တိုင်း/ပြည်နယ် အဆင့် ဝူရှူးပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြုအားကစားသမားများမှ ရွှေ၊ ငွေ၊ ကြေး ဆုများရရှိ

တိုင်း/ပြည်နယ် အဆင့် ဝူရှူးပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြုအားကစားသမားများမှ ရွှေ၊ ငွေ၊ ကြေး ဆုများရရှိ

နှစ်စဉ်ကျင်းပသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အဆင့် ဝူရှုး အားကစားပြိုင်ပွဲတွင် ချင်းပြည်နယ် ကိုယ်စားပြု အားကစားသမားများမှ ပထမဆု၊ ဒုတိရဆု၊ တတိယဆု အသီးသီးဆွတ်ခူးရရှိသည်။

ဝူရှုးအားကစား နည်းပြ ဆရာတမ်မာန်က “၂၀၂၀ခုနှစ်မှာ ကျင်းပတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အဆင့် တရုတ်သိုင်းပညာ ဝှုရှုးပြိုင်ပွဲမှာ ချင်းပြည်နယ် အနေနဲ့ ပထမဆုကို ရွှေ(၂)ခု၊ ဒုတိယငွေ(၄)ခု၊ တတိယဆုကြေး(၅)ခု ရရှိခဲ့တယ်။ ရွှေအများဆုံးရရှိဆု တခွန်စိုက်ဆု ကတော့ အဆင့်တစ်ခု လွဲချော်ပြီးကာမှ ဒီနှစ်လည်း ရရှိခါနီးနီးနဲ့ မရရှိခဲ့ကြပြန်ဘူး”ဟုပြောသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ် အဆင့်ကျင်းပသည့် ပြိုင်ပွဲကို ချင်းပြည်နယ် ကိုယ်စားပြုအနေဖြင့် အမျိုးသမီး အားကစားသမား (၈)ဦး၊ အမျိုးသား အားကစားသမား(၇)ဦး၊ စုစုပေါင်း (၁၅)ဦး တို့ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။

ဝူရှုးပြိုင်ပွဲတွင် ချင်းပြည်နယ် အားကစားသမား(၆)ဦးမှ ဗိုလ်လုပွဲ တက်ရောက်ခဲ့ပြီး နှစ်ဦးမှ ပထမဆုဆွက်ခူး ရရှိခဲ့ကြသည်။ ရွှေအများဆုံး ရရှိသည့် ဆုဖြစ်သည့် တခွန်စိုက်ဆုကို ချင်းပြည်နယ် အနေဖြင့် မရရှိနိုင်သေးသည့်ပေါ် စိတ်မကောင်းဖြစ်ရကြောင်းလည်း နည်းပြ ဆရာတမ်မာန် ကပြောသည်။

နည်းပြဆရာတမ်မာန်က “ ဒီနှစ်လည်း အားကစားသမားတွေ စုစည်းတဲ့ အချိန် သိပ်မရလိုက်ဘူး။ ပြိုင်ပွဲချိန်နီး ကပ်ပြီးလုပ်လိုက်တော့ တခွန်စိုက်ဆုလည်း ကျွန်တော်တို့ ရသင့်တယ်။ တံဆိပ်ကလေး တစ်ခုလွဲသွားတော့ မရလိုက်ဘူး။ ပြီးခဲ့နှစ်ကလည်း တခွန်စိုက်ဆု လွဲတယ်။ ဒီနှစ်လည်း ထပ်ပြီးခါမှ လွဲချော်သွားတဲ့ အပေါ်မှာ များစွာ စိတ်မကောင်းဖြစ်တယ်။ နောက်နှစ်ဆိုရင် ကြိုတင်ပြီး ပြင်ဆင်ပြီး ဘာဖြစ်ဖြစ် တခွန်တိုင်ဆုရအောင် ကြိုးစားသွားမယ်”ဟုပြောသည်။

နှစ်စဉ် ချင်းပြည်နယ် ကိုယ်စားပြုအနေဖြင့် သွားရောက်ယဉ်ပြိုင်သည့် အားကစားသမားများတွင် မင်းတပ်မြို့မှ အဓိက အားကစားသမားများ ပါဝင်ပြီး တွန်းဇံမှ အားကစားသမား တစ်ဦးသာ ပါဝင်ကြောင်းလည်း သိရသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ဝူရှုးပြိုင်ပွဲအတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် အားကစားသမားများအတွက် ပံ့ပိုးကူညီပေးမှုများ ရှိကြောင်းလည်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...