စစ်ရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်စပ်တွင် စပါးမစိုက်ပျိုးနိုင်သေး

စစ်ရေးအခြေအနေကြောင့် ရှမ်း-ကရင်နီနယ်စပ်တွင် စပါးမစိုက်ပျိုးနိုင်သေး

ရှမ်း-ကရင်နီနယ်စပ်ရှိ တောင်သူအချို့သည် လက်ရှိ မိုးရာသီ စိုက်ပျိုးချိန် ရောက်ရှိနေပြီဖြစ်သော်လည်း လုံခြုံရေး အခြေအနေကြောင့် စပါးမစိုက်ပျိုးနိုင်သေးကြောင်း စိုက်ပျိုးတောင်သူများက ပြောသည်။

ဒေသခံတောင်သူတစ်ဦးက “စိုက်တာတော့ စိုက်ချင်တာ‌ပေါ့။ ဒါပေမယ့် စားရလား၊ မစားရလား စိတ်က နှစ်ခွ၊ သုံးခွ ဖြစ်နေတယ်ပေါ့။ အခုချိန်နဲ့ဆိုရင် ပြေးရမယ်၊ လွှားရမယ် အဲ့ဒါလည်း တစ်မှု စဉ်းစားရတာပေါ့” ဟု ပြောသည်။

ရှမ်း-ကရင်နီနယ်စပ်ရှိ စစ်ရေးဧရိယာနှင့် နီးစပ်သည့် ကျေးရွာအချို့တွင် လယ်ယာခင်းများကို ထွန်ယက်ထား သော်လည်း လုံခြုံရေးအရ စပါးပြန်လည်စိုက်ပျိုးရန် အခက်တွေ့နေရကြောင်း ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း မိုးဗြဲမြို့အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်း၊ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲခြင်းနှင့် ဒရုန်းဖြင့် ကင်းထောက် ဗုံးကြဲခြင်း ဖြစ်စဉ်များကြောင့် တောင်သူများသည် လယ်ခင်းများသို့ သွားရောက် စပါးစိုက်ပျိုးရန် စိုးရိမ်နေကြခြင်း ဖြစ်သည်။

နှစ်စဉ် လယ်ယာစပါး စိုက်ပျိုးသည့် ကျေးရွာတစ်ရွာတွင်မူ ၁၀ ရာခိုင်နှုန်းခန့်က စပါးကို မစိုက်ပျိုးနိုင်ကြသေး ကြောင်း အဆိုပါ တောင်သူက ဆက်ပြောသည်။

စပါးမစိုက်ပျိုးနိုင်ရခြင်းမှာ လုံခြုံရေး အခြေအနေကြောင့် အပြင် စက်သုံးဆီစျေးနှုန်း မြင့်တက်လာခြင်းနှင့် စပါးစိုက်ရန် နေ့စားအလုပ်သမား ခေါ်ယူရာတွင် အဆင်မပြေမှုများကြောင့် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

အလားတူ တောင်သူအချို့မှာလည်း စိုးရိမ်မှုများကြားမှ စပါးစိုက်ပျိုးနေရကြောင်း လက်ရှိ စိုက်ပျိုးနေသည့် တောင်သူတစ်ဦးက ပြောသည်။

“ဒရုန်းတွေဝဲတာတို့ အခုအခြေအနေကြောင့် စပါးတွေ စိုက်သာစိုက်ကြတာ၊ စားရလား၊ မစားရလားလည်း သေချာမသိတဲ့ အခြေအနေတွေကို ကြုံနေရတာ” ဟု ပြောသည်။

ယခု ၂၀၂၆ ခုနှစ် စိုက်ပျိုးရာသီတွင် ဒေသတွင်း စစ်ရေးအခြေအနေများကြောင့် စပါးစိုက်ပျိုးနိုင်သည့် ဧရိယာ သည် ပြီးခဲ့သည့်နှစ်ထက် ကျဆင်းလာကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ကလည်း ထုတ်ဖော်ပြောဆိုထားသည်။

ရှမ်း-ကရင်နီနယ်စပ်ရှိ တောင်သူများသည် မိမိတို့ မိသားစု စားသုံးရန်အတွက်လည်းကောင်း၊ စီးပွားဖြစ် ရောင်းချ ရန်အတွက်လည်းကောင်း နှစ်စဉ် စပါးကို အဓိက စိုက်ပျိုးကြခြင်း ဖြစ်သည်။

ကရင်နီပြည်၊ မယ်စဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ခူးဆွတ်ထားသည့် ဖရုံရွက်များ ကို ကိုင်ဆောင်ကာ နေအိမ်သို့ ပြန်လာသည့် အမျိုးသမီးတစ်ဦး
August 28, 2026
ကရင်နီပြည်၏ ကျေးရွာများနှင့် အလှမ်းဝေးသော ရပ်ကွက်အေ (အမည်လွှဲ) ဟု ခေါ်သည့် နေရာလေးတစ်ခုတွင်...
August 28, 2026
၂၀၂၁ ခုနှစ် စစ်အုပ်စုတပ် အာဏာသိမ်းပြီးနောက် ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ဝန်းကျင်သည် အကြောင်း...
August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...