Published
Tuesday, December 03, 2019
AAအဖွဲ့မှ ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးမှုကို မလိုလားသည့် စိတ်ဓာတ်ပေါ်လွင်ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြော
Salai Khup Khup — ပလက်ဝ- ဇိုရမ်ပူလမ်းစီမံကိန်အတွက် ယာဉ်၊ယန္တရားများ တင်ဆောင်လာသည့် သင်္ဘောကို AAအဖွဲ့မှ ချောင်းမြောင်း ပစ်ခတ်ခြင်းမှာ ချင်းပြည်နယ်၏ ဒေသဖွံ့ဖြိုးမှုကို မလိုလားသည့် စိတ်ဓာတ်ပေါ်လွင်ကြောင်း ချင်းပြည်နယ်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်မှပြောသည်။
ရက္ခိုင့်တပ်မတော်AAအဖွဲ့မှ နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် ပလက်ဝ- ဇိုရမ်ပူ လမ်းစီမံကိန်းတွင် အသုံးပြုရန် မြေတူးစက်သုံးစီး၊ မြေကော်ယာဉ် တစ်စီးနှင့် မြေညှိစက်တစ်စီး တင်ဆောင်ထားသည့် ပင်လယ်မင်းသမီး ဇက်သင်္ဘောကို AAအဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ် တားဆီးခဲ့ကြောင်း သိရသည်။
ဝန်ကြီးဦးစိုးထက်က “ပစ်တာခတ်တာတွေနဲ့ ဒီလိုမျိုးတော့ အနှောက့်အယှက် မပေးစေချင်ဘူ။း အခုလိုလုပ်ရပ်က သူတို့ရဲ့စိတ်ဓာတ်ဘဲ သူတို့ရဲ့ တော်လှန်ရေးအရ အဲလိုဘဲ ပုံဖော်ထားတော့ ကျွန်တော်တို့ ဖက်ကဘဲ လုံခြုံမှုရှိအောင် ပြည်သူတွေရဲ့ လုံခြုံရေးဘဲဖြစ်ဖြစ် ဆောက်လုပ်ရေး လုပ်ငန်းမှာဖြစ်ဖြစ် အောင်မြင်အောင်လုပ်ရမှာ။ ကျွန်တော်တို့ ဒေသရဲ့ ဖွံ့ဖြိုးမှုကို မလိုလားတဲ့ သူတို့ရဲ့စိတ်ဓာတ်ပေါ်လွန် တာပေါ့ ။အခုလိုလုပ်ရပ်က သူတို့ရဲ့စိတ်ဓာတ်မျိုးနဲ့ သူတို့တိုင်းပြည်လည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူး။ ဒီလောက်ဆင်းရဲပြီး ခက်ခဲနေတဲ့ ဒေသတွေမှာ အခုလိုအနှောက်ယှက် ပေးတာအံ့သြစရာလည်း ကောင်းတယ်။ သူတို့တိုင်းပြည်လည်း မဖွံ့ဖြိုးဘူး ၊ ကျွန်တော်တို့ တိုင်းပြည်လည်း မဖွံ့ဖြိုးဘူး”ဟုပြောသည်။
ပလက်ဝ- ဇိုရမ်ပူ လမ်းစီမံကိန်းအတွက် သယ်ဆောင်လာသည့် သင်္ဘောကို တားဆီးပြီးနောက် AAအဖွဲ့ဝင်များက သင်္ဘောပေါ်သို့ ရောက်ရှိလာပြီး ရေယာဉ် အမူထမ်းများကို လက်ပြန်ကြိုးတုပ်၍ ကမ်းပေါ်သို့ ခေါ်ဆောင်စစ်ဆေးမူများ ပြုလုပ်ပြီး လက်ကိုင်တယ်လီဖုန်းလေးလုံးနှင့် ငွေကျပ်သုံးသိန်းခန့်အား ယူဆောင်ပြီး ပြန်လည်စေလွှတ်ပေးခဲ့ကြောင်းလည်း သိရှိရသည်။