န်ကြီး ဦးစိုးထက်၏ ခရီးစဉ်သည် ရုံးပိတ်ရက်တွင် သွားခြင်းနှင့် ဖုန်းလိုင်းမရသည့် ဒေသသို့သွားခြင်းဖြစ်ခြင်းကြောင့် အဆက်အသွယ်မရခြင်းဖြစ်

န်ကြီး ဦးစိုးထက်၏ ခရီးစဉ်သည် ရုံးပိတ်ရက်တွင် သွားခြင်းနှင့် ဖုန်းလိုင်းမရသည့် ဒေသသို့သွားခြင်းဖြစ်ခြင်းကြောင့် အဆက်အသွယ်မရခြင်းဖြစ်

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်သည် ရုံးပိတ်ရက်၌ ဖလမ်းခရိုင်တွင်း အိန္ဒိယနယ်စပ်တစ်လျှောက်ရှိ ဒေသများတွင် ကွင်းဆင်းခရီးသွားခြင်းကြောင့် ဖုန်းလိုင်းအဆက် အသွယ်ပြတ်တောက်ခြင်း၊ အစိုးရအဖွဲ့ဝင်အချို့နှင့် ဌာနဆိုင်ရာဖက်မှ ခရီးစဉ်အပေါ် မသိရှိကြခြင်းဖြစ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ်၏ PSO မှ ချင်းဝေါလ်သတင်းဌာနသို့ ပြောကြားသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ်၏ PSO ဖြစ်သူက ” ရုံးပိတ်ရက်တွေမှာ ခရီးသွားခဲ့တာကြောင့် အစိုးရအဖွဲ့ဝင်အချို့နဲ့ ဌာနဆိုင်ရာဖက်က မသိတာဖြစ်သလို နယ်စွန်နယ်ဖျားဖြစ်တဲ့အတွက်ကြောင့် ဖုန်းလိုင်းအဆက်အသွယ်ပြတ်တာဖြစ်တယ်။ လိုင်းရတဲ့အချိန်တိုင်း ဝန်ကြီးချုပ်ဆီကို အမြဲအဆက်အသွယ်လုပ်ပါတယ်။ သူရေအားလျှပ်စစ်နဲ့ပတ်သက်တာတွေကို သွားရောက်ကွင်းဆင်းလေ့လာတာဖြစ်တယ်” ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီးနှင့် အဆက်အသွယ်မရကြောင်း သတင်းများထွက်ပေါ်နေသည့်အတွက် ချင်းဝေါလ်ရုံးမှ ဝန်ကြီးနှင့်ပုံမှန်ဆက်သွယ်လေ့ရှိသည့် ဖုန်းနံပတ်ကို ဆက်သွယ်သော်လည်း စက်ပိတ်ထားခြင်းကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သည့် လူမှုရေးဝန်ကြီးကို ဆက်သွယ်သော်လည်း အစည်းအဝေးတက်နေပြီး အဆက်အသွယ်မရသဖြင့်

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကို မေးမြန်းခဲ့ရာ ခရီးစဉ်အပေါ်မိမိမသိရှိကြောင်း၊ ချင်းပြည်နယ် စည်ပင်ညွှန်ကြားရေးမှူးကိုတိုက်ရိုက်မေးမြန်းပါက ပိုမိုသိရှိမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသဖြင့် ချင်းပြည်နယ် စည်ပင်သာယာရေးညွှန်ကြားရေးမှူး ဦးလွန်ဇဝုန်အား မေးမြန်းခဲ့ရာ အောက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့သည်။

ချင်းပြည်နယ် စည်ပင်သာယာရေးညွှန်ကြားရေးမှူးက ” သူသွားတဲ့ဖက်မှာဖုန်းလိုင်းမမိလို့ အဆက်အသွယ် တစ်ချက်တစ်ချက်ပြတ်တာဖြစ်တယ်။ ရုံးအဖွဲ့နဲ့တော့ အဆက်အသွယ်ရပါတယ်။ သူက ဇန်နဝါရီလ (၅) ရက်နေ့က သွားတာဖြစ်တယ်။ ဒီနေ့ရက်ပိုင်းပြန်ရောက်မယ်ထင်တယ်။ သူ့ခရီးစဉ်က အိန္ဒိယနယ်စပ်ဖြစ်တဲ့ ရိခေါဒါရ်လည်းပါသလို တီးတိန်မြို့နယ်တွင်းက အိန္ဒိယနယ်စပ်တွေလည်းပါတယ်” ဟုပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးရုံးသို့ဆက်သွယ်ရာတွင်လည်း ရုံးမှ ” အစည်းအဝေးတွေလုပ်နေလို့ ဖုန်းဆက်ပိတ်ထားတာဖြစ်မှာပေါ့” ဟုပြန်လည်ဖြေကြားခဲ့သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဦးစိုးထက်သည် ပလက်ဝဇာတိဖြစ်ပြီး ချင်းပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲအပေါ် ပြည်နယ်အစိုးရ၏ သဘောထားကို ပြတ်ပြတ်သားသား ပြောဆိုသူဖြစ်သည့်အတွက် အွန်လိုင်းတွင်ခြိမ်းခြောက်ခံရသည့် ဝန်ကြီးတစ်ပါးဖြစ်ခြင်းကြောင့် အဆက်အသွယ်မရကြောင်း သိရှိသူဒေသခံများမှ စိုးရိမ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်က ” သူသွားတဲ့ဖက်က ပြသနာကြီးကြီးမားမားဖြစ်တဲ့နေရာလည်းမဟုတ်တော့ စိုးရိမ်စရာမရှိပါဘူး။ သူအဆင်ပြေပါတယ်” ဟုပြောသည်။

ဝန်ကြီးဦးစိုးထက်သည် ရွေးကောက်ပွဲရွေးကောက်ပွဲမှတစ်ဆင့် ချင်းပြည်နယ်အစိုးရအဖွဲ့သို့ပါဝင်လာသူမဟုတ်ပဲ တတ်သိပညာရှင်တစ်ဦးအဖြစ် ဝန်ကြီးတာဝန်ထမ်းဆောင်ရန် ဖိတ်ခေါ်ခံထားရသည့် ယခင် အမျိုးသားလွှတ်တော်ရုံး ဒု-ညွှန်ကြားရေးမှူးချုပ်ဟောင်းတစ်ဦး ဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...