ရခိုင်မှ မကွေးသို့ပြောင်းရွှေ့လာသည့် ချင်းလူမျိုးစစ်ဘေးရှောင်များအား AA နှင့်ဆက်စပ်သူများပါနိုင် ဟုဆိုကာ ဒေသခံများမှ တည်းခိုခွင့်မပေးလိုသည့်အခြေအနေများကြုံတွေ့ရ

ရခိုင်မှ မကွေးသို့ပြောင်းရွှေ့လာသည့် ချင်းလူမျိုးစစ်ဘေးရှောင်များအား AA နှင့်ဆက်စပ်သူများပါနိုင် ဟုဆိုကာ ဒေသခံများမှ တည်းခိုခွင့်မပေးလိုသည့်အခြေအနေများကြုံတွေ့ရ

Salai Khup Khup — ရခိုင်ပြည်နယ် အမ်းမြို့နယ်ဖက်မှ မကွေးတိုင်းဖက်သို့ ပြောင်းရွေ့လာသည့် ချင်းလူမျိုးစစ်ဘေး ရှောင်များကို ရက္ခိုင့်တပ်မတော်(AA)နှင့် ပက်သက် ဆက်နွယ်မှု ရှိနိုင်သည်ဟု ထင်ကာ မကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ယာယီတည်း ခိုခွင့်ကို ဒေသခံများမှ မပေးလိုကြကြောင်း အရှိုချင်းလူငယ်ခေါင်းဆောင် ဆလိုင်း ရိုးမောင်က ပြောသည်။

အရှိုချင်း လူငယ်ခေါင်းဆောင် ဆလိုင်းရိုးမောင်က “ကျွန်တော်တို့ ဒေသမှာ တချို့ချင်းရွာတွေကတောင် လက်မခံချင်ကြဘူး။ ဘာလို့လည်း ဆိုတော့ AA တပ်ဖွဲ့ဝင်တွေထဲမှာ ရခိုင်ပြည်မှာရှိတဲ့ ချင်းလူမျိုး အယောက်(၂၀၀)လောက် ရှိတယ်လို့ AAဖက်က ထုတ်ပြန်ထားတာရှိတော့ တစ်ချို့က ထောက်လှန်းရေးနဲ့များ AAကလွှတ်သလား ဆိုပြီး ဒီမကွေးတိုင်း ဒေသဖက်မှာရှိတဲ့ ကိုယ့်ချင်းလူမျိုး အချင်းချင်းကတောင် လန့်နေကြတယ်။ အကုန်လုံးက မယုံသင်္ကာတဲ့ မျက်လုံးတွေနဲ့ လက်မခံချင် ကြတော့ဘူး။ ညအိပ်ဖို့ကိုတောင် လက်မခံချင်ကြတော့ဘူး”ဟုပြောသည်။

မကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ရခိုင်ပြည်နယ် အမ်းမြို့နယ်ဖက်မှ ပြောင်းရွေ့လာသည့် ချင်းလူမျိုး အယောက်(၁၀၀) ကျော်နေပြီဖြစ်ပြီး ကျေးရွာအချို့က တည်းခိုခွင့် မပေးသည့် ပြောင်းရွေ့ချင်းလူမျိုးများကို ရဲစခန်းများတွင် တည်းခိုကြကြောင်း ဆလိုင်းရိုးမောင်က ပြောသည်။

“ရခိုင်ပြည်နယ်ဖက်က ချင်းတွေကလည်း မှတ်ပုံတင်တွေ အပ်မယ်။ ဒီမှာတစ်ညလောက် တည်းမယ် ဆိုတာတောင် ဒီဖက်က လက်မခံရဲကျတော့ ရဲစခန်းကတော့ သူတို့စခန်းမှာလာအိပ်ဖို့ လက်ခံတယ်။ နောက်ပြီး ကျွန်တော်တို့ကလည်း ချင်းရွာမှာ မထားဘဲနဲ့ အောက်ဖက်မှာရှိတဲ့ ဗမာရွာမှာရှိတဲ့ ဘုရားကျောင်းမှာ ထားတယ်”ဟုပြောသည်။

မကွေးတိုင်း ချင်းရေးရာဝန်ကြီး ဦးလှထွန်းက “ဘယ်မြို့နယ်က ဘယ်နှယောက် လာမယ်ဆိုတာ စာတင်ပြလာမှ သိရမှာလေ။ တိုင်းအစိုးရအနေနဲ့ဘာမှ မသိရသေးဘူး။ တိုင်းအစိုးရမှာတင်ပြလာရင် ပြည်ထောင်စုကို တင်ပြရမယ်။ ဒါပြီးမှ အစိုးရက စီစဉ်ပေးမှာပေါ့”ဟုပြောသည်။

လက်ရှိမကွေးတိုင်းဒေသကြီး ကျေးရွာအချို့တွင် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့သည့် ချင်းလူမျိုးများရာဂဏန်းရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ်ဖက်မှ နောက်ထပ် ပြောင်းရွေ့လာအုံးမည့် ချင်းလူမျိုး လူဦးရေ ခြောက်ရာကျော်ဝန်းကျင် ရှိနိုင်သေးကြောင်းသိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...