အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု မြစ်ကြီးနားတွင် ပြုလုပ်

အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု မြစ်ကြီးနားတွင် ပြုလုပ်
စက်တင်ဘာ ၂၃ ရက်နေ့မြစ်ကြီးနားတွင် စက်ဘီးစီး ကမ်ပိန်းပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ – Htoi Gender Development Foundation)
စက်တင်ဘာ ၂၃ ရက်နေ့မြစ်ကြီးနားတွင် စက်ဘီးစီး ကမ်ပိန်းပြုလုပ်ခဲ့စဉ် (ဓါတ်ပုံ – Htoi Gender Development Foundation)

‘အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ဥပဒေဖြင့် ကာကွယ်ပေး’ ဆောင်ပုဒ်ဖြင့် လူငယ်အယောက် ၃၀ ခန့်က မြစ်ကြီးနားမြို့တွင်း စက်ဘီးစီးကမ်းပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြောင်းသိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်း စက်ဘီးစီးကမ်းပိန်းတစ်ခုကို အမျိုးသမီးအများ အပေါ်အကြမ်းဖက်မှု အလုံးစုံမှ ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ဖြင့် Htoi Gender and Development Foundation အဖွဲ့အစည်းမှ ဦးဆောင်ပြီး ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

“ကျနော်တို့ ပတ်ဝန်းကျင်မှာ အမျိုးသမီးနှင့် မိန်းကလေးငယ်တွေကအကြမ်းဖက်မှု နည်းပေါင်းစုံ နေ့စဉ်အမျှကြုံတွေ့နေရတယ်။ ဒါပေမဲ့ ဒီအမျိုးသမီးနှင့် မိန်းကလေးငယ်တွေက တကယ်သူတို့ ကြုံရတာတွေကို မပြောရဲကြဘူး။ တရားမျှတမှု ရရှိအောင်မလုပ်ရဲကြဘူး။ တစ်ချို့ကလည်း တရားမျှတမှုရရှိအောင် ပြုလုပ်ပေမဲ့ တကယ်ပန်းတိုင်ထိ မထိရောက်ကြဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့က ဒီလိုမျိုး အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ဖြစ်လာရင် ဥပဒေကလည်း အကာအကွယ်ပေးရမယ်။ အကာအကွယ်ယူရမယ် ဆိုတဲ့ဟာကို ပြည်သူတွေသိဖို့ရန် ပြုလုပ်ရခြင်းဖြစ်ပါတယ်။” ဟု Htoi Gender အဖွဲ့မှ စီမံကိန်း မန်နေဂျာ ကို ဆွတ်ထွယ်ဆိုင်းအောင် က ပြောသည်။

အမျိုးသမီးနှင့် မိန်းကလေးငယ်များကို လိင်ပိုင်းဆိုင်ရာစော်ကားမှုများ၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှုသော်လည်းကောင်း ၊ ကိုယ်အမူအရာအားဖြင့်သော်လည်းကောင်း အကြမ်းဖက်မှု လျှော့ပါးသွားဖို့ မျှော်လင့်ခြင်းကြောင့် ပြုလုပ်ရသည်ဟုလည်း ၎င်းကဆက်ပြောသည်။

ထိုသို့ စက်ဘီးစီး ကမ်းပိန်းတွင် လာရောက် ပါဝင်လှုပ်ရှားသူတစ်ယောက်အနေဖြင့်လည်း သူ၏ လာရောက်ပါဝင်ရခြင်းအကြောင်းရင်းကို ယခုကဲ့သို့ပြောသည်။

“ကျွန်မတို့အနေနဲ့ အမျိုးသမီးနှင့်မိန်းကလေးငယ်တွေနှင့် ပတ်သက်ပြီး အကြမ်းဖက်မှုအမျိုးမျိုးကို ရာနှုန်းပြည့် ကန့်ကွက်ချင်တယ်ဆိုတဲ့ အဓိပ္ပယ်နဲ့ပတ်ဝန်းကျင်သိနားလည်ဖို့ လာရောက်ပါဝင်ရတာဖြစ်တယ်။ ကျွန်မတို့က အတင်းအဓ္ဓမ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုဘဲ အမျိုးသမီးတွေကို အကြမ်းဖက်မှုလို့ထင်ကြတယ်။ အမျိုးသမီးတွေက အိမ်းတွင်းကနေ မိသားစုအတွင်းမှ မောင်နှမ ချင်းကနေပြီးမှလည်း ဆံပင်ဆွဲ၊ ကန်တာတွေ ၊ ထိုးလိုက်တာတွေ ဒါတွေလည်း အကြမ်းဖက်မှုဖြစ်တယ်။ ဆိုတော့ ဒါတွေကိုလည်း ကန့်ကွက်ရင်း လူအများသိလာနိုင်ဖို့ ပါဝင်လှုပ်ရှားခြင်းဖြစ်တယ်။” ဟု ပါဝင်လှုပ်ရှားသူ ဒေါ်လုအောင် ကပြောသည်။

Htoi Gender and Development Foundation သည် အမျိုးသမီးနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ပေါင်းစုံအတွက် အခမဲ့ ဥပဒေဖြင့် အရေးယူ ဖြေရှင်းပေးနေတာဖြစ်ပြီး အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...