ကချင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲက ၂၀၁၅ ထက် မဲလာထည့်သူ ရာခိုင်နှုန်းလျော့ကျ

ကချင်ပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲက ၂၀၁၅ ထက် မဲလာထည့်သူ ရာခိုင်နှုန်းလျော့ကျ

၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ကချင်ပြည်နယ်တစ်ပြည်နယ်လုံး ဆန္ဒမဲပေးသူ ၆၆.၁၀ ရာခိုင်းနှုန်းခန့်သာရှိသည့် အတွက် ၂၀၁၅ ရွေးကောက်ပွဲဖြင့်ယှဉ်လျှင် ၂ ရာခိုင်နူန်း ကျဆင်းသွားသည်ဟု သိရသည်။

“ပြောရမယ်ဆိုရင် ၂၀၁၅ တုန်းက ထက်တော့ မဲပေးတာ ရာခိုင်နူန်း လျော့သွားတယ်လို့ ပြောလို့ရတယ်။ ၂၀၁၅ တုန်းကတော့ ကချင်ပြည်နယ် တစ်ပြည်လုံး မဲဆန္ဒရှင်ဦးရေ ၈သိန်းကျော်ရှိခဲ့တယ်။ အဲဒီမှာ မဲလာပေးတဲ့သူရာခိုင်နူန်းကတော့ ၆၈ နဲ့ ၆၉ ရာခိုင်နှုန်း ကြားမှာရှိတယ်။” ဟု ကချင်ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောသည်။

ကချင်ပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ဦးရေ ၁၁၅၀၄၀၇ ရှိသည့်အနက် ကြိုတင်မဲပေးသူ ၁၆၃ ၈၅၆ ရှိပြီး၊ မဲရုံတွင် လာရောက်မဲပေးသည့်သူ ၅၆၆၅၁၀ ရှိကာ စုစုပေါင်း ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်ဦးရေသည် ၇၆၀၃၆၆ ရှိကာ ရာခိုင်နူန်းအားဖြင့် ၆၆.၁၀ ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ဒီဇင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

ဆန္ဒမဲပေးသူ ၇၆၀၃၆၆ ရှိသည့်အနက် ပယ်မဲ ၂၃၅၂၀ မဲ၊ ပျောက်မဲ ၂၂၉ ရှိသည်။ မဲရုံတွင် လာရောက်ပေးသည့် ခိုင်လုံမဲ ၅၇၇၃၇၀နှင့် ကြိုတင်မဲ မှ ခိုင်လုံမဲသည် ၁၅၉၂၄၇ ရှိကာ စုစုပေါင်း ခိုင်လုံမဲသည် ၇၃၆၆၁၇ ရှိသဖြင့် ခိုင်လုံမဲ ရာခိုင်နူန်းသည် ၉၆.၈၈ ရာခိုင်နူန်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့်မဲဆန္ဒရှင်များသည် မြစ်ကြီးနားခရိုင် သုံးသိန်းခြောက်သောင်းခန့် ၊ ဗန်းမော်ခရိုင် နှစ်သိန်းခွဲခန့်၊ မိုးညှင်းခရိုင် လေးသိန်းနှစ်သောင်းဝန်းကျင်ခန့်၊ ပူတာအိုခရိုင် ခြောက်သောင်းကျော်ခန့် ရှိခဲ့သည်။

ကချင်ပြည်နယ်တွင် ပထမအကြိမ်မဲစာရင်း ကပ်ပြီးချိန်တွင် မဲဆန္ဒရှင်ဦးရေ ၁၀သိန်းကျော်ရှိနေပြီး ဒုတိယအကြိမ် မဲစာရင်းပြန်လည်ကပ်ရာတွင် ၈သောင်းခန့်ပြန်လာတိုးလာသည့်အတွက် ၂၀၂၀ရွေးကောက်ပွဲတွင် ကချင်ပြည်နယ် မဲပေးပိုင်ခွင့်ရှိသူ ဦးရေသည် ၁၁၅၀၄၀၇ ရှိခဲ့သည်။

ကချင်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ပါတီပေါင်း ၁၃ပါတီရှိကာ မဲရုံပေါင်း ၉၀ကျော်ရှိခဲ့သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...