ကြို့ပင်ကောက်တွင် စစ်အုပ်စုတပ်စွဲထားသဖြင့် ဒေသခံရွာသားများ နေရပ်မပြန်နိုင်

ကြို့ပင်ကောက်တွင် စစ်အုပ်စုတပ်စွဲထားသဖြင့် ဒေသခံရွာသားများ နေရပ်မပြန်နိုင်

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည် ဇူလိုင်လ ၁၀ ရက်နေ့ အထိ ကျေးရွာအတွင်း တပ်စွဲထားဆဲဖြစ်သဖြင့် ဒေသခံများမှာ နေရပ်သို့ ပြန် မဝင်ရဲသေးဘူးဟု ပြောသည်။

အဆိုပါစစ်ကြောင်းသည် ဇူလိုင်လ ၈ ရက်နေ့က ကြို့ပင်ကောက်မြို့နယ် အရှေ့မြောက်ဘက်ရှိ ကျခတ်တန်းကြီးကျေးရွာအတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုနေ့ မွန်းလွဲပိုင်းတွင် လယ်ထဲမှ ပြန်လာသည့် အသက် ၅၈ နှစ်အရွယ် ဦးကြည်စိုးကို စစ်အုပ်စုက ပစ်ခတ်သတ်ဖြတ်ခဲ့သည်။

ကြို့ပင်ကောက်မြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက “ကျခတ်တန်းကြီးရွာမှာ ထိုင်နေတုန်းပါပဲ။ အရင်ရက် ၈ ရက်နေ့က လယ်ထဲကပြန်လာတဲ့ တောင်သူတစ်ဦးကို ပစ်သတ်ပြီး အဲဒီရွာထဲ မှာပဲ ဆက်ထိုင်နေတုန်းပါ။ အခြေအနေကတော့ တဖြည်းဖြည်းချင်း အရှေ့ဘက်ရွာတွေကို ဆက်ထိုးဖို့ အနေ အထားရှိပါတယ်” ဟု ပြောသည်။

စစ်အုပ်စုတပ် ဝင်ရောက်လာချိန်မှစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ၎င်းတို့၏ စစ်ကြောင်းကြောင့် ကျခတ်တန်းကြီး၊ ဆင်ပိုက်၊ မင်းဝ၊ စိန်ချောင်း၊ ကျွဲသေ၊ သေနတ်ကွင်း၊ သရက်ကုန်းနှင့် မြို့ကိုင်းကျေးရွာတို့ အပါအဝင် ကျေးရွာပေါင်း ရှစ်ရွာကျော်မှ ဒေသခံများမှာ တောင်ခြေဘက်သို့ တိမ်းရှောင်နေကြရသည်။

“ပြေးလာတဲ့အချိန် အမိုးအကာတွေ၊ စောင်၊ ခြင်ထောင်တွေ မသယ်လာနိုင်တဲ့သူများတော့ မိုးရာသီ ခြင်က ကိုက်၊ ခက်ခဲမှုက များတယ်။ စစ်ရှောင်တွေက တစ်စုတည်းလည်း နေမရတော့ အဆင်ပြေရာ တောင်ခြေက နေရာတွေမှာ ဖြစ်သလိုနေနေကြရတယ်။ ရိက္ခာလည်း အခက်အခဲရှိပါတယ်။ အပြင်ထွက်ရှောင်ကြရတော့ ရိက္ခာ၊ ဆေးဝါးတော့ အခက်အခဲရှိတယ်။ ရက်ကြာလာတာနဲ့အမျှ ကျန်းမာရေး အထောက်အကူတွေ လိုလာပါတယ်” ဟု အဆိုပါတာဝန်ရှိသူက ဆက်လက်ရှင်းပြသည်။

လက်ရှိတွင် မိုးရာသီကာလအတွင်း ရောက်ရှိနေသဖြင့် စစ်ဘေးရှောင်ပြည်သူများ အတွက် အမိုးအကာများ၊ ရိက္ခာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးအကူအညီများ အရေးတကြီး လိုအပ်လျက်ရှိသည်။

ပစ်သတ်ခံလိုက်ရသည့် ဦးကြည်စိုးမှာ လယ်လုပ်ငန်းခွင်အတွင်းရှိနေစဉ် စစ်ကြောင်းကိုမြင်၍ ထွက်ပြေးစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သွေးလွန်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...