လက်ရှိ ပြည်နယ်အစိုးရ လုပ်ငန်းကြီးများ ယခင်အစိုးရလက်ထက် လုပ်ငန်းများကို ဆက်လက် ဖော်ဆောင်ခြင်းဟု ဆို

လက်ရှိ ပြည်နယ်အစိုးရ လုပ်ငန်းကြီးများ ယခင်အစိုးရလက်ထက် လုပ်ငန်းများကို ဆက်လက် ဖော်ဆောင်ခြင်းဟု ဆို

အဲန်အယ်လ်ဒီအစိုးရလက်ထက် ချင်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း ဘတ်ဂျက်အကုန်အကျများသည့် လုပ်ငန်းများသည် ယခင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် လုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော်ခြင်းများဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ဒေါ်နီဆွေလျန်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ပြောသည့် ဘတ်ဂျက်အကုန်အကျများသည့် လုပ်ငန်းများတွင် ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဖြစ်သည့် ကျီခါးမြို့မှ ချင်းပြည်နယ်တောင်ပိုင်းအစွန် ပလက်ဝအထိ ကားလမ်းပေါက်မည့်စီမံကိန်း၊ ဖလမ်းမြို့နယ်တွင်တည်ဆောက်နေသည့် ဆုရ်ဘုန်လေယာဉ်ကွင်း၊ ဟားခါးကောလိပ်ရရှိသည့်ကိစ္စများပါဝင်သည်။

 “ဆုရ်ဘုန်လေယာဉ်ကွင်း၊ ကျီခါး-ပလက်၀ ကားလမ်းအတွက်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက တောင်းဆိုပြီး ဘက်ဂျက်လည်း အကုန်ကျပြီးသား ဖြစ်တယ်၊ အဲဒါကို လက်ရှိအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့က ဆက်လက်လုပ်ငန်းအကောင်အထည် ဖော်ပေးခြင်းသာဖြစ်တယ်” ဟု ဒေါ်နီဆွေလျန်က ပြောသည်။

ချင်းပြည်နယ်အတွင်း လုပ်ငန်းကြီးများဖြစ်သည့် စီမံကိန်းအချို့သည် ချင်းအမျိုးသားတပ်ဦးမှ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ယခင်အစိုးရထံ တောင်းဆိုခဲ့သည့် လုပ်ငန်းများလည်းပါဝင်ကြောင်း ဒေါ်နီဆွေလျန်ကပြောသည်။

ဒေါ်နီဆွေလျန်က “ဖလမ်းမြို့က ဆုရ်ဘုန်လေယာဉ်ကွင်းကို သမ္မတဦးသိန်းစိန်ခေတ်က ချင်းအမျိုးသားတပ်ဦးက သင့်တော်တဲ့ တစ်နေရာရာမှာ ဆောက်ပေးဖို့ တောင်းဆိုထားတယ်၊ ဟားခါး တက္ကသိုလ်ကတော့ ချင်းအမျိုးသားတပ်ဦးထဲ တောင်းဆိုထားတာ မဟုတ်ဘူး၊ မြို့မိမြို့ဖကလည်း တောင်းဆိုထားတယ်၊ ပြီးတော့ ပထမအကြိမ်အစိုးရသက်တမ်းတုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကလည်း တောင်းဆိုထားတယ်၊ ဦး သိန်းစိန်လက်ထက်တုန်းက ဘတ်ဂျက်တွေ အကုန်လုံးကျပြီးသား ဖြစ်တယ်”ဟု ပြောသည်။

သူက ဆက်ပြီး “လက်ရှိအစိုးရ တက်လာပြီးတဲ့နောက် ထင်ထင်သာသာ လုပ်ငန်းလုပ်ဆောင်တာ ဆိုရင် ပညာရေးအတွက် ကျောင်းအဆင့်မြင့် ပေးတာတို့ပါတယ်၊ ကျောင်းဆောက်ပေးတာတို့ကတော့ ပြည်သူတွေအနေနဲ့ မျက်မြင်တွေ့နိုင်တဲ့ တိုးတက်မှုတစ်ခု ဖြစ်တယ်” ဟု ပြောသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...