စစ်ရှောင်ရက် ကြာမြင့်လာသည့် ဆားလင်းကြီး စစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ

စစ်ရှောင်ရက် ကြာမြင့်လာသည့် ဆားလင်းကြီး စစ်ရှောင်များ စားဝတ်နေရေးခက်ခဲလာ

စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ ဒေသခံပြည်သူများ သုံးထောင် ကျော်က စစ်ရှောင်ကာလ ၁၀ ရက်ကျော်ခန့်ကြာမြင့်လာပြီဖြစ်သည့်အတွက် စားဝတ်နေရေးပိုမို ခက်ခဲလာ ကြောင်း အညာပစ်တိုင်း ထောင်လေးများအဖွဲ့ထံမှ သိရသည်။

ဇွန်လ ၉ ရက်နေ့ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက်ခဲ့သည့် နောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့သည် ညောင်ပင်ကြီးကျေးရွာအုပ်စုကို ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဒေသခံ ၃၀၀၀ ကျော်က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရာ လက်ရှိတွင် နေရပ်မပြန်နိုင်သေးဘဲ အခက်အခဲ ကြုံတွေ့နေရကြောင်း ပြောသည်။

အညာပစ်တိုင်း ထောင်လေးများအဖွဲ့ တာဝန်ရှိသူတစ်ဦးက “စစ်ဘေးရှောင်က လက်ရှိ၃၀၀၀ကျော်လောက် ရှိ တယ်။ နေရပ်မပြန်နိုင်ပဲ စစ်ဘေးရှောင်နေရတာ ၁၀ရက် ကျော်လာပြီ တစ်ချို့ဆိုရင် ဘာမှမသယ်နိုင်ပဲ ခြေဗလာ နဲ့ ပြေးခဲ့ရသူတွေလည်းရှိတယ် အဲ့တော့ စစ်ဘေးရှောင်တွေက တော်တော်လေး ခက်ခဲနေကြတယ်” ဟု ပြော သည်။

စစ်ရှောင်များသည် နီးစပ်ရာဆွေးမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းနေရာများ၊ တောတောင်များတွင် ယာယီ စခန်းများဆောက်လုပ်ကာ ခိုလှုံတိမ်းရှောင်နေရကြောင်း စစ်ရှောင်ကူညီသူများက ပြောသည်။

လက်ရှိ တိမ်းရှောင်နေသည့် ယာယီစခန်းများတွင် ရက်ရှည်လာပြီး အမိုးအကာမရှိဘဲ တိမ်းရှောင်နေရသည့် အတွက်ကြောင့် ဖျားနာသူပိုမိုများပြားလာသည်ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ယခုကဲ့သို့ ဆက်ဆိုသည်။

“စစ်ဘေးရှောင်တွေက လက်လုပ်လက်စားတွေများတယ် အလုပ်လည်းမရှိတော့ ပိုက်ဆံမရှိဘူးလေ။ စစ်ဘေး ရှောင်ရတာ ရက်လည်းကြာလာတော့ ဖျားနာတာတွေလည်း ရှိလာတယ်။ ပိုက်ဆံလည်းမရှိ အလုပ်ကလည်း မရှိ တော့ ဖျားနာရင်တောင် ကုသဖို့တောင် မရှိတာတွေ ကြုံနေရပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်များသည် ညောင်ပင်ကြီးကျေးရွာအုပ်စုမှ သိမ်တော်၊ ထန်းတော၊ နှင်းတော၊ အိုမ၊ အမှတ် ၃၊ ရွာရှည် စသည့်ကျေးရွာများမှ ဒေသခံများဖြစ်ကြသည်။

ညောင်ပင်ကြီးကျေးရွာအုပ်စုသည် ဆားလင်းကြီးမြို့နှင့် ၁၀မိုင်အကွာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းတွင် တည်ရှိသော ကျေးရွာအုပ်စုကြီး တစ်ခုဖြစ်ပြီး လက်ရှိမှာနေအိမ် ၁၀၀ ကျော်ထက်မနည်းမီးရှို့ဖျက်ဆီးခံ ထားရ သည်ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ထံမှ သိရသည်။

July 11, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာတွင် ဖမ်းဆီးခံခဲ့ရသည့် ပြည်သူများအားလုံး ပြန်လည် လွတ်...
July 9, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကုန်တင်ယာဉ်များ ပိတ်မိနေသည်မှာ ၁၀ ရက်မြောက်...
July 9, 2026
ကချင်ပြည်၊ မိုးကောင်းမြို့၊ ဆားမှော်ကျေးရွာရှိ KBC ဘုရားကျောင်းအတွင်းသို့ စစ်တပ် လက်အောက်ခံ...
July 8, 2026
ရှမ်းပြည် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်း KTV ဆိုင်များ၊ လောင်းကစားရုံများနှင့်...