ထိခိုက်မှု များနေသဖြင့် ကျောက်ဖြူ စစ်မျက်နှာသို့ စစ်တပ် အင်အား ရာချီ ဖြည့်တင်း

ထိခိုက်မှု များနေသဖြင့် ကျောက်ဖြူ စစ်မျက်နှာသို့ စစ်တပ် အင်အား ရာချီ ဖြည့်တင်း
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)
ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)

တိုက်ပွဲများ ပြင်းထန်နေသည့် ရခိုင်ပြည်၊ ကျောက်ဖြူ စစ်မျက်နှာများတွင် စစ်တပ်က အကျအရှုံး များနေသဖြင့် လက်ရှိတွင် အင်အား ရာချီ အသစ် ဖြည့်တင်းကာ ခုခံနေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ ရက်နေ့မှ စတင်၍ ခလရ (၅၄၂)၊ (၅၄၃) တပ်ရင်းများမှတစ်ဆင့် အမှတ် (၃၂) ရဲတပ်ရင်း နှင့် တရုတ် စီမံကိန်းများ ရှိရာ မလကျွန်း ကျေးရွာဘက်သို့ အင်အားများ ဖြည့်တင်းနေခြင်း ဖြစ်သည်။

ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက “တစ်ရက်ကို အနည်းဆုံး စစ်ကား နှစ်စီးလောက် ရှိမယ်။ ကားတစ်စီး မှာ အနည်းဆုံး လူ ၂၀ ထက်မနည်း ပါတယ်၊ သွားတဲ့ နေရာကတော့ မလကျွန်းရွာနဲ့ ရဲတပ်ရင်းတို့ကို ခွဲသွားကြ တာ။ ကြည့်ရတာ ထိခိုက်သေဆုံးမှု များနေတဲ့ စစ်ကြောင်းတွေကို လူထပ်ပို့တာ ထင်တယ်” ဟု ပြောသည်။

ကျောက်ဖြူ တပ်ရင်းများမှတစ်ဆင့် ကုန်းလမ်းများကို အသုံးပြု၍ လူ၊ လက်နက် အင်အားများ ပို့ဆောင်နေသည့် အပြင် စစ်သင်္ဘောများဖြင့်လည်း ဓညဝတီ ရေတပ်ဌာနချုပ်နှင့် တောင်မော်ကြီး ရေတပ်စခန်းတို့သို့ အင်အား ဖြည့်တင်းလျက် ရှိသည်။

အဆိုပါ စစ်ရေး အင်အား ဖြည့်တင်းရာတွင် ဧရာဝတီတိုင်းမှ စစ်သင်္ဘောများဖြင့် အဓိက ပို့ဆောင်နေခြင်းဖြစ်ပြီး အချို့အချိန်များတွင် ကျောက်ဖြူ လေဆိပ်ကို အသုံးပြု၍ Y-12 လေယာဉ်များဖြင့်ပါ ထပ်မံ အင်အားဖြည့် ပို့ဆောင်နေခြင်း ဖြစ်သည်။

အခြား ကျောက်ဖြူ ဒေသခံ အမျိုးသားတစ်ဦးက “အခုနောက်ပိုင်း စစ်သင်္ဘောတွေဟာ မြို့ထဲက ဖောင်တော်မှာ ရော၊ င/လပွေ့ ရပ်ကွက်က ဆိပ်မှာပါ ကပ်ထားတယ်။ သင်္ဘောနဲ့ ပို့လာတဲ့ လူတွေကို ခလရ (၃၄) နဲ့ ခမရ (၅၄၂)၊ ခမရ (၅၄၃) တပ်ရင်းတွေမှာ လူခွဲပြီး ဖြန့်တယ်။ အဲဒီတပ်ရင်းတွေကနေတစ်ဆင့် လိုအပ်ပြီဆိုတာနဲ့ ရှေ့တန်းနေရာတွေကို အသုတ်လိုက် ပုံစံမျိုး စေလွှတ်နေတာ” ဟု ပြောသည်။

ကျောက်ဖြူ စစ်မျက်နှာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စတင်၍ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသော နေရာများကို စိုးမိုးရန် စစ်တပ်ဘက်က အင်အား အလွန်အကျွံ အသုံးပြု၍ တောက်လျှောက် ထိုးစစ်ဆင်နေ ခြင်းဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရမှု၊ ထွက်ပြေးမှုနှင့် လက်နက်ချ အညံ့ခံမှုများလည်း မကြာခဏ ရှိနေသည်။

