ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ IEC ကနေ အကျဥ်းသား (၁၁၇) ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့

ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ IEC ကနေ အကျဥ်းသား (၁၁၇) ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့

ဇွန်လ ၂၁ရက်နေ့မှာ ကျရောက်တဲ့ ကရင်နီအမျိုးသားနေ့ အထိမ်းအမှတ်အနေနဲ့ အကျဥ်းသား ၁၂ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ၁၀၅ ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ တရားရေးဌာန၊ ဌာနမှူးကြီး ခူတော်ရယ်အက်စ်က ပြောပါတယ်။

“နေ့ထူးနေ့မြတ်ဆိုပြီးတော့ ဆောင်ရွက်တာလည်းပါတယ်။ နောက်ပြီးတော့ လူသားချင်းစာနာနဲ့ ရည်ရွယ်ချက်တွေလည်း ပါတယ်ပေါ့နော။ နဂိုကတည်းက အကျဥ်းကျခံရတဲ့ အကျဥ်းသားတွေမှာ အကျဥ်းထောင်ထဲ သူတို့ အကျင့်စာရိတ္တတွေကို သူတို့ဘာသာသူတို့ ပြုပြင်တယ်။ နောက်ပြီးတော့ သူလွတ်မြောက်တဲ့အခါမှာ သူ့ဟာသူ ပြုပြင်မယ်။ နောက်ပြီးတော့ သူ အကျဥ်းကျနေချိန်အတွင်းမှာ လိမ္မာတယ်။ ဆိုရင် အဲဒီဟာက သူတို့အတွက် ဂုဏ်ချီးမြှင့်တဲ့ ဟာလည်း ပါတယ်ပေါ့နော။ ရည်ရွယ်ချက် အဲဒီဟာတွေ တစ်စိတ်တပိုင်းပါတယ်ပေါ့နော။”လို့ IEC ရဲ့ တရားရေးဌာန၊ ဌာနမှူးကြီး ခူတော်ရယ်အက်စ်က ပြောပါတယ်။

အခုလို IEC ကနေ အကျဥ်းသားတွေကို လွတ်ငြိမ်းခွင့်ပေးတာ ဒုတိယအကြိမ်ဖြစ်ပြီး ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့မှာလည်း ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ လွိုင်ကော်တက္ကသိုလ်ပါမောက္ခချုပ် ၊ ဒုတိယပါမောက္ခာချုပ် အပါအဝင် ဝန်ထမ်း ၅ ဦးကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။

၎င်းတို့အနေနဲ့ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်နဲ့အတူ ကရင်နီပြည်နယ်ရဲ့ ကြားကာလအစီအမံ ပုဒ်မ ( ၃၂ )၊ ပုဒ်မခွဲ (ခ) နဲ့ ပုဒ်မခွဲငယ် (၂) နဲ့ ကရင်နီပြည်နယ် ကြားကာလတရားစီရင်ရေး ဥပဒေပုဒ်မ – ၃၂ တို့အရ အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသား (၁၂) ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် နဲ့ (၁၀၅) ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်ကြောင်း ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က ဇွန်လ ၂၁ ရက်နေ့မှာ ထုတ်ပြန်ထားတာဖြစ်ပါတယ်။

လက်ရှိ အကျဉ်းထောင်တွေမှာ အကျဥ်းကျခံနေရတဲ့ အကျဥ်းသား ၂၀၀ ကျော် ကျန်ရှိသေးတယ်လို့လည်း သိရပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...