ချင်းပြည်အတွင်း ဆေးဝါးကုသရေး သယ်ယူပို့ဆောင်ရေးအတွက် (ဒရုန်း) လေယာဉ်အသုံးပြုရန် ပြင်ဆင်လျက်ရှိ

ချင်းပြည်အတွင်း ဆေးဝါးကုသရေး သယ်ယူပို့ဆောင်ရေးအတွက် (ဒရုန်း) လေယာဉ်အသုံးပြုရန် ပြင်ဆင်လျက်ရှိ
Photo Credit : Health and Hope
Photo Credit : Health and Hope

ချင်ပြည်နယ်အတွင်း နယ်စွန်နယ်ဖျား၊ လမ်းပမ်းဆက်သွယ်ရေးခက်ခဲသည့် ဝေးလံခေါင်သီများအတွက် ဆေးဝါးကုရေး အဆင်ပြေပို့ဆောင်နိုင်ရန် မောင်းသူမဲ့ လေယာဉ်(ဒရုန်း) များ ပြင်ဆင်လျက်ရှိကြောင်း ဒေါက်တာ ဆာဆာကပြောသည်။

ဒေါက်တာ ဆာဆာက “ချင်းပြည်နယ်မှာ လူမဲ့လေယာဉ် (ဒရုန်း) ကိုအသုံးပြုပြီးတော့ ဆေးဝါးကုသမှု လုပ်ဆောင်ဖို့ရန်ပြင်ဆင်နေတယ်၊ ချင်းပြည်နယ်အတွင်း ဘယ်နေရာမဆို လိုအပ်သည့်ဆေးဝါးများကို ပို့ဆောင်ပေးမယ်၊ အဲ့ဒီအတွက် အမေရိကန်ပြည်ထောင်စု အဖွဲ့အစည်းတစ်ခုက လေယာဉ် ၂ စီးလှူပေးသွားပြီးပြီ၊ ချင်းပြည်နယ်ဟာ အနောက်ကျဆုံးပြည်နယ် ဖြစ်သော်လည်း ပထမဆုံးပြည်နယ် ဖြစ်လာတော့မယ်” ဟု ပြောသည်။

အဆိုပါအကြောင်းကို ချင်းလန်းကလပ်မှ မြန်မာအိုင်ဒေါစီးစင် (၄) တွင် Top 5 ရောက်ချင်းလူမျိုးမောင်မယ်များအား ဂုဏ်ပြုသည့် အခန်းအနားတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ ဆာဆာမှဆက်ပြီး “၂၀၂၀ သည် ကျွန်တော်တို့ ချင်းလူမျိုးတွေအတွက် အကောင်းဆုံးနှစ် ဖြစ်မယ်လို့ ကျွန်တော်ယုံကြည်တယ်၊ မကြာခင်မှာ ကျွန်တော်တို့ ချင်းပြည်နယ်မှာ လေဆိပ်နှစ်ခု ရှိတော့မယ်၊ ဖလမ်းလေဆိပ်နှင့် လိုင်လင်ပီးလေဆိပ်ဖြစ်တယ်၊ လိုင်လင်ပီးကတော့ ကျွန်တော်တို့ လုပ်တာမကြာသေးဘူး၊ ဒါပေမဲ့ မေလအတွင်းမှာ ကျွန်တော်တို့ ပြီးသွားမယ်၊ မကြာခင်မှာ မြန်မာနိုင်ငံအတွင်း လေဆိပ်အများဆုံးပြည်နယ် ဖြစ်လာမယ်” ဟု ပြောသည်။

ထို့ပြင် ချင်းပြည်နယ်အတွင်း ဝေးလံခေါင်သီ နယ်စွန်နယ်ဖျားများ ကျန်းမာရေး အလွယ်တကူ စောင့်ရှောက်နိုင်ရန် မိုဘိုင်းဖုန်းစနစ်နှင့် ရုပ်သံမှစစ်ဆေးမှုများကို မကြာခင်အသုံးပြုတော့မည် ဖြစ်ကြောင်း ဒေါက်တာ ဆာဆာက ဆိုသည်။

၄င်းက “အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ တက္ကသိုလ်နဲ့ ကျွန်တော်တွဲပြီး မိုဘိုင်းဖုန်းကို အသုံးပြုပြီးတော့ ပထမဆုံး ဓါတ်မှန်ရိုက်တဲ့ အစီအစဉ်ကို အသုံးပြုတော့မယ်၊ ကျွန်တော်တို့ ရန်ကုန်ကို ဆေးရုံတက်စရာတောင် မလိုတော့ဘူး၊ ရန်ကုန်ဖက်ကသာ ဆေးရုံလာတက်မယ်၊ ပြီးတော့ သြစတီးလျ နိုင်ငံနှင့်တွဲပြီး Television ကိုအသုံးပြုပြီး ကျန်းမာရေး လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတယ်၊ ဒါကိုကျွန်တော်တို့ အောင်မြင်လာတဲ့ တစ်နေ့ကျရင် လူနာကဆေးရုံလာစရာ မလိုတော့ဘူး၊ ဆရာဝန်တွေက လူနာဆီကိုသွားရတော့မယ်” ဟု ပြောသည်။

ချင်းပြည်နယ်တွင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် ဆေးကုသရာတွင် အချိန်မမှီခြင်း၊ လမ်းတွင်သေဆုံးခြင်း အပါအဝင် ဒုက္ခမျိုးဆုံကြုံတွေ့ရလေ့ရှိတယ်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...