့သွားတာ။ အဲဒီတုန်းက ကုမ္ပဏီအကြီးကြီးတွေက ပုံမှန်ပျမ်းမျှနှုန်းနဲ့သွားတာ ပေါ့။ ရာထူးတွေကြောင့်မဟုတ်ဘူး၊ ရာထူးအကြီးအသေးက သူတို့လစာနဲ့ အကျိုးခံစားခွင့်နဲ့ပဲဆိုင်တာ။ သေသွားတဲ့ အသက်ကတော့ တစ်ပုံစံတည်း သွားသင့်တယ်လေ” ဟု ၎င်းက ဆက်ပြောသည်။

ယခုလုပ်ကွက်အား တူးဖော်နေသည့် ကုမ္ပဏီမှာ သယံဇာတဝန်ကြီးဌာန၏ တရားဝင်ခွင့်ပြုချက် ရရှိထားခြင်း မရှိဘဲ ဒေသတွင်းလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပူးတွဲလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဇူလိုင်လ ၃ ရက်နေ့က မြေစာပုံပြိုကျမှုအတွင်း သေဆုံးခဲ့သူများအပြင်၊ အဆိုပါ ဖြစ်စဉ် မတိုင်ခင် ဇွန်လ ၂၈ ရက်နေ့ကလည်း ကပ်လျက်လုပ်ကွက်တွင် မြေစာပုံပြိုကျမှုကြောင့် ရေမဆေးသမား ၇ ဦး သေဆုံးခဲ့သည်။

ထို့ကြောင့် ငါးရက်အတွင်း မြေစာပုံနှစ်ကြိမ် ပြိုကျခဲ့ရာတွင် ပျောက်ဆုံးသူ ၁၅ ဦးခန့်ရှိပြီး သေဆုံးသူ ၁၀ ဦး ကျော် ရှိလာခဲ့သည်။

လက်ရှိတွင် နမ့်မှော်ကျေးရွာအပါအဝင် ဆိပ်မူကျေးရွာအုပ်စု တစ်ဝိုက်ကို ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...