မြစ်ကြီးနား ကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်ထားမည်

မြစ်ကြီးနား ကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်ထားမည်

မြစ်ကြီးနားမြို့ မြစ်ဖျားဧရာကားကြီးကွင်းကို အောက်တိုဘာလကုန်ထိ ပိတ်တော့မည်ဖြစ်ကြောင်း ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အောက်တိုဘာလ ၁၇ ရက်နေ့မှစကာ ပိုးတွေ့လူနာထွက်ပေါ်ခဲ့သော မြစ်ကြီးနား ကားကြီးကွင်းတွင် ပိုးတွေ့လူနာများနှင့်ထိစပ်သူများကို ဆက်လက်စုံစမ်း စီစစ်နေသောကြောင့် ကျန်းမာရေးအခြေအနေအရ အောက်တိုဘာလကုန်ထိ ပိတ်ထားမည်ဟု ကချင်ပြည်နယ် Covid-19 အရေးပေါ်တုံ့ပြန်ရေးနှင့်ကော်မတီမှ ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်က ပြောသည်။

“ဂိတ်အဝင်အထွက်ပေါက်တွေအားလုံး ပိတ်မယ်။ ဘာဖြစ်လို့လဲဆိုရင် ပိုးတွေ့လူနာက တစ်ရက်တစ်ရက် ကားကြီးကွင်းမှာ ထပ်တွေ့နေရတယ်။ ဒီနေ့လည်း အဲကားဂိတ်ထဲက ၃၃ဦးကို စစ်လိုက်တယ်။ အဲထဲမှ ဗန်းမော်မန်းကားဂိတ်က ထပ်တွေ့တယ်။ အဲကြောင့် ကျန်းမာရေးအခြေနေအရ လကုန်ထိ ပိတ်ထားမှာဖြစ်တယ်။” ဟု ပြောသည်။

ကားဂိတ်အဝင်အထွက်များအားလုံး ပိတ်ထားလိုက်ပြီဖြစ်သည့်အတွက် ကုန်ကားသမားများကို ကားဂိတ်ဘေးရှိကွင်းပြင်၌သာ ပုဂ္ဂလိက ပို့ဆောင်ရေးအဖွဲ့နှင့် ပူးပေါင်းစစ်ဆေးမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

လက်ရှိချိန်တွင် ပိုးတွေ့လူနာများနှင့်ဆက်စပ်သူ ကိုးဦးရှိပြီး အဆိုပါ ကိုးဦးနှင့်ဆက်စပ်သူလူဦးရေသည် စုစုပေါင်း ၄၀ ကျော်ခန့်ရှိနေကြောင်း ဒုညွှန်ကြားရေးမှူး ဦးတင့်နိုင်ကပြောသည်။

“ကျနော်တို့ တစ်ဆင့်စမ်းကြည့်တာပေါ့ ရန်ကုန်၊ မန္တလေးက အဝေးပြေးကားတွေကားဂိတ်ထဲကို လုံးဝအဝင်မခံတော့ပါဘူး။ ကားကြီးကွင်းဘေးမှာရှိတဲ့ကွင်းမှာဘဲ ကုန်ချမယ် ဥပမာ ပါဆယ်ထုပ်လိုမျိုးလိုကျတော့ သက်ဆိုင်ရာကားဂိတ်ထဲက တစ်ယောက်ယောက်က စားပွဲနှင့်အပြင်မှာ တစ်ယောက်လောက်ထွက်ထိုင်ခိုင်းမယ်။ အဲလိုလုပ်ဖို့ စီစဉ်ထားပါတယ်။” ဟု ပုဂ္ဂလိက ယာဉ်များကြီးကြပ်ရေးဥက္ကဌ ဦးအေးဇော်ဇော်ကပြောသည်။

ကားကြီးကွင်းတစ်ခုလုံး အဝင်အထွက်ပိတ်ထားသော်လည်း ကုန်စည်စီးဆင်းရေးအတွက် ပုံမှန်တိုင်းဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Most read this week

August 14, 2026
ကချင်ပြည် အတွင်းရှိ မြို့နယ် ၅ ခု၌ စစ်အုပ်စုတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)...
August 13, 2026
ပထမတစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ပြီးနောက် မိနစ်အနည်းငယ်အတွင်းမှာပင် ထိုနေရာသို့ ဒုတိယအကြိမ် ပြန်လာ...
ဓာတ်ပုံ - ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Crd)
August 13, 2026
ဝါရာဇွပ် ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်သည့် နောင်းမီဒေသခံ အရပ်သား ၄ ဦး၏ ရုပ်အလောင်းကို...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားများကို ဆင်ဖြင့် ဆွဲတင်နေသည့် မြင်ကွင်း
August 11, 2026
ကချင်ပြည်နှင့် စစ်ကိုင်းတိုင်းကို ဆက်သွယ်ထားသည့် မြစ်ကြီးနား - မန္တလေး ကားလမ်းတွင် စစ်ရေးအခြေအနေ...