ဟားခါးရှုခင်းသာတွင် အဆောက်အဦးများတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးပြီဖြစ်သော်လည်း ဒေသခံများကန့်ကွက်မှုကြောင့် ပြန်လည်ဖျက်သိမ်း

ဟားခါးရှုခင်းသာတွင် အဆောက်အဦးများတည်ဆောက်မှု ၅၀ ရာခိုင်နှုန်းပြီးပြီဖြစ်သော်လည်း ဒေသခံများကန့်ကွက်မှုကြောင့် ပြန်လည်ဖျက်သိမ်း

ဟားခါးမြို့အတက် ဂန့်ဂေါလမ်းဘေးရှိ ဟားခါးရှုခင်းသာဧရိယာအတွင်း ကလေးကစားကွင်းနှင့် စားသောက်ဆိုင်ဖွင့်နိုင်ရန်အတွက် ကန်ထရိုက်ရရှိသူများမှ အဆောက်အဦး တည်ဆောက်မှု ၅၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်သော်လည်း လူထုကန့်ကွက်ခြင်းကြောင့် ပြန်လည်ဖျက်ဆီးနေပြီဖြစ်ကြောင်းသိရသည်။

“လူထူက မကြိုက်လို့၊ပြည်သူလူထုက ကျယ်ကျယ်ဝန်းဝန်းရှိတဲ့နေရာမှာ အဆောက်အဦးဆောက်လိုက်လို့ရှိရင်နေရာကျဉ်းသွားတာပေါ့၊ အပန်းဖြေအနားယူတဲ့နေရာကျဉ်းသွားတယ်၊ အဲဒါကို လူထုက လက်မခံလို့ ပြန်ဖျက်ရတာပါ၊ ကန်ထရိုက်ရတဲ့သူတွေကလည်း ပစ္စည်းတွေဝယ်၊ ကုန်ကျစရိတ်အရသူတို့ကလည်းရှုံးသွားပါတယ်၊ ဒါပေမယ့် ပြည်သူလူထုရဲ့ဆန္ဒကိုနားထောင်တဲ့အတွက်လည်း အများကြီးဝမ်းသာပါတယ်”ဟု ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်မှ ပြောသည်။

အဆိုပါအဆောက်အဦးများတည်ဆောက်နေမှုမှာ ၅၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်သော်လည်း လူထု၏ ကန့်ကွက်မှုများလာခြင်းကြောင့် အစိုးရမှ ပြန်လည်ဖျက်သိမ်းရခြင်းဖြစ်သည်။

အဆိုပါ နေရာတွင် ကလေးကစားကွင်းအပါအဝင် ကော်ဖီဆိုင်ဖွင့်နိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရမှ ကန်ထရိုက် ကျပ်သိန်းတစ်ရာ့တစ်သိန်း ပေးထားခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ် စည်ပင်ညွှန်/မှူးဟောင်း ဦး ထလာဟရဲမှ “ကန်ထရိုက်မှာက ကော်ဖီဆိုင်ဖွင့်လို့ရတယ်၊ စားသောက်ဆိုင်ရယ်၊ ကလေးကစားကွင်းလုပ်ခွင့်ရှိတယ်ဆိုပြီး လိုင်စင်ကိုသိန်းတစ်ရာ့တစ်သိန်းနဲ့ ရောင်းတာဖြစ်တယ်၊ကလေးကစားကွင်းဆောက်တဲ့ဟာက ၂နှစ်စာယာယီဆောက်ထားပေမယ့်၊စည်ပင်က နောက်မှာရွှေ့ပြီးတော့စောင်းတဲ့နေရာမှာပြန်ဆောက်ခိုင်းတယ်၊စောင်းတဲ့ဘက်ကဆောက်ဖို့အဆင်မပြေတော့ဘူး ၊ပြီးတော့ စည်ပင်ကသဘောမတူ ၊လူထုကသဘောမတူ ဆိုတော့ မဆောက်တာအကောင်းဆုံးပဲဆိုပြီး ပြန်ဖျက်ရတာပါ”ဟုပြောသည်။

ဟားခါးမြို့ခံလူငယ်တစ်ဦးဖြစ်သူ ဒေါက်တာကျုံးပီး က “ကန်ထရိုက်ယူတဲ့သူတွေက ဘယ်လောက်ပဲ ပြည်သူတွေအဆင်ပြေဖို့ ကစားကွင်းလုပ်တယ်၊ဘယ်လောက်ကောင်းတဲ့ စားသောက်ဆိုင်တွေလုပ်ပါစေ ၊ ပြည်သူပိုင်ကို ပုဂ္ဂလိကကိုထိန်းချုပ်ခိုင်းတာ လူငယ်တစ်ယောက်အနေနဲ့ လုံးဝမကြိုက်ဘူး၊ Public Space နေရာကို အစိုးရက သတ်မှတ်ပြီးသား၊ လူတိုင်း free နဲ့သွားလို့ရတယ်လို့သတ်မှတ်ပြီးသားနေရာကို ထိန်းသိမ်းဖို့ဆိုတဲ့ဟာလေးနဲ့ ကန်ထရိုက်ပေးတယ်ဆိုတာကလည်း လုံးဝအဆင်မပြေဘူး”  ကလေးကစားကွင်းတည်ဆောက်မှုကို နိုဝင်ဘာလ ၂၀ရက်တွင်တည်ဆောက်မှုကို  စတင်ခဲ့ပြီး ၁၇ရက်ကြာပြီးနောက် အဆိုပါကစားကွင်းတည်ဆောက်မှုကို ရှုခင်းသာ ဧရိယာတွင်တည်ဆောက်ခြင်းဖြစ်သဖြင့် ဒေသခံလူထုမှ ကန့်ကွက်ခြင်းကြောင့် ပြန်လည်ဖျက်သိမ်းခြင်းဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...