ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းမှာ ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးဝါးလုံလောက်မှုမရှိ

ဒီးမော့ဆို၊ ဖရူဆိုမြို့နယ်အတွင်းမှာ ငှက်ဖျားရောဂါဖြစ်ပွားနေပြီး ဆေးဝါးလုံလောက်မှုမရှိ

ကရင်နီပြည်၊ ဒီးမော့ဆို နဲ့ ဖရူဆိုမြို့နယ်အတွင်းမှာ ဒေသခံနဲ့ စစ်ဘေးရှောင်တွေဟာ ငှက်ဖျားရောဂါအဖြစ်များနေကြပြီး ဆေးဝါးလုံလောက်မှု မရှိဘူးလို့ ကျန်းမာရေးကူညီစောင့်ရှောက်ပေးသူတွေက ပြောပါတယ်။

ငှက်ဖျားရောဂါအမျိုးအစားဖြစ်တဲ့ Plasmodium Vivax (P.V) နဲ့ Plasmodium falciparum (P.F) အဖြစ်များနေကြတယ်လို့ သိရပါတယ်။

” ဒီမှာကတော့ PV အဖြစ်များတယ် ၊ ဒီးမော့ဆိုမှာတော့ PV နဲ့ PF လည်းဖြစ်တယ်။ စစ်လိုက်ရင် မပေါ်ပေမယ့် လက္ခဏာတော့ ပြနေတယ်။ ခြင်အရမ်းကိုက်တာပေါ့နော ၊ ဒီမှာတော့ ခြင်ထောင်လည်းမလောက်ဘူးပေါ့၊ ဆေးလည်းမရှိဘူး။ တခြားအဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး လာလှူပေးရင်တော့ ပိုပြီး ကာကွယ်နိုင်တာပေါ့နော။” လို့ ဖရူဆိုမြို့နယ်က ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ဒီးမော့ဆို ၊ ဖရူဆိုမြို့နယ်အတွင်းမှာ ၂၀၁၈ခုနှစ်မှာ ငှက်ဖျားရောဂါ ကင်းစင်ခဲ့ပြီး ၂၀၂၂ခုနှစ်မှာတော့ ငှက်ဖျားရောဂါ ပြန်လည် အဖြစ်များလာကြတယ်လို့ ဆိုပါတယ်။

” လက္ခဏာပြတာကတော့ များတာပေါ့နော။ ၃၂ယောက်လောက်ပေါ့ PV Positive ထွက်တာက ၁၆ ယောက်အထိပေါ့။ PV ၊ PV ရောပြီးဖြစ်တာက ၂ ဦးပေါ့။ ဒါက ဒီးမော့ဆိုအရှေ့ခြမ်း လက်လှမ်းမှီတဲ့နေရာပဲပေါ့။ PV ပိုများတယ် အရင်လက ပိုများတယ်။ ဒီတစ်လ က နည်းနည်းပိုသက်သာတယ်။ ဆေးက လုံလောက်မှုမရှိဘူးပေါ့။” လို့ ဒီးမော့ဆို အရှေ့ဘက်ခြမ်းက ကျန်းမာရေးဆရာမတစ်ဦးက ပြောပါတယ်။

ငှက်ဖျားရောဂါအတွက် ဆေးဝါးလုံလောက်မှုမရှိသလို အကာအကွယ်ပေးနိုင်တဲ့ ခြင်ထောင်တွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။

ငှက်ဖျားရောဂါအမျိုးအစား လေးမျိုးအနက် ကရင်နီပြည်မှာတော့ PV၊ PF အမျိုးအစား အဖြစ်များနေကြပြီး ပြီးခဲ့တဲ့ မေလအတွင်းမှာတော့ ဒီးမော့ဆို အရှေ့ဘက်ခြမ်း နဲ့ ဖရူဆိုမြို့နယ် အရှေ့တောင်ဘက်ခြမ်းမှာ ငှက်ဖျား PV အမျိုးအစားဖြစ်ပွားသူ အနည်းဆုံး (၃၅)ဦးထိ ရှိခဲ့ပါတယ်။ ယခုဇွန်လအတွင်းမှာ ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ ၄ ဦး၊ ဖရူဆိုမြို့နယ်တောင်ဘက်ခြမ်းမှာ ၂ ဦး၊ ငှက်ဖျား Positive လက္ခဏာတွေ့ရတယ်လို့ ကျန်းမာရေးစောင့်ရှောက်ပေးသူထံကနေ သိရှိရပါတယ်။

Sha Dow ( Facebook)
May 16, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာရှိတဲ့ သီလရှင်ကျောင်းကို စစ်ကော်မရှင်တပ်က မေလ...
ကန္တာရဝတီတိုင်း ( မ် ) ၊ CTER - Karenni
May 14, 2026
ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ်...
May 13, 2026
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့...
ကရင်နီဆေးကောလိပ် (Karenni Medical College - KMC)
May 12, 2026
ကရင်နီပြည်မှာ ဖွင့်လှစ်ထားတဲ့ ကရင်နီဆေးကောလိပ် (Karenni Medical College - KMC) ရဲ့ အပတ်စဉ် (၃)...