ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ဖိတ်ခေါ်ထားကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပူးတွဲ ဥက္ကဌ ဦးနိုးထန်ကပ်က ပြောသည်။

“ကျွန်တော်တို့ကတော့ ကိုယ်ရေးအကျဉ်းကို တောင်းတယ်၊ ၂၀၀၈ အခြေခံဥပဒေအရ ပညာအရည်အချင်း အသင့်အတင့်ဆိုရင် ရပြီ၊ လာလျှောက်တဲ့သူက မဟာရရင်တော့ ထည့်ရေးပေးမယ်၊ ပြီးတော့ လျှောက်တဲ့သူကို မြို့နယ်အဆင့်ကပဲ ရွေးချယ်ပေးမယ်၊ မြို့နယ်အဆင့်က ရွေးချယ်ခံရသူကို ဗဟိုတင်ပြီး အတည်ပြုမယ်၊ လျှောက်လွှာကို လာမယ့် ဧပြီလထိ လက်ခံမယ်”ဟု ဦးနိုးထန်ကပ်က  ပြောသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသော ပုဂ္ဂိုလ်များသည် လျှောက်လွှာများကို သတ်မှတ်ကာလ ဖြစ်သော ၂၀၂၀ ပြည့်နှစ် ဧပြီလကုန်ရက် နောက်ဆုံးထားပြီး သက်ဆိုင်ရာ မြို့နယ်ကော်မတီရုံးများတွင် ရယူနိုင်ပြီဖြစ်ကြောင်း လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ချင်းတိုးတက်ရေးပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်နှင့် ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပူးပေါင်းထားသည့် ပါတီဖြစ်သည်။

Most read this week

ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...
ဓါတ်ပုံ - Crd
August 13, 2026
စစ်တပ်က ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ပြန်လည်ထိန်းချုပ်လိုက်သည့် ချင်းပြည်၊ ဖလမ်းမြို့ပေါ်သို့...
August 10, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လူငယ်များကို စစ်မှုထမ်းရန် ဖမ်းဆီးရာ၌ နာမည်ကြီးသည့်...
ဓါတ်ပုံ - ပုံဟောင်း (Crd)
August 7, 2026
ချင်းပြည်၊ ဖလမ်းမြို့နှင့် ဟားခါးမြို့တို့တွင် စစ်တပ်က လမ်းသွားလမ်းလာ ဒေသခံပြည်သူများနှင့်...