NUG ဖမ်းဆီးထားသည့် CPU/CPA တပ်ဖွဲ့ဝင် ရဲမေကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

NUG ဖမ်းဆီးထားသည့် CPU/CPA တပ်ဖွဲ့ဝင် ရဲမေကို အမြန်ဆုံးပြန်လွှတ်ပေးရန် တောင်းဆို

ယခင် CDF – Kanpetlet (ယခု CPU / CPA) တပ်ဖွဲ့ဝင်ဖြစ်သည့် ရဲမေ မိုင်သူဇာကို အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ မကွေးတိုင်းအဆင့် ပအဖ၊ ပကဖ၊ ပလဖ အဖွဲ့ဝင် များက ဇူလိုင်လ ၂၉ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ယနေ့အထိ ခိုင်လုံသော အကြောင်းပြချက် မရှိဘဲ ဖမ်းဆီးထား ဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

တော်လှန်ရေးသမား အချင်းချင်း ရေရှည်လက်တွဲနိုင်ရန် မျှော်ကိုး၍ စစ်တပ် အကြိုက် ကြီးကြီးမားမား သဘော ထားကွဲလွဲမှုများ မဖြစ်ပေါ်စေရန်အတွက် ရဲမေ မိုင်သူဇာကို အမြန်ဆုံး ပြန်လွှတ်ပေးကြလိမ့်မည်ဟု မျှော်လင့် ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU / CPA) တပ်ဖွဲ့ဝင် တာဝန်ရှိသူများက ဆိုသည်။

CPU/CPA တာဝန်ရှိသူတစ်ဦးက “CoC သဘောသဘာဝကို နားလည်ပြီး CoC တည်ဆောက်လိုနေတဲ့ ပြည်သူ့ တော်လှန်ရေးအစိုးရ နေရာယူထားတဲ့ NUG အနေဖြင့် အရေးယူဆောင်ရွက်စရာလိုအပ်ရင် ယခင် CDF – Kanpetlet ယခု CPU/CPA တပ်မဟာ (၁) ကို အကြောင်းကြားပြီးဖြစ်စေ၊ CPU/CPA ကို တိုက်ရိုက် ဆက် သွယ်ပြီးဖြစ်စေ ညှိနှိုင်းတိုင်ပင်၊ အရေးယူဆောင်ရွက်သင့်တယ်” ဟု ပြောသည်။

ချင်းပြည်တောင်ပိုင်း ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များတွင် တိုက်ပွဲများ ပြင်းထန်နေချိန်၌ ထောက်ပို့ ပိုင်းဆိုင်ရာများ ပိုမိုလှုပ်ရှားရလွယ်ကူစေရန်အတွက် မကွေးတိုင်း၊ ဆောမြို့နယ်အနီးအနားသို့ အန္တရာယ်ကြားမှ စွန့်စားလှုပ်ရှားနေစဉ် NUG အစိုးရလက်အောက်ခံ အဖွဲ့များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ CPU/CPA တာဝန်ရှိသူက “အခုလိုမျိုး မိခင်အဖွဲ့အစည်း၊ အထက်အရာရှိတွေကို အသိပေး အကြောင်း ကြားခြင်းမရှိဘဲ အမျိုးသမီးတစ်ဦးကို အခုလို ဖမ်းဆီးတာဟာ NUG ရဲ့ ပြောင်ပြောင်တင်းတင်း လူ့အခွင့်အရေး ချိုးဖောက်မှု သာမက အမျိုးသမီးရေးရာ လူ့အခွင့်အရေး ချိုးဖောက်မှုလည်း ဖြစ်သလို တော်လှန်ရေး သစ္စာဖောက်မှုလည်း ဖြစ်တယ်” ဟု ဆက်ပြောသည်။

စစ်တပ်၏ ထိုးစစ်ဆင်မှုကို အပြင်းအထန် ရင်ဆိုင်နေရချိန် ဖြစ်နေခြင်းကြောင့် တစ်ဖက်မှ မည်သည့် သဘော ထားထုတ်ပြန်ချက်မျှ မထုတ်ပြန်ဘဲ ၇ ရက်တိတိ စောင့်ကြည့်နေခဲ့ကြခြင်း ဖြစ်ကြောင်း တာဝန်ရှိသူများက ထပ်လောင်းပြောသည်။

ချင်းပြည်တောင်ပိုင်းရှိ CPU/CPA ထိန်းချုပ်နယ်မြေဖြစ်သော ကန်ပက်လက်နှင့် မင်းတပ်မြို့နယ်များကို စစ်တပ် က အင်အားထောင်ချီသုံးကာ အပြင်းအထန် ထိုးစစ်ဆင်နေသည်မှာ ၃ လခန့် ရှိပြီဖြစ်သည်။

ယခုကဲ့သို့ အခြေအနေမျိုးတွင် သက်ဆိုင်ရာ အဖွဲ့အစည်းကို အကြောင်းကြားခြင်းမရှိဘဲ တော်လှန်ရေး အချင်းချင်း အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားမှုအပေါ် ဝေဖန်ရှုတ်ချမှုများလည်း မြင့်တက်လျက်ရှိသည်။

မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...
ဓါတ်ပုံ - Crd
September 4, 2026
ချင်းပြည်၊ မင်းတပ်မြို့ပေါ်နှင့် အနီးဝန်းကျင်သို့ စက်တင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်အုပ်စုတပ်က...