ဗန်းမော်ခရိုင်တွင် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ကျော်တိုးလာ

ဗန်းမော်ခရိုင်တွင် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ကျော်တိုးလာ

ကချင်ပြည်နယ် ဗန်းမော်ခရိုင်တွင် ပထမအကြိမ် မဲစာရင်းကြေညာပြီးနောက် မဲဆန္ဒရှင်စာရင်း ၈၀၀၀ ခန့် ပြန်တိုးလာကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

ပထမအကြိမ် မဲစာရင်းကပ်ရာတွင် ဗန်းမော်ခရိုင်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်၂သိန်း ၄သောင်းခန့်ရှိသော်လည်း ဒုတိယအကြိမ်မဲစာရင်းတွင် ၈ထောင်ခန့်တိုးလာသည့်အတွက် လက်ရှိနောက်ဆုံးစာရင်းအရ မဲဆန္ဒရှင်စာရင်း၂၄၈၁၈၁ ရှိနေပြီဖြစ်ကြောင်း ဗန်းမော်ခရိုင်ရွေးကောက်ပွဲကော်မရှင်မှ အရာရှိ ဦးကျော်သိန်းက ဆိုသည်။

“ ခုစာရင်းက မပိတ်သေးဘူးဆိုတော့ အတိအကျပြောလို့မရသေးဘူး။ ဒီထက်တိုးချင်တိုးလာနိုင်သေးတယ်။ လောလောဆယ်တော့ ပုံစံ (၃-က)နဲ့လာလျှောက်ထားတဲ့ ဦးရေက ၄၀၀ကျော်ရှိနေပြီ။ ဒီ ၄၀၀ ကျော်က ခုန ဒုတိယအကြိမ် မဲစာရင်းကြေညာတဲ့အထဲမှာ မပါသေးဘူး။ ခုနောက်ပိုင်းပြန်လာလျှောက်တဲ့ စာရင်းတွေဖြစ်ပါတယ်။” ဟု အရာရှိ ဦးကျော်သိန်းက ပြောသည်။

ဗန်းမော်ခရိုင်အတွင်း မြို့နယ်ပေါင်း ၄ ခုအနက် မဲဆန္ဒရှင်စာရင်းမှာ ဗန်းမော်မြို့နယ်တွင် ၉၀၈၆၈ ၊ မန်စီမြို့နယ် ၄၀၁၈၂ ၊ မိုးမောက်မြို့နယ် ၅၂၁၈၇ နှင့် ရွှေကူမြို့နယ် ၆၄၉၄၄ အသီးသီးရှိကြောင်း သိရသည်။

ကချင်ပြည်နယ် တစ်ပြည်နယ်လုံးတွင် လာမည့် ရွေးကောက်ပွဲအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၉ ပါတီရှိကာ လူဦးရေအားဖြင့် ၁၁ သိန်းနီးပါး ရှိသည်။ ဗန်းမော်ခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီပေါင်း ၁၁ ပါတီရှိပြီး တစ်သီးပုဂ္ဂလ ပြိုင်မည့်သူ ၂ဦး ပါဝင်သည်။

ဗန်းမော်ခရိုင်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများသည် ပြည်သူ့လွှွတ်တော်နေရာတွင် ၃၀ ဦး၊ အမျိုးသားနေရာတွင် ၂၃ဦးနှင့် ပြည်နယ်လွှတ်တော်နေရာတွင် ၆၀ ဦး နှင့် တစ်ဦးပုဂ္ဂလ ၂ဦးရှိကာ ကိုယ်စားလှယ်လောင်းစုစုပေါင်း ၁၁၃ ဦးရှိကြောင်း သိရသည်။

မဲရုံများမှာ ဗန်းမော်မြို့နယ်တွင် ၆၆ ရုံ၊ မံစီမြို့နယ် ၃၉ရုံ၊ မိုးမောက်မြို့နယ် ၄၅ ရုံ၊ ရွှေကူမြို့နယ် ၅၁ ရုံ ရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

Most read this week

January 29, 2026
ကချင်ပြည်နယ် တနိုင်းမြို့နယ်မှာ KIA နဲ့ပြည်သူ့စစ်တပ်တို့အကြားတိုက်ပွဲကြောင့်...
January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...