EAOs များအပေါ် တပ်မတော်၏ ထုတ်ပြန်ချက်ကို ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း KIO ဆို

EAOs များအပေါ် တပ်မတော်၏ ထုတ်ပြန်ချက်ကို ပြန်လည်တုံ့ပြန်မည်မဟုတ်ကြောင်း KIO ဆို

ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအပေါ် တပ်မတော်၏ ထုတ်ပြန်ချက်ကို ပြန်လည်တုံ့ပြန်မှုမျိုး ပြုလုပ်မည်မဟုတ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တချို့က အင်အားတည်ဆောက်၍ ငြိမ်းချမ်းရေးကိုနှောင့်နှေးစေသည့် အပြုအမူများ လုပ်ဆောင်ခဲ့သောကြောင့် ငြိမ်းချမ်းရေးနှောင့်နှေးမှုအပြင် လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင်ကျင်းပမည့် ရွေးကောက်ပွဲအတွက်ပင် လွတ်လပ်စွာ ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက နိုဝင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

“သူတို့ရေးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြောင့် လွတ်လပ်စွာဆန္ဒမဲပေးခွင့် ဆုံးရှုံးမှုများ ဖြစ်ပေါ်စေတယ်ဆိုပြီး ပြောဆိုထားတယ်။ KIO အနေဖြင့် သူတို့ရဲ့ရွေးကောက်ပွဲကို ဝင်ရောက်နောက်ယှက်ခြင်း မလုပ်သလို ထောက်ခံခြင်းမျိုးလည်း လုပ်မှာမဟုတ်ဘူးလို့ ပြောထားပြီးဖြစ်တယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူ ကပြောသည်။

တပ်မတော်၏ ထုတ်ပြန်ချက်တွင် ‘ယခင်က မြို့နယ် ၉ မြို့နယ်သာ ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း ယခုအခါ မြို့နယ် ၁၅ မြို့နယ်နှင့် အချို့မြို့နယ်များ၏ ကျေးရွာအုပ်စုများတွင် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိကြောင်း’ ပါရှိသည်။ သို့သော်လည်း မည်သည့်ပြည်နယ်နှင့် တိုင်းဆိုသည်ကို တိကျစွာ ဖော်ညွန်းရေးသားထားခြင်း မရှိပေ။

ထို့ကြောင့် ယခု အထွေထွေရွေးကောက်ပွဲ မကျင်းပနိုင်သောနေရာများတွင် ကြားဖြတ်ရွေးကောက်ပွဲကို အမြန်ကျင်းပနိုင်ရန်မျှော်လင့်ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကလည်း မိမိနှင့်မသက်ဆိုင်သောနေရာတွင် ရောက်ရှိနေပါက အမြန်ဆုံး ပြန်လည်ဆုတ်ခွာရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဖော်ပြထားသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက လက်ရှိအာဏာရပါတီ NLD အစိုးရနှင့် တွေ့ဆုံဆွေးနွေးမှုမျိုး လုပ်ဆောင်နေသော်လည်း ငြိမ်းချမ်းရေး၏ အဓိကသော့ချက်ကိုတပ်မတော်ကသာ ကိုင်တွယ်နေကြောင်း ဗိုလ်မှူးကြီးနော်ဘူး က ဆက်လက်ပြောဆိုသည်။

“ကျွန်တော်တို့က အစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုမျိုး အဓိကလုပ်ဆောင်တယ်။ ဒါပေမဲ့ အဓိက ငြိမ်းချမ်းရေး သော့ချက်ကို ကိုင်နေတာက တပ်မတော်ဖြစ်နေတယ်။ ဆိုတော့ သူတို့ပြောနေတဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာက တိုင်းရင်းသားလက်နက်ကိုင်များအားလုံးကို လက်နက်ဖြုတ်သိမ်းရေးကို ပြောနေတာဖြစ်တယ်။ တရားဝင်သူတို့ ဒီလိုပြောတယ်။ ကျွန်တော်တို့ KIO သာမက ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အားလုံး လက်နက်ဖြုတ်သိမ်းပြီး ငြိမ်းချမ်းရေးရမယ်လို့ဘယ်သူမှ မယုံကြည်ဘူး၊ လက်မခံဘူး။ ဒါကြောင့် တော်လှန်ရေးဆိုတာ ဌာနေတိုင်းရင်းသားများအားလုံး ရသင့် ရထိုက်တဲ့ အခွင့်အရေးတွေကို ရနိုင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုးဆို ပြည်တွင်းစစ်ကို ချူပ်ငြိမ်းနိုင်မှာဖြစ်တယ်။” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ရွေးကောက်ပွဲကျင်းပလျှင် တရားမျှတမှုမရှိနိုင်သော နေရာဒေသများကို ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့ရာအများစုမှာ ပြည်နယ်ရှိ နေရာဒေသများဖြစ်နေသည်ကို တွေ့ရသည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...