လက်ရှိတွင် ကျောက်ဖြူမြို့နယ်ရှိ စနဲမြို့ အနီးဝန်းကျင်နှင့် မင်းပြင်၊ ချောင်းမြောင်၊ ဇိုင်ချောင်း ကျေးရွာများ၌ တိုက်ပွဲများ ပြင်းထန်နေပြီး စစ်အုပ်စုက လူလှိုင်းသဏ္ဍာန် စစ်ကြောင်းများ အသုံးပြု တိုက်ခိုက်နေ၍ သေဆုံး ဒဏ်ရာရမှု အမြောက်အမြား ရှိနေသည်။

“ကျောက်ဖြူမှာ တိုက်ပွဲစဖြစ်ကတည်းက သူတို့ (စစ်အုပ်စု) ဘက်က လတိုင်း ပုံမှန်လို အင်အားဖြည့်နေတာပဲ။ တစ်ခါတစ်လေဆို လူထောင်ဂဏန်း နီးပါးလောက်ထိကို သင်္ဘောတွေနဲ့ ပို့ထားတာ။ AA လက်ချက်နဲ့ ပြုန်းသွား လိုက်၊ အဲဒီ ပြုန်းတီးသွားနေတဲ့ နေရာမှာ ပြန်ပြီးတော့ အစားထိုးလိုက်နဲ့ ဒီလို အသေခံခိုင်းနေတာ” ဟု စစ်ရေး အခြေအနေ သိရှိသူ ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က စတင်ခဲ့သော ကျောက်ဖြူ တိုက်ပွဲကာလအတွင်း AA သည် မြို့ပေါ်နှင့် ၆ မိုင်ခန့်အကွာအထိ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည့်အပြင် စစ်အုပ်စု၏ (၅၄၂)၊ (၅၄၃) တပ်ရင်းများကို ပါ လက်နက်ကြီးများဖြင့် ပစ်ခတ် ခြိမ်းခြောက်နိုင်ခဲ့သည်။

သို့သော်လည်း ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် ထိန်းချုပ်နယ်မြေ အချို့ကို AA ဘက်က ပြန်လည် ဆုတ်ခွာပေးခဲ့ရပြီး ၂၀၂၆ ခုနှစ် အစောပိုင်းတွင် ထိုးစစ်အသွင် ပြန်လည် တိုက်ပွဲဖော်ဆောင်လာကာ နယ်မြေ အချို့ကို ပြန်လည် ထိန်းချုပ်လာနိုင်ခဲ့ခြင်း ဖြစ်သည်။

ဓါတ်ပုံ - (EPA/EFE) ရွှေသောင်ယံကမ်းခြေတွင် ပြုလုပ်ခဲ့သော စစ်အုပ်စု၏ စစ်ဆင်ရေး လေ့ကျင့်မှု။ (ပုံဟောင်း)

စက်တင်ဘာလ ၁၆ ရက်နေ့ စစ်တွေ-ပုဏ္ဏားကျွန်းအစပ် ကွမ်းတောင်နှင့် အမြင့်ကျွန်းကျေးရွာအနီး တိုက်ပွဲ၌ အာရက္ခတပ်တော်က ဖမ်းဆီးရမိခဲ့သော စစ်အုပ်စုတပ်ဖွဲ့ဝင်များ။ / AA Info Desk
September 21, 2026
ရခိုင်ပြည်အတွင်း ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ရရှိရေးအတွက် စစ်အုပ်စုတပ်က ကြည်း၊ ရေ၊ လေ...
စစ်အုပ်စုတပ်၏ ရေကြောင်းလေ့ကျင့်မှုတစ်ခု။ / Crd - cincds
September 21, 2026
ရခိုင်ပြည်၊ ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ မွတ်ဆလင် ငါးဖမ်းစက်လှေနှစ်စီးကို စစ်အုပ်စုတပ်၏...
ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအပြီးတွင် AA တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ / AA Info Desk
September 19, 2026
စစ်တွေစစ်မျက်နှာတွင် စစ်အုပ်စုတပ်၏ ထိုးစစ်ကို ခုခံတိုက်ခိုက်နေရာမှ အာရက္ခတပ်တော် (AA) က တန်ပြန်...
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေး လမ်းကြောင်းတစ်နေရာအား ၂၀၂၅ ခုနှစ် အတွင်းက တွေ့ရစဉ်။ / Photo Crd - DMG
September 19, 2026
အိန္ဒိယ - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းရှိ ခယ်ခုံဂိတ် အငြင်းပွားမှုတွင် ပါဝင်သည့်...