စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ယမ်းငွေ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မူးဝေအော့အန်မှုဖြစ်ပွား

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ယမ်းငွေ့ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မူးဝေအော့အန်မှုဖြစ်ပွား

ကရင်နီပြည်၊ ဖားဆောင်းမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး၊ လက်နက်ငယ်ယမ်းငွေ့ကို ရှုမိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ မူးဝေအော့အန်မှု ဖြစ်ပွားနေကြတယ်လို့ သိရပါတယ်။

ဖားဆောင်းမြို့က စစ်ကောင်စီတပ်ရဲ့ တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ချိန်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ပြီး တပ်ဖွဲ့ဝင်တွေဟာ အသက်ရှုရာမှာ ခေါင်းမူးဝေပြီး အော့အန်တဲ့အထိ ဖြစ်ပွားခဲ့ကြတယ်လို့ ကရင်နီပြည်တပ်မတော်(KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။

“မိမိပူးပေါင်းတပ်မှ ဖားဆောင်း စကစ (စစ်ကောင်စီ) တပ်စခန်းကို ဝင်ပစ်တိုက်လိုက်တဲ့အချိန်မှာ စကစမှ ပစ်ခတ်လာသော လက်နက်ကြီး၊ လက်နက်ငယ်တွေကြောင့် အသက်ရှုရင် ခေါင်းမူးဝေ၊ အော့အန်တာ ဖြစ်ကုန်တယ်။ အဆိပ်က ယမ်းငွေ့ဖြစ်တယ် အမျိုးအစားတော့ မသိရဘူး။” လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ထိခိုက်မှုများပြားလာတဲ့အခါ တနည်းမဟုတ်တနည်း အသုံးပြုပြီး တိုက်ခိုက်လာလေ့ရှိတယ်လို့ ဗိုလ်မှုးကြီးဘုန်းနိုင်က ပြောပါတယ်။ ပြင်းထန်တဲ့ အဆိပ်ငွေ့မဟုတ်တာကြောင့် လက်ရှိမှာ တပ်ဖွဲ့ဝင်တွေဟာ ပြန်လည်ကောင်းမွန်လာကြပြီဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

“ တယောက်ရန်သူက တယောက်သတ်ကြတယ်ဆိုမှတော့ သုံးမှာဘဲ။ ရှုံးပွဲများလာရင် သူတို့(စစ်ကောင်စီတပ်) က သုံးတယ်။ အပြင်းတော့မသုံးရဲဘူး။ ပြန်ကောင်းလာကြပါပြီ။ အချဉ် နဲ့ ရေဘဲ ပြန်သုံးတယ်။ ကြီးကျယ်တဲ့ အဆိပ်တော့ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။” လို့ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

ဖားဆောင်းမြို့တွင်းတိုက်ပွဲဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်ကတည်းက စတင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကနေ သိရှိရပါတယ်။ မြို့တွင်းခံတပ်စခန်း ၂ ခုဖြစ်တဲ့ ခလရ ၁၃၄ ၊ ၁၃၅ နှစ်ခု ကျန်ရှိနေပြီး ခမရ ၅၃၁ ဖရူဆို၊ တမခ (၆၆)လက်အောက် ခလရ (၁)နဲ့ ခလရ(၁၄)တို့ စစ်ကူအဖြစ် ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

ဖားဆောင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စခန်း ( ၉ ) ခုရှိတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်( KNDF ) ရဲ့ မတ်လ ၂၃ ရက်နေ့ထုတ်ပြန်ချက်အရ သိရပါတယ်။

Most read this week

Photo credit - CJ
December 9, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ကော်မရှင် တပ်စွဲထားတဲ့ ပတ်ဝန်းကျင်တွေရှိ...
Photo credit - CJ
December 8, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်း နှစ်ခုမှာ အိမ်ရှင်မတွေရဲ့...
December 4, 2025
ကရင်နီပြည် နဲ့ ရှမ်း-ကရင်နီ နယ်စပ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့်...
December 3, 2025
ကရင်နီမှာ စစ်ကော်မရှင်တပ်ဟာ ဒရုန်းတွေကို အသုံးပြုပြီး အရပ်သားပြည်သူတွေကို ပစ်မှတ်ထား...