လက်ရှိ ပြည်နယ်အစိုးရ လုပ်ငန်းကြီးများ ယခင်အစိုးရလက်ထက် လုပ်ငန်းများကို ဆက်လက် ဖော်ဆောင်ခြင်းဟု ဆို

လက်ရှိ ပြည်နယ်အစိုးရ လုပ်ငန်းကြီးများ ယခင်အစိုးရလက်ထက် လုပ်ငန်းများကို ဆက်လက် ဖော်ဆောင်ခြင်းဟု ဆို

အဲန်အယ်လ်ဒီအစိုးရလက်ထက် ချင်းပြည်နယ်အစိုးရအနေဖြင့် ပြည်နယ်အတွင်း ဘတ်ဂျက်အကုန်အကျများသည့် လုပ်ငန်းများသည် ယခင် ပြည်ခိုင်ဖြိုးအစိုးရလက်ထက် လုပ်ငန်းများကို ဆက်လက်အကောင် အထည်ဖော်ခြင်းများဖြစ်ကြောင်း ထန်တလန်မြို့နယ် ပြည်သူ့လွှတ်တော် ဒေါ်နီဆွေလျန်က ပြောသည်။

လွှတ်တော်ကိုယ်စားလှယ်ပြောသည့် ဘတ်ဂျက်အကုန်အကျများသည့် လုပ်ငန်းများတွင် ချင်းပြည်နယ်မြောက်ပိုင်းအစွန်ဖြစ်သည့် ကျီခါးမြို့မှ ချင်းပြည်နယ်တောင်ပိုင်းအစွန် ပလက်ဝအထိ ကားလမ်းပေါက်မည့်စီမံကိန်း၊ ဖလမ်းမြို့နယ်တွင်တည်ဆောက်နေသည့် ဆုရ်ဘုန်လေယာဉ်ကွင်း၊ ဟားခါးကောလိပ်ရရှိသည့်ကိစ္စများပါဝင်သည်။

 “ဆုရ်ဘုန်လေယာဉ်ကွင်း၊ ကျီခါး-ပလက်၀ ကားလမ်းအတွက်လည်း သမ္မတ ဦးသိန်းစိန် လက်ထက်တုန်းက တောင်းဆိုပြီး ဘက်ဂျက်လည်း အကုန်ကျပြီးသား ဖြစ်တယ်၊ အဲဒါကို လက်ရှိအစိုးရ အမျိုးသားဒီမိုကရေစီအဖွဲ့က ဆက်လက်လုပ်ငန်းအကောင်အထည် ဖော်ပေးခြင်းသာဖြစ်တယ်” ဟု ဒေါ်နီဆွေလျန်က ပြောသည်။

ချင်းပြည်နယ်အတွင်း လုပ်ငန်းကြီးများဖြစ်သည့် စီမံကိန်းအချို့သည် ချင်းအမျိုးသားတပ်ဦးမှ အပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုပြီးနောက်ပိုင်း ယခင်အစိုးရထံ တောင်းဆိုခဲ့သည့် လုပ်ငန်းများလည်းပါဝင်ကြောင်း ဒေါ်နီဆွေလျန်ကပြောသည်။

ဒေါ်နီဆွေလျန်က “ဖလမ်းမြို့က ဆုရ်ဘုန်လေယာဉ်ကွင်းကို သမ္မတဦးသိန်းစိန်ခေတ်က ချင်းအမျိုးသားတပ်ဦးက သင့်တော်တဲ့ တစ်နေရာရာမှာ ဆောက်ပေးဖို့ တောင်းဆိုထားတယ်၊ ဟားခါး တက္ကသိုလ်ကတော့ ချင်းအမျိုးသားတပ်ဦးထဲ တောင်းဆိုထားတာ မဟုတ်ဘူး၊ မြို့မိမြို့ဖကလည်း တောင်းဆိုထားတယ်၊ ပြီးတော့ ပထမအကြိမ်အစိုးရသက်တမ်းတုန်းက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကလည်း တောင်းဆိုထားတယ်၊ ဦး သိန်းစိန်လက်ထက်တုန်းက ဘတ်ဂျက်တွေ အကုန်လုံးကျပြီးသား ဖြစ်တယ်”ဟု ပြောသည်။

သူက ဆက်ပြီး “လက်ရှိအစိုးရ တက်လာပြီးတဲ့နောက် ထင်ထင်သာသာ လုပ်ငန်းလုပ်ဆောင်တာ ဆိုရင် ပညာရေးအတွက် ကျောင်းအဆင့်မြင့် ပေးတာတို့ပါတယ်၊ ကျောင်းဆောက်ပေးတာတို့ကတော့ ပြည်သူတွေအနေနဲ့ မျက်မြင်တွေ့နိုင်တဲ့ တိုးတက်မှုတစ်ခု ဖြစ်တယ်” ဟု ပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...