ချီဖွေစစ်ရှောင်တချို့ နေရပ်ပြန်ရန် စီစဉ်

ချီဖွေစစ်ရှောင်တချို့ နေရပ်ပြန်ရန် စီစဉ်

ကချင်ပြည်နယ် ချီဖွေမြို့နယ်စစ်ရှောင်စခန်းမှ စစ်ရှောင်တချို့သည် နေရပ်ပြန်နိုင်ရေးအတွက် ပထမဆုံးအကြိမ် မိမိတို့ကျေးရွာ ခြုံနွယ်များ သွားရောက်ရှင်းလင်းခဲ့ကြသည်ဟု သိရသည်။

ချီဖွေမြို့အနီး ကန်ပိုင်ယန်ကျေးရွာမှ ဒေသခံစစ်ရှောင်ပြည်သူ ၄၀ ခန့်က နိုဝင်ဘာလ ၂ ရက်နေ့ မိမိတို့ကျေးရွာကို သွားရောက်ရှင်းလင်းခဲ့ကြသည်ဟု ချီဖွေ KBC စစ်ရှောင်စခန်းတာဝန်ခံ ဆရာယောန ထံမှ သိရသည်။

“သူတို့က အိမ်ပြန်ချင်ကြပြီ သူတို့အတွက် အိမ်တွေကိုတော့ ဘယ်သူတွေ ဆောက်ပေးမလဲမသိဘူး။ သူတို့အနေနဲ့ သွားရောက်ရှင်းလင်းထားနှင့်တဲ့ သဘောဖြစ်တယ်။ ကန်ပိုင်ယန်ကျေးရွာက နည်းနည်းခက်တယ်။ ဒီဘက် ချီဖွေဘက်ကဆိုရင် စစ်တပ်ထိုင်ပြီး ဟိုဘက် ကန်ပိုင်ယန်ကျေးရွာဆုံးအထက်မှာ KIA တွေထိုင်တယ်။ သူတို့က ကြားညှပ်နေတဲ့ ရွာလည်းဖြစ်နေတယ်။ သူတို့လည်း အိမ်ပြန်ချင်ပြီဘဲပြောနေကြတာ။ ခုချိန်ထိတော့ အိမ်တွေဘယ်အဖွဲ့အစည်း တာဝန်ယူဆောက်လုပ်ပေးသွားမယ်ဆိုတာတော့ မသိသေးဘူး။” ဟု ချီဖွေ KBC စစ်ရှောင်စခန်းတာဝန်ခံ ဆရာယောန ကပြောသည်။

သွားရောက်ခဲ့သော ဒေသခံများမှာ လက်ရှိ ချီဖွေ KBC စစ်ရှောင်စခန်း နှင့် LBC စစ်ရှောင်စခန်းတို့တွင် ခိုလှုံနေကြသည်ဟု သိရသည်။

ကန်ပိုင်ယန်ကျေးရွာဒေသခံများ နေရပ်ပြန်ရေးအတွက် အစိုးရက လုပ်ဆောင်နေသောကြောင့် ၎င်းတို့လုပ်ဆောင်ဆောင်ပေးခြင်းမရှိကြောင်း ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့ KHCC က ဆိုသည်။

“အစိုးရတွေ နဂိုထဲက သူတို့လုပ်ဆောင်ပေးနေဆဲဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ မလုပ်ပေးတော့ဘူး။ ကျွန်တော်တို့က ကျွန်တော်တို့သတ်မှတ်ထားတယ်။ ဘယ်နေရာတွေလုပ်ပေးတယ်ဆိုတာ။သူတို့ဘက်ကတော့ အစိုးရဘက်က နဂိုထဲက သူတို့တတ်နိုင်သလောက် တာဝန်ယူလုပ်ဆောင်ပေးနေတဲ့ နေရာတွေရှိတယ်။” ဟု KHCC ဒု အတွင်းရေးမှူး ဆရာခါးလီ က ပြောသည်။

၎င်းကိစ္စနှင့်ပတ်သက်ပြီး သွားရောက်ရှင်းလင်းရာတွင်ပါဝင်ခဲ့သည့် ကန်ပိုင်ယန်ကျေးရွာဒေသခံ စစ်ရှောင်ပြည်သူများနှင့် ဆက်သွယ်ရရှိခြင်း မရှိသေးပါ။

ကန်ပိုင်ယန်ကျေးရွာသည် ချီဖွေမြို မှ ၁ မိုင်ခန့်သာ ကွာဝေးပြီး ကချင်ပြည်နယ်အတွင်း တပ်မတော်နှင့် KIA တို့ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများဖြစ်သည်။

အပစ်ရပ်လက်မှတ်ရေးထိုးခြင်းမရှိသေးသော်လည်း စစ်ပွဲနည်းပါးသွားသောကချင်ပြည်နယ်တွင် စစ်ရှောင်များသည် နေရပ်ပြန်ရန်ပြင်ဆင်နေမှုများ ရှိနေပြီဖြစ်သည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...