ဟိုပင်က အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးရန် KIO ထံ တောင်းဆိုထား

ဟိုပင်က အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အမှုကို နှစ်ပတ်အတွင်း ဖြေရှင်းပေးရန် KIO ထံ တောင်းဆိုထား
KIA တပ်ရင်း ၄၁ နေရာမှာ သတ်ဖြတ်ခံလိုက်ရတဲ့ လင်မယား ၂ ဦး
KIA တပ်ရင်း ၄၁ နေရာမှာ သတ်ဖြတ်ခံလိုက်ရတဲ့ လင်မယား ၂ ဦး

မိုးညှင်းမြို့နယ် ဟိုပင်မြို့ အရှေ့ဘက်ခြမ်း ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၈၊ တပ်ရင်း ၄၁ နယ် မြေတွင် KIA တပ်သားတစ်ဦးနှင့် သူ၏ဇနီးဖြစ်သူ အဓမ္မပြုကျင့် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမှုကို ဇွန်လ အတွင်း အပြီးဖြေရှင်းပေးရန် KIO/KIA ထံ တောင်းဆိုထားသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

သတ်ဖြတ်ခံရသည့် မိသားစုဝင်များနှင့် အမှုလိုက်ပါဆောက်ရွက်ပေးနေသော ဒေသတာဝန်ရှိသူများသည် အခင်း ဖြစ်ပွားခဲ့သော နေရာသို့ သွားရောက်ခဲ့ပြီးနောက် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည် ဟု လိုက်ပါဆောင်ရွက် ပေးသည့် ဟိုပင် ဒေသခံတစ်ဦးက KNG ကို ပြောသည်။

“ကျနော်တို့က ဒီအမှုနဲ့ပတ်သက်ပြီး ဒီဇွန်လ မကုန်ခင် အဖြူမဲအကုန် ရှင်းလင်းစေချင်တယ်။ ဟိုဘက် ဇူလိုင်လ ကူးသွားတဲ့အထိ မကြာစေချင်ဘူး။ အဲ့ဒီထက် ကြာသွားပြီဆိုရင်လည်း မဖြစ်သင့်တာတွေဖြစ်လာနိုင်တယ်။ အဲ့ လိုလည်း မဖြစ်စေချင်ဘူး။ အဲ့ကြောင့် ဒီ ၂ ပတ်အတွင်းမှာပဲ ရှင်းလင်းပေးဖို့ ပြောထားတယ်။ ဘာလို့လဲဆိုတော့ တခြားနေရာတွေမှာ ဖြစ်တဲ့ အမှုတွေဆို မဖြေရှင်းပဲ အချိန်ဆွဲဆန့်ထားတဲ့ဟာတွေ မြင်နေရတယ် အဲ့လို မဖြစ်ချင် ဘူး။ အမြန်ဖြေရှင်းပေးစေချင်တယ်” ဟု ပြောသည်။

တောင်းဆိုချက်များမှာ သတ်ဖြတ်ခံရသည့် မိသားစုဝင်များကို တရားမျှတမှုရရှိအောင် အမှုမှန် ဖြေရှင်းပေးရန်၊ ပြစ်မှုကျူးလွန်သူကို ထိရောက်စွာအရေးယူပေးရန်နှင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြည်သူလူကို ရှင်လင်း တင်ပြ ပေးရန် စသည့် အချက်တို့ဖြစ်သည်။

“နစ်နာသွားတဲ့ မိသားစုဝင်တွေအတွက် တာဝန်ယူပေးရမယ်ဖြစ်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒီလင်မယား ၂ ယောက်က ကလေးငယ် ၂ ယောက်ကျန်ရှိခဲ့တယ်။ ဒီကလေးတွေအတွက် ထိရောက်မှုရှိအောင် တာဝန်ယူပေးဖို့၊ ပြီးရင် ပြစ်မှုကျူးလွန်ထားတဲ့ သူကိုလည်း ပြည်သူတွေလက်ခံနိုင်တဲ့အထိ အရေးယူပေးဖို့၊ နောက်ဒီဖြစ်စဉ် ကြောင့် KIO/KIA အနေနဲ့လည်း ဂုဏ်သိက္ခာပိုင်းတွေ ကျဆင်းသွားမှာဖြစ်တယ် အဲ့ကြောင့် ဒါကိုလည်း ရှင်းလင်း ပေးဖို့ တောင်းဆိုထားတယ်” ဟု အမှုတွင်လိုက်ပါ ဆောင်ရွက်ပေးနေသူက ပြောသည်။

မိသားစုဝင်များ၏ တောင်းဆိုချက်ကို အမြန်ဆုံး ကောင်အထည်ဖော်ဆောင်ရွက်ပေးမည်ဟု KIO ဘက်က အကြောင်းကြားထားသည်ဟုလည်း ပြောသည်။

ပြစ်မှုကျူးလွန်းထားသည့် အသက် ၄၀ ကျော်အရွယ် ဦးကျော်ထွန်းဦး ကိုယ်တိုင်ကလည်း ပြစ်မှုနှင့် ပတ်သက်၍ ဝန်ခံထားပြီး သူနှင့်အတူ ဆက်စပ်သူ ၃ ဦးကိုလည်း KIA ဘက်က ဖမ်းဆီးထားသည်။

ဇွန်လ ၁၁ ရက်နေ့ ညတွင် သတ်ဖြတ်ခံရသည့် လင်းမယား ၂ ဦးနှင့်အတူ ပြစ်မှုကျူးလွန်သူ ဦးကျော်ထွန်းဦးတို့ ၃ ဦးသည် KIA တပ်ဖွဲ့၏ ယာယီဆေးကုသည့် တဲစခန်းတွင် အတူရှိခဲ့ပြီးနောက် ညသန်းခေါင်တွင် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သတင်းရင်းမြစ်များက ပြောသည်။

အမျိုးသားအား နောက်ကျောတွင် ပုဆိန်ဖြင့် အချက်ပေါင်းများစွာ ခုတ်သတ်ထားပြီး အမျိုးသမီးဖြစ်သူကို အဓမ္မ ပြုကျင့်ကာ သူမ၏ ဝမ်းဗိုက်နှင့် ရင်သားများတွင် ဓါးဖြင့် ထိုးသတ်ထားသည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...