နတ်ရေကန်တွင် စစ်အင်အားဖြည့်ပြီးနောက် ပဇီနှင့် ဂုတ်ကြီး၌ တိုက်ပွဲဖြစ်ပွား

နတ်ရေကန်တွင် စစ်အင်အားဖြည့်ပြီးနောက် ပဇီနှင့် ဂုတ်ကြီး၌ တိုက်ပွဲဖြစ်ပွား

ရခိုင်-မကွေးရိုးမလမ်းပေါ်ရှိ နတ်ရေကန်ရှေ့တန်းစစ်မျက်နှာသို့ စစ်တပ်က စစ်အင်အားဖြည့်တင်းပြီးနောက် ပဇီနှင့် ဂုတ်ကြီးကျေးရွာဝန်းကျင်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ် များက ပြောသည်။

ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တစ်ခုက “အင်အားဖြည့်ပြီးတာနဲ့ စစ်ကြောင်းထိုးလို့ နှစ်ဖက်ထိတွေ့တိုက် တိုက်ပွဲပြန်ဖြစ်နေတယ်။ စကမက အင်အားအများအပြားနဲ့ ထိုးဖောက်ဖို့ကြိုးစားတယ်။ ဒါကို AA က ဖြတ် တောက် တိုက်ခိုက်တယ်” ဟု နိရဉ္စရာသို့ ပြောသည်။

နတ်ရေကန်ရှေ့တန်း စစ်မျက်နှာဖြစ်သည့် ပဇီနှင့် ဂုတ်ကြီးသို့ စစ်အင်အားဖြည့်ပြီးနောက် စစ်တပ်က အာရက္ခ တပ်တော် (AA) ထိန်းချုပ်ထားသည့် နေရာများကို ထိုးစစ်ဆင်လာသဖြင့် ပဇီနှင့် ဂုတ်ကြီးပတ်ဝန်းကျင်တွင် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲများ ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲများ ခေတ္တငြိမ်သက်နေသည့်အချိန်တွင် စစ်တပ် စစ်ကြောင်းများသည် နတ်ရေကန်တောင်ကြော တစ်လျှောက်၌ ကာကင်းစခန်းအသစ်များ တိုးချဲ့တည်ဆောက်ပြီး အခိုင်အမာ ပြင်ဆင်ခဲ့ကြောင်း နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တစ်ခုက နိရဉ္စရာသို့ ပြောဆိုသည်။

၎င်းက “စစ်တပ်ကတော့ဒရုန်းနည်းပညာတွေအဆင့်မြင့်လာတယ်။ သူတို့ရဲ့ကာကင်းစခန်းတွေ တိုးချဲ့တယ်။ ပြီးရင် ကျင်းတွေတူးရင်လူလမ်း လျှောက်ရင် ခေါင်းမမြင်ရအောင်တူးပြီးသွားကြတယ်။ မြင်ရင် AA က စနိုက်ဘာနဲ့ပစ်မှာလေ” ဟု ပြောသည်။

ထို့ပြင် AA ၏ စနိုက်ဘာဖြင့် ခြုံခိုပစ်ခတ်မှုများကြောင့် စစ်တပ်ဘက်မှ တပ်သားအချို့ သေဆုံးမှုများ ဆက်လက် ရှိနေဆဲ ဖြစ်သည်။

တိုက်ပွဲများအတွင်း အင်အားပြုန်းတီးမှု များပြားနေသည့် စစ်တပ်သည် ပြီးခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့က ပဒါန်း ကျေးရွာအနီးရှိ ဆုန်ကုန်းအမြောက်တပ် (မစခ ၉၀၅) သို့ စစ်အင်အားများ ပို့ဆောင်ခဲ့ပြီး၊ ထိုမှတစ်ဆင့် နတ်ရေ ကန်သို့ ထိုးစစ်ဆင်နေသည့် ရှေ့တန်းစစ်ကြောင်းများတွင် လူအင်အားများ ထပ်မံဖြည့်တင်းခဲ့ခြင်း ဖြစ်သည်။

Most read this week

မွန်သတင်းအေဂျင်စီ (၂၀၂၅ ခုနှစ် ကျုံလောင်းကျေးရွာ တိုက်ပွဲကြောင့် ထွက်ပြေးလာသည့် စစ်ဘေး ရှောင်အချို့။ - ပုံဟောင်း)
August 18, 2026
ရေးမြို့နယ်၊ ရေးချောင်းဖျား ဒေသအတွင်း စစ်အုပ်စုတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံများ...
ဓာတ်ပုံ - ထိုင်းသတင်း
August 17, 2026
ထိုင်း-မြန်မာနယ်စပ်ဒေသ အပါအဝင် မြန်မာနိုင်ငံအတွင်း အသုံးပြုနေသည့် စတားလင့် (Starlink) စက်များ...
August 14, 2026
အမျိုးသမီး ပြည်သူ့စစ်မှုထမ်း သင်တန်းကို စစ်အုပ်စုက ဩဂုတ်လ ၁၀ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း...
August 13, 2026
မွန်ပြည်၊ မုဒုံမြို့၊ မြို့မ (၂) ရပ်ကွက်၊ အဲမွန်ဒယား (၃) လမ်းတွင် အိမ်ငှားနေထိုင်သည့်...