ဗန်းမောက်တွင် SNA တပ်သား အလောင်း ၆ လောင်းတွေ့ရှိ

ဗန်းမောက်တွင် SNA တပ်သား အလောင်း ၆ လောင်းတွေ့ရှိ
ဗန်းမောက်နယ်တွင် ရှမ်းနီးအမျိုးသားတပ်မတော် SNA တပ်သား ၆ ဦး၏ ရုပ်အလောင်းများ၏
ဗန်းမောက်နယ်တွင် ရှမ်းနီးအမျိုးသားတပ်မတော် SNA တပ်သား ၆ ဦး၏ ရုပ်အလောင်းများ၏

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်တွင် ပုပ်ပွနေသည့် SNA တပ်သား ရုပ်အလောင်း ၆ လောင်း တွေ့ရှိခဲ့သည်ဟု Banmauk Revolution BR အဖွဲ့ တာဝန်ရှိသူက ပြောသည်။

ရုပ်အလောင်းများကို ဗန်းမောက်မြို့နယ် အနောက်ဘက် ဆိတ်စခူမှော်အနီးတွင် နယ်မြေရှင်းလင်းရေး ဝင် ရောက်ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ပုပ်ပွကာအရိုးစုများပင် ဖြစ်နေခြင်းကြောင့် မြေမြုပ်သင်္ဂြိုဟ်ပေးခဲ့ရသည် ဟု Banmauk Revolution-BR အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

Banmauk Revolution-BR တာဝန်ရှိသူတစ်ဦးက “ဧပြီလက ဖြစ်ခဲ့တဲ့တိုက်ပွဲကရုပ် အလောင်းတွေပါ အလောင်း က ၆ လောင်းတွေ့ခဲ့တာပါ။ ၅ရက်နေ့က နယ်မြေ ရှင်းလင်းရေး လုပ်ရင်းတွေ့ခဲ့တာပါ။ ရုပ်အလောင်းတွေက ပုပ် ပွပြီး အရိုးစုတွေဖြစ်နေလို့ မြေမြုပ်ပေးခဲ့ပါတယ်” ဟု ပြောသည်။

အဆိုပါ ရုပ်လောင်းများကို Banmauk Revolution-BR အဖွဲ့က မေလ ၅ ရက်နေ့တွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

၎င်းတို့ တွေ့ရှိခဲ့သည့် ရုပ်အလောင်းများသည် ပြီးခဲ့သည့် ဧပြီလ ၂၇ ရက်နေ့က SNA ပူးပေါင်းတပ်နှင့် ကာကွယ် ရေးတပ်ဖွဲ့များ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်းကျဆုံးခဲ့သည့် ရုပ်အလောင်းများဖြစ်ပြီး ဝတ်ထားသည့် ယူနီဖောင်းများအရ SNA တပ်သားများဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု သူကဆက်ပြောသည်။

အဆိုပါ တိုက်ပွဲတွင် SNA ပူးပေါင်းတပ်ဘက်က အကျအဆုံးများခဲ့ကာ ကာကွယ်ရေးတပ်ဘက်ကမူ ၂ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ဧပြီလ ၂၈ ရက်နေ့က Banmauk Revolution-BR အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

ဧပြီလမှ စတင်ကာ မေလ ၉ ရက်နေ့အထိ စစ်ကောင်စီ ပူးပေါင်းတပ်များနှင့် ကာကွယ်ရေးတပ်များ အကြား စစ်ရေးတင်းမာခဲ့သည့်အပြင် မေလ ၁၂ ရက်နေ့ (ယနေ့) နေ့လည်ပိုင်းတွင်လည်း SNA တပ်မတော်ဘက်က ဗန်းမောက်အနောက်ခြမ်း မံစီဒေသထဲရှိ ကျေးရွာများမှ ဒေသခံအမျိုးသားများကို စစ်သင်တန်းတက်ရမည် ဟု ဆိုကာ ကားသုံးစီးဖြင့် ခေါ်ဆောင်သွားခဲ့သည်ဟု Banmauk Revolution-BR မှ တာဝန်ရှိသူက ယခုကဲ့သို့ ဆက်ပြောသည်။

“ဒီရက်ပိုင်းတော့ စစ်ရေးကတော့ အေးဆေးပါပဲ။ ဗန်းမောက်အနောက်ခြမ်း မံစီဒေသတစ်ဝိုက်က ရွာတွေမှာ တော့ SNA က စစ်သင်တန်းတက်ရမယ်ဆိုပြီး ကားသုံးစီးနဲ့ အတင်းခေါ်သွားတာတွေတော့ရှိတယ်ဗျ” ဟု ပြော သည်။

ထို့အပြင် ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ဗန်းမောက် အနောက်ခြမ်းရှိ ကျေးရွာများက ဒေသခံ တစ်သောင်းနီပါး ဘေးလွှတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ဒေသခံများက ပြောသည်။

July 16, 2026
ကချင်ဒေသရှိ စစ်ဘေးရှောင်စခန်းများတွင် အမျိုးသမီးများ ကိုယ်တိုင် ဝင်ငွေရှာဖွေနိုင်မည့်...
July 15, 2026
မန္တလေး - မြစ်ကြီးနား ပြည်ထောင်စုလမ်းမကြီး၏ ကသာ–နဘားလမ်းပိုင်းတွင် မော်တော်ယာဉ်အချို့ ပြန်လည်...
July 14, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း ဧရာဝတီမြစ်ကူး ဇက်ဆိပ်များကို စစ်တပ်က တစ်ပတ်ကျော်ကြာ ပိတ်ထား...
July 14, 2026
ကချင်ပြည်၊ မြစ်ကြီးနားမြို့တွင် အသက်မပြည့်သေးသည့် ကလေးငယ်များ မူးယစ်ဆေးဝါး ရောင်းချနေ ကြကြောင်း...