မြန်မာနိုင်ငံမြေပြန့် (ချင်းပြည်နယ်ပြင်ပ) ရောက်ရှိသည့် ချင်းလူမျိုးများ၏ နိုင်ငံသားမှတ်ပုံတင်များတွင် လူမျိုးအမည်တွင် “ဗမာ” ဟု ရေးသားခဲ့သည့် ချင်းလူမျိုးအယောက် ၁ သိန်းကျော်ရှိကြောင်း သိရသည်။
နိုင်ငံသားမှတ်ပုံတွင်တွင် လူမျိုးအမည်မှန် ပြန်လည်ရေးသားနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးနေသူ Salai Ceu Bik Thawng က “မိမိတို့လေ့လာတွေ့ရှိချက်အရ ဒေသခံတိုင်းရင်းသား များအနေနဲ့ မှတ်ပုံတင်(လ.၀.က)၊ မွေးစာရင်း နှင့် ကျောင်းအမည်စာရင်း စတဲ့ဌာနဆိုင်ရာစာရင်းများတွင် သူတို့ နိုင်ငံသားအမည်နှင့် လူမျိုးအမည် မှားယွင်းစွာဖော်ပြနေမှုကို ပြင်ဆင်ပေးစေလိုကြသော်လည်း စိုးရိမ်ခြင်းနှင့် နည်းလမ်းမသိရှိခြင်း တို့ကြောင့် အခက်အခဲများ ကြုံတွေ့ကြတယ်” ဟု ၄င်းလူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။
အဆိုပါ မှားယွန်းရေးသားသည့် အထဲတွင် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါ်မြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်နှစ်စေတုတ္တရာမြို့များတွင် ဇန်နဝါရီလ(၄)ရက်မှ ၁၃ရက်အထိ၊ (၁၀)ရက်တာ ကြာမြင့်ပြီး မြို့နယ်(၄)ခုမှ မြို့များအပြင် မွေ့လယ်၊ ဘော်ပြင်း၊ မောက်လေး၊ မောက်လင်း၊ ဝတ်ချီပါ၊ ရွာသာ၊ လက်ဝဲကုန်း၊ ပေါ်လယ်၊ ထန်ပင်ကုန်း စည့်ကျေးရွာပေါင်း (၉)ခုကို သွားရောက် စစ်တန်းကောက်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတွင်လည်း ဘာသာရေးခက်မှုကြောင်း နယ်စွန်နယ်ဖျား၊ ဝေးလံခေါင်သီသည့် ဒေသများရှိ ဌာနည်တိုင်းရင်းသားများတွင် မှတ်ပုံတင်ရာတွင် အမည် ၉၀ ရာခိုင်းနှုန်းမှားယွင်းမှုရှိကြောင်း January (၁၀) ရက်နေ့ထုတ် ချင်းဝေါလ် သတင်းဌာနသို့ Chindwin Institute ဒါရိုက်တာ ဦး ကျော်မိုးလှိုင် ကပြောသည်။
ဦး ကျော်မိုးလှိုင်က “သူတို့ဘာကြောင့် မသိသလဲဆိုတော့ တိုင်းရင်းသားအချို့တွေက ဝေးလံခေါင်သီတဲ့ နေရာတွေမှာ နေကြတယ်၊ တစ်ချို့ဆိုရင် ဆေးရုံတွေဝေးတော့ ကိုယ့်ဟာနဲ့ကို ကလေးမွေးကြတယ်၊ သူတို့အနေနဲ့ မွေးစာရင်းတွေယူဖို့က တော်တော်ခက်ခဲကြတယ်၊ မှတ်ပုံတင် ဘယ်လိုလုပ်မလဲ၊ အိမ်ထောင်စုကို ဘယ်လိုခွဲရမလဲ၊ အဲလိုမျိုးမှာ သက်ဆိုင်ရာဌာနရဲ့ အသိပညာပေးမှု အားနည်းနေတယ်၊ ဆိုတော့တိုင်းရင်းသာတွေက မသိနိူင်ဘူး၊ နောက်တစ်ခုက ဘာသာစကားက ဗမာလိုပြောတဲ့ချိန်မှာ နားမလည်တဲ့သူတွေလည်း ရှိတယ်” ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ချင်းလူမျိုး (၁၂)သိန်းခန့် နေထိုင်လျက်ရှိသည်ဟု ခန့်မှန်းရပြီး ချင်းပြည်နယ်တွင် (၅)သိန်းခွဲ၊ ပြည်မ(ချင်းပြည်နယ်ပြင်ပ)တွင် (၆) သိန်းကျော် ရှိမည်ဖြစ်ကြောင်း သိရသည်။
ခန့်မှန်းအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် (၃)သိန်းကျော်၊ မကွေးတိုင်းဒေသကြီးမှာ (၁)သိ်န်းကျော်၊ ရခိုင်ပြည်နယ်တွင် (၁)သိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် (၅)သောင်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးတွင် (၃) သောင်းကျော်၊ ဧရာဝတီတိုင်းဒေသကြီးတွင် (၂)သောင်းခန့် စသည်ဖြင့် ချင်းလူမျိုးများသည် ပြန့်နှံ့နေထိုင် ကြပါသည်။







