လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲနီးလာချိန်တွင် ခြိမ်းခြောက်မှုနှင့်အကြမ်း ဖက်မှုကြုံတွေ့ရနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော

လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပွဲနီးလာချိန်တွင် ခြိမ်းခြောက်မှုနှင့်အကြမ်း ဖက်မှုကြုံတွေ့ရနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်ပြော

၂၀၂၀ ရွေးကောက်ပွဲ နီးလာပြီဖြစ်ခြင်းကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုကြုံတွေ့ရနိုင်ကြောင်း ဒီဇင်ဘာလ (၃) ရက်နေ့က နေအိမ်တွင်း လက်ပစ်ဗုံး အပစ်ခံရသူ တမူးမြို့နယ် အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် ကပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်က “၂၀၂၀ ရွေးကောက်ပွဲ နီးလာတယ် ဆိုတော့ ကိုယ်စားလှယ်တွေကို ခြိမ်းခြောက်တာတွေ လုပ်ကြံတာတွေ အကြမ်းဖက်တာတွေ ရှိလာနိုင်တယ်။ ဒါတော့ နိုင်ငံရေးဖြစ်စဉ်ဆိုတော့ သိပ်မဆန်းပါဘူး။ နိုင်ငံရေးသမားဆိုတော့ ဒီလိုခြိမ်းခြောက်တာတွေ ကြောက်စရာမလိုပါဘူး။ လုပ်စရာရှိတာ ဆက်လုပ်ဖို့ဘဲရှိတယ် ဒါပေမဲ့ မိသားစုရဲ့ လုံခြုံရေးကိုတော့ စိုးရိမ်ရတယ်”ဟုပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် နေပြည်တော်တွင် ရောက်ရှိနေချိန်တွင် သူ၏ နေအိမ်၌ ဒီဇင်ဘာလ (၃)ရက်နေ့ ည(၇)နာရီဝန်းကျင်တွင် ဆိုင်ကယ်စီးလာသူ အမည်မသိ နှစ်ဦးမှ နေအိမ်အတွင်း လက်ပစ်ဗုံး ပစ်သွင်းခဲ့သည်။

ဦးမောင်မောင်လတ်က “ကျွန်တော်တော့ နေပြည်တော်ရောက်နေတယ် ပေါက်ကွဲမှုတော့ မဖြစ်လိုက်ဘူး။ အုပ်ချုပ်ရေးလိုင်း တာဝန်ရှိသူ ရဲတွေက လာပြီးယူသွားတယ်။ လက်ပစ်ဗုံးက 91 အမျိုးအစားလို့ သိရတယ် နောက်တစ်နေ့ မနက် ရွှေကဘော် ဂေါက်ကွင်းမှာ သွားခွဲလိုက်တဲ့ အခါကျတော့ တော်တော်လေးပြင်းပြင်း ထန်ထန်နဲ့ ပေါက်ကွဲသွားတယ် လို့ ပြောပါတယ်”ဟုပြောသည်။

လက်ပစ်ဗုံးပစ်သွင်း ခံရသည့် အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် နေအိမ်တွင် ဦးမောင်မောင်လတ်၏ မိခင်၊ ညီမနှင့် အစ်ကိုတို့ရှိကြပြီး မည်သည့်ရည်ရွယ်ချက်ဖြင့် လက်ပစ်ဗုံးလာ ပစ်သွားကြောင်း သုံးသပ်ရ ခက်နေကြောင်း အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ် ကပြောသည်။

သူက “ကျွန်တော်လည်း မရှိတဲ့အချိန် လာချသွားတယ်ဆိုတော့ ကျွန်တော်မိသားစု ကို ခြိမ်းခြောက်တာလား။ ကျွန်တော်မရှိတာကို မသိလို့လား။ ဒါတွေကို စဉ်းစားဆုံးဖြတ် ရတာခက်တယ်။ ဘယ်သူလုပ်တာလည်း တရားခံဖော်နိုင်မှဘဲ တိတိကျကျ သိရမှာဆိုတော့ သုံးသပ်ရတာ အရမ်းခက်တယ်”ဟုပြောသည်။

အမျိုးသားလွှတ်တော်အမတ် ဦးမောင်မောင်လတ်သည် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်အတွင်း ခိုအောင်းလှုပ်ရှားနေသည့် ကသည်းသူပုန်များအား ရှင်းလင်းဖယ်ရှင်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်းမေးမြန်းခဲ့သူဖြစ်သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...