AA ဖမ်းဆီးထားသည့် ချင်း ၁၂ ဦးလွှတ်ပေးရန် KACC ထုတ်ပြန်

AA ဖမ်းဆီးထားသည့် ချင်း ၁၂ ဦးလွှတ်ပေးရန် KACC ထုတ်ပြန်

ရက္ခိုင့်တပ်မတော်(AA) အဖွဲ့မှ ဖမ်းဆီးထားဆဲဖြစ်သည့် ချင်းလူမျိုး အနည်းဆုံး(၁၂) ဦးကို အမြန်ဆုံး လွှတ်ပေးရန် ခူမီးမျိုးနွယ်စု ရေးရာပေါင်းစပ်ညှိနိူင်းရေးကောင်စီ(KACC) မှ ဇန်နဝါရီ လ(၂၂)ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

ယင်းအပြင် မြန်မာ့တပ်မတော် အပါအဝင် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမဆို အရပ်သား တိုင်းရင်းသား ဒေသခံများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ခြင်း မပြုလုပ်ရန်လည်း ကြေညာချက်တွင် ဖော်ပြထားသည်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် မဲဆန္ဒနယ်အမှတ် (၁၁)မှ အမျိုးသားကိုယ်စားလှယ် ချင်းတိုင်းရင်းသား ခူမီးအမျိုးသား ဦးဝှေ့တင်း လွတ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ကြားဝင်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးနှင့် ပုဂ္ဂိုလ်အသီးသီးတို့အား အသိအမှတ်ပြုကြောင်းနှင့် ကျေးဇူးတင်ရှိကြောင်းကိုပါ ဖော်ပြထားသည်။

KACC ညှိနှိုင်းရေးမှှူး ဦးအိုက်စောမြက “အခုလွှတ်ပေးတာတော့ လွှတ်ပေးတာပေါ့။ ဒါပေမဲ့ သူတို့လက်ထဲမှာရှိနေသေးတဲ့ ချင်းလူမျိုး (၁၂)ဦးကိုလည်း အမြန်ဆုံး လွှတ်ပေးဖို့ကိုလည်း တောင်းဆိုချင်တယ်”ဟု ပြောသည်။

ဆက်လက်၍ "နောက်ပြီး အရင်က AA ဖက်ကနေ ဦးဝှေ့တင်းကို သတင်းပေးဆိုပြီး စွပ်စွဲထားတဲ့ဟာကိုလည်း သူတို့ဖက်ကနေ သင်ပုန်းချေပေးတယ်လို့ ပြောရင်တော့ ကောင်းတာပေါ့။ အခုက ဦးဝှေ့တင်းမှာ နောက်ကျောမလုံဘူး။ အခုလိုလွှတ်ပေးတာကိုတော့ ကြိုဆိုပါတယ်"ဟုလည်း ၎င်းက ပြောသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ၇၈ ရက်ကြာ၊ ချင်းတိုင်းရင်းသား ပညာရေးဝန်ထမ်း ဦးထောင်ပန်ကိုလည်း ၈၆ ရက်ကြာ AA က ဖမ်းဆီးခဲ့ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်သည်။

လွတ်မြောက်လာသူ ၂ ဦးမှာ လက်ရှိအချိန်တွင် မိသားစုထံ ကျန်းကျန်းမာမာဖြင့် ပြန်လည် ရောက်ရှှိနေပြီဖြစ်ကြောင်းလည်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...