လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

လူသတ်မှုကျူးလွန်သူ ၃ ဦးကို KIO က အမြင့်ဆုံးပြစ်ဒဏ်ချမှတ်

ဗန်းမော်ခရိုင် ဂိုင်ဒေါကျေးရွာတွင်ဖြစ်ပွားခဲ့သော ငါးလောင်းပြိုင် လူသတ်မှုကျူးလွန်ခဲ့သူ (၃) ဦးကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO အရှေ့ပိုင်ခရိုင်တရားရုံးက အမြင့်ဆုံးပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရသည်။

လူသတ်မှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသော တရားခံ ၃ ဦးကို စစ်ဆေးရာတွင် သူတို့ကိုယ်တိုင် လူသတ်မှုကျူးလွန်ကြောင်းဝန်ခံခဲ့သည့်အတွက် လွန်ခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင် အပြီးသတ်ပြစ်ဒဏ်စီရင်ခဲ့ကြောင်း KIO ဗဟိုဌာနချုပ် ဗိုလ်မှူးကြီးအင်ဖန်နော်ဘူ က ပြောသည်။

“သူတို့ကိုယ်တိုင် လူသတ်မှုနှင့်ပတ်သက်ပြီး ဝန်ခံတယ်။ လွန်ခဲ့တဲ့ အချိန်တွေမှာလည်း လူ ၄ ယောက်ကို သတ်လိုက်ပြီ၊ သူတို့သတ်လိုက်တဲ့လူ ၉ ဦး ရှိပြီ။ ဒါကြောင့် သူတို့လူသတ်တာ သေချာမှန်ကန်ပြီး သူတို့ကိုယ်တိုင် ဝန်ခံပြီဖြစ်တဲ့အတွက် KIO အရှေ့ပိုင်ခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ် စီရင်ခဲ့တယ်” ဟု KNG ကိုပြောသည်။

ဗန်းမော်ခရိုင် မန်စီမြို့နယ် ဂိုင်ဒေါကျေးရွာ၌ ဇူလိုင်လ ၂ ရက်နေ့ည မိသားစုဝင် ၅ ဦးဖြစ်သည့် ဒေါ်ယမ်ထု (အသက်(၇၀)၊ ဦးယာကုလန်ဇိန်တန်ဂွန်(ဖခင်)၊ ဒေါ်မော်ရိန်းဆွမ်လွတ်ထုနန် (မိခင်)၊ မောင်လန်ဇိန်ဆန်လီနော်၊ မောင်လန်ဇိန်ဒွဲဆန်အောင် တို့ ဓါးခုတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။

လူသတ်မှုဖြစ်ပွားခဲ့သည့် အဓိကပြဿနာအကြောင်းအရင်းမှာ ဘိုးဘေးစဉ်ဆက် လုပ်ကိုင်စားသောက်ခဲ့သည့် လယ်ယာမြေ အငြင်းပွားမှုကြောင့်ဖြစ်သည်ဟု စစ်ဆေးတွေ့ရှိကြောင်း ဆိုသည်။

လယ်ယာမြေ အငြင်းပွားမှုနှင့် ပတ်သက်ပြီး တရားခံတစ်ဦးသာ ပါဝင်သော်လည်း လူသတ်ရာတွင်မူ တစ်ဦးတည်းမဟုတ်ကြောင်း ပြောသည်။

ဇူလိုင် ၂ရက်နေ့ လူသတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၃ ရက်နေ့တွင် တရားခံ ၃ ဦးကို ဖမ်းဆီးခဲ့ပြီး ၎င်းတို့ ၃ ဦးကို၂၀၂၀ စက်တင်ဘာလ ၂၈ ရက်နေ့ KIO အရှေ့ပိုင်းခရိုင်တရားရုံးမှ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် အပြီးသတ်အမိန့်ချမှတ်ခဲ့သည်။

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...