လားရှိုးတွင် ရှော့တိုက်ဒုံးကျရောက်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

လားရှိုးတွင် ရှော့တိုက်ဒုံးကျရောက်၊ အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး သေဆုံးကာ နောက်ထပ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဇူလိုင် ၉ ရက်၊ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့၊ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့ ရှော့တိုက်ဒုံး များ ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်ကြောင့် ရပ်ကွက် (၁၀) နေ အသက် ၃၈ နှစ်ဝန်းကျင် အမျိုးသမီးတစ်ဦး အခင်းဖြစ်ပွားရာ နေရာ၌ပင် သေဆုံးခဲ့ပြီး ရပ်ကွက် (၆) နေသူတစ်ဦးမှာ ရှော့တိုက်ဒုံးစထိမှန်၍ ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးက “ရပ်ကွက် ၁၀ မှာနေတဲ့ တစ်ယောက်ကတော့ နေရာမှာပဲ ပွဲချင်းပြီးဆုံးသွားတာပါ။ နောက် ရပ်ကွက် ၆ မှာနေတဲ့ တစ်ယောက်ကတော့ ရှော့တိုက်ဒုံးအစထိမှန်ပြီး ဒဏ်ရာရသွားတယ်။ ရှော့တိုက်ဒုံး က တော့ ဆင်တောင်ဘက်ကနေလာတယ်လို့ ပြောကြတယ်။ မြင်တဲ့လူတွေလည်း ရှိတယ်။ မြို့ထဲကို ၄ လုံးကျ တာပါ” ဟု ပြောသည်။

ဒေသခံများ၏ အဆိုအရ အဆိုပါ ရှော့တိုက်ဒုံးများကို မြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည့် လားရှိုး - မိုင်းယော် လမ်းပေါ်ရှိ ဆင်တောင်ကျေးရွာဘက်မှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် လားရှိုးမြို့အတွင်းပိုင်းကို စစ်တပ်က ထိန်းချုပ်ထားသော်လည်း မြို့ပြင်နှင့် ပတ်ဝန်းကျင် ကျေးရွာ များကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည်။

လားရှိုးမြို့တွင် ပြီးခဲ့သည့် ဧပြီ ၂၂ ရက်ကလည်း စစ်တပ်လက်အောက်ခံ ခြေလျင်တပ်ရင်း (၄၁) တပ်အတွင်း ရှော့တိုက်ဒုံးတစ်လုံး ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူးသည်။

သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...
မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့် တာချီလိတ်မြို့အတွင်း ရေဝင်ရောက်နေမှု / Crd
September 8, 2026
သျှမ်းပြည် အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှုကြောင့်...
ဓာတ်ပုံ - Crd
September 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်းရှိ ကားရပ်နားရာနေရာများနှင့် လူသွားလူလာ...
September 7, 2026
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့်...