ဘိန်း အစားထိုးစိုက်ပျိုးရန် ဝဥ စိုက်ခင်း တစ်ဧကလျှင် ကျပ် ၁၅ သိန်း ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမည်

ဘိန်း အစားထိုးစိုက်ပျိုးရန် ဝဥ စိုက်ခင်း တစ်ဧကလျှင် ကျပ် ၁၅ သိန်း ချင်းပြည်နယ်အစိုးရမှ ထောက်ပံ့ပေးမည်

ချင်းပြည်နယ်ရှိ ဘိန်းအစားထိုးစိုက်ပျိူးရန် ဝဥ စိုက်ခင်း တစ်ဧကလျှင် ကျပ် ၁၅ သိန်း ထောက်ပံနိုင် ရန် ချင်းပြည်နယ် အစိုးရနှင့် SME Bank တွဲပြီး လုပ်ဆောင်ပေးရန် ဆောင်ရွက်နေကြောင်း ချင်းပြည်နယ် အစိုးရပြောရေးဆိုခွင့်ရှိသူ စည်ပင် ဝန်ကြီး ဦးစိုးထက်က ပြောသည်။

ဝန်ကြီး ဦး စိုးထက်က “ကျွန်တော်တို့ ချင်းပြည်အတွင်းရှိ ၉ မြို့နယ်လုံးကို ပေးဖို့ရှိတယ်၊ တစ်ပြည်နယ်လုံးကို သိန်းပေါင်း ကျပ် ၁၆,၀၀၀ ပေးမယ်၊ တွန်းဇံမြို့နယ်ကိုတော့ သူတို့စီးပွားရေး အစားထိုးပေးဖို့ နှစ်ဆလိုတာပေါ့၊ ဧကနဲ့ကတော့ တစ်ဧကကို ကျပ် ၁၅ သိန်းပေးဖို့လုပ်ထားတယ် အဲ့ဒီအတွက် အခုလုပ်ပေး နေတုန်းဖြစ်တယ်” ဟု ပြောသည်။

အဆိုပါ ထောက်ပံ့ရေးကို လာမည့် ဒီဇင်ဘာလအတွင်း ထောက်ပံ့ပေးနိူင်ဖို့ ကြိုးစားနေကြောင်း စည်ပင် ဝန်ကြီး ဦး စိုးထက် ကပြောသည်။

သူက “ကျွန်တော်အခု ဒီကိစ္စဖြစ်မြောက်နိူင်ဖို့ သွားနေတယ်၊ ဘယ်ချိန်ထောက်ပံ့ပေးနိူင်မလဲ ဆိုတာကတော့ ဒီဇင်ဘာလ မှာလုပ်ပေးနိူင်မယ်ထင်ပါတယ်။ မြို့နယ် ၉ ခုကို ဧက ၁၀၀ စီ ထောက်ပံ့ပေးမယ်၊ အကုန်လုံးက ဧက ၉၀၀ ဆိုတော့ တစ် ဧကကို ၁၅ သိန်းလောက်ဖြစ်မှာပေါ့၊ ဒါကတော့ အစိုးရအနေနဲ့ ပထမ plan ပေါ့” ဟု ပြောသည်။

ယင်းထောက်ပံ့ရေးရနိူင်ဖို့ ပြည်နယ်အစိုးကလည်း ဌာနဆိုင်ရာက စိစစ်ပြီးမှ လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ဝန်ကြီးက “စိုက်ပျိုးရေးဌာနရှိတယ်၊ မြေစာရင်းဌာန ရှိတယ်၊ သစ်တောဌာန ရှိတယ်၊ တစ်ခြားဌာနကလည်း စိစစ်ပြီးလုပ်မှာပေါ့၊ မြို့နယ်အဆင့် ချေးငွေထုတ်ပေးတဲ့ သူတွေက လုပ်ပေးရမှာပေါ့၊ ပြီးတော့ ကျွန်တော်တို့က အပေါင်ပစ္စည်းမပါပဲ လုပ်ပေးမယ်” ဟု ပြောသည်။

“အတိုးနူန်းကြတော့ ၁၃ ရာခိုင်နူန်းကနေ ၁၆ ထိတစ်နှစ်ကို ယူမယ်၊ အစိုးရ ဘဏ်ချေးနူန်းလိုပေါ့၊ ဒါပေမဲ့ သူတို့က သုံးနှစ်မှာပေးမယ်၊ နောက်အတိုးကိုကျတော့ သုံးလ တစ်ကြိမ်ပေးမယ်။ တစ်နှစ်စာ ဆိုရင်တော့ ၈.၅ ဖြစ်မှာပေါ့” ဟု ပြော်သည်။

ချင်းပြည်နယ်အတွင်းရှိ ပထမဆုံးဖြစ်သော ဝဥ ချောက်လှမ်းစက်ကို မင်တပ်မြို့နယ်တွင် တည်ရှိပြီး ချေးငွေ သိန်း ၂၀၀၀ သာရရှိသည့်အတွက် လိုအပ်တဲ့ စက်ကရိယာများ ဝယ်နိူင်ဖို့ရန် ချင်းပြည်နယ် အစိုးရက သိန်း ၁၀၀၀ စိုက်ပေးဖို့ စီစဉ်ထားကြောင်း သိရသည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...
April 28, 2026
မင်းတပ်မြို့နဲ့ ဆယ်မိုင်ကျော်အကွာသာရှိတဲ့ မကွေးတိုင်း၊ ကံကြီးကျေးရွာထဲကို စစ်ကော်မရှင်တပ်တွေက...
April 27, 2026
ချင်းလက်နက်ကိုင် ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖလမ်းမြို့ ကို အာဏာသိမ်းစစ်အုပ်စုက